နှစ်သစ်မှာ ရက်ရက်ရောရောလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မင်းသား ကင်ဝူဘင်

Celebrity International News
နှစ်သစ်မှာ ရက်ရက်ရောရောလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မင်းသား ကင်ဝူဘင်

တောင်ကိုရီးယားမင်းသားချောကင်ဝူဘင်ကတော့ ပရဟိတအလှူနဲ့ နှစ်သစ်ကို အဓိပ္ပာယ်ရှိစွာ ကြိုဆိုလိုက်ပါတယ်။ မင်းသားကင်ဝူဘင်က ဆင်းရဲနွမ်းပါးတဲ့ လူနာတွေအတွက် ကုသမှုကုန်ကျစရိတ် ထောက်ပံ့ဖို့ ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ Seoul Asan Hospital က ဇန်နဝါရီ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဝူဘင်က အလှူအတန်းတွေမှာ ပါဝင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ။ ၂၀၁၄ ခုနှစ်မှာ လူသိသူမသိ စတင်လှူဒါန်းလာခဲ့ပြီး ကလေးကင်ဆာဝေဒနာရှင်တွေအတွက် ခွဲစိတ်မှုကုန်ကျစရိတ်တွေကို နှစ်စဉ်ထောက်ပံ့ပေးနေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ပြန်လည်ထူထောင်ရေးအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။


သူ့ရဲ့ပရဟိတအလှူက ဒီမှာတင်မပြီးသေးပါဘူး။ ၂၀၂၀ ခုနှစ်က COVID-19 နဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ နောက်ထပ် ဝမ် သန်း ၁၀၀ ကိုလာည်း အရှေ့ဘက်ကမ်းရိုးတန်းတောမီးလောင်ကျွမ်းမှုဒဏ်သင့် ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ လှူဒါန်းခဲ့ပါတယ်။

“ကင်ဝူဘင်က သူ့ရဲ့ကုသိုလ်ကောင်းမှုတွေ ဆက်လုပ်နေပြီး အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။ သူက လူအများအတွက် စံနမူနာဖြစ်လိမ့်မယ်” လို့ တာဝန်ရှိသူတစ်ဦးက ချီးကျူးပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ မင်းသားကင်ဝူဘင်က Netflix ရုပ်ရှင် “Military Prosecutor Doberman” ကို ရိုက်ကူးနေပါတယ်။ သူ ပါဝင်ထားတဲ့ “Alien + People Part 2” ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ Everything Will Come True အမည်ရတဲ့ ဇာတ်လမ်းတွဲသစ်မှာလည်း ပါဝင်ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။