‘2024’ ခု တစ်နှစ်တာလုံးအတွက်ကြံတိုင်းအောင် ၊ ဆောင်တိုင်းမြောက်ပြီးစိတ်သောကများ ကင်းဝေးရန် အထူးပြု ယတြာ

Astrology
‘2024’ ခု တစ်နှစ်တာလုံးအတွက်ကြံတိုင်းအောင် ၊ ဆောင်တိုင်းမြောက်ပြီးစိတ်သောကများ ကင်းဝေးရန် အထူးပြု ယတြာ

မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာမင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံကြပါစေခင်ဗျား

ယခု ဆရာ တင်ပေးမည့်ယတြာသည် ခုနှစ်သက္ကရာဇ်(2024) ခု တစ်နှစ်တာလုံးအတွက်၌ဆင်းရဲလွတ်ကင်း ငွေချမ်းသာခြင်းဘေးကင်း ရန်ကွာ စိတ်ချမ်းသာခြင်းချစ်သူရည်းစားနှင့်ပါတ်သက်ပြီး သူချစ် ၊ကိုယ်ချစ် ပျော်ရွှင်မှုများရရှိခြင်းအိမ်ထောင်ရေးကိစ္စများအတွက်စိတ်ချမ်းသာမှု ရရှိခြင်းလူအချင်းချင်း လိမ်လည် ၊လှည့်ဖြားမှုအမျိုးမျိုး ကင်းဝေးခြင်းအလှကုန် အလှပြင် ၊ အနုပညာ ၊ ကျောက် ၊ကား ၊ ကုန်မျိုးစုံရောင်းဝယ်မှုများအောင်မြင်ကျော်ကြားခြင်းလုပ်ငန်းစီးပွါးတိုးတက် လိုရာဆန္ဒများပြီးပြည့်စုံစေခြင်းဟူသော ကိစ္စအမျိုးမျိုးအတွက်အထောက်ပံ့ပြုစေမည့်ယတြာကောင်းတစ်ခုဖြစ်ပါတယ်။

နှစ်သစ်အစ(1) ရက်နေ့ဖြစ်သော’တနင်္လာနေ့’ ရက် အချိန်ခါကို အထူးပြုပြီး
တွက်ချက်ရေးသားဖေါ်ပြထားခြင်းဖြစ်၍ဆရာ့မိတ်ဆွေ (၇)ရက်သားသမီးများအားလုံးစိတ်ချမ်းမြေ့စေရန်အတွက် စေတနာရှေ့ထားပြီးဒါနပြု၍ တင်ပေးလိုက်ပါသည်။

ယတြာစီရင်ပြုလုပ်နည်း
လိုအပ်သော ပစ္စည်းများ

၁။ကြွေပန်းကန်ပြား (၁)ချပ်
၂။(၂၀၀)ကျပ်တန် တစ်ရွက်
၃။ဆန် (၃) ဆုပ်
၄။နှင်းဆီပန်း
၅။နှမ်းဆီ ဆီမီးခွက်

ကြွေပန်းကန်ပြားတစ်ချပ်တွင်
(၂၀၀) ကျပ်တန်တစ်ရွက်ကို ဖြန့်ခင်းပြီး
ဆန် (၃) ဆုပ်ထည့်ပါ။
ဆန်များကို ညီညီလေးဖြန့်ထားပြီး ဆန်ပေါ်တွင် နှင်းဆီပွင့်ဖတ်အနည်းငယ် ဝိုက်ပြီးထည့်ပါ။

အလယ်တည့်တည့်မှာ နှမ်းဆီ (အနည်းငယ်) ဆီမီးခွက် ထွန်းပါ။
ဘုရားဂုဏ်တော် (၉) ပါးဂါထာကို
(၉) ခေါက်တိတိရွတ်ဆိုပြီး မိမိလိုရာဆုတောင်းပါ။
ဤယတြာကို (2024) ခု ဒီဇင်ဘာလအထိ
လစဉ်လတိုင်း တနင်္လာနေ့တိုင်း (သို့မဟုတ်)
နေ့စဉ်ပုံမှန်လည်း ပြုလုပ်နိုင်ပါတယ်။

မနက် (၆) နာရီမှ နေ့လည် (၁၂) နာရီအတွင်း၌သာ ဤယတြာကို
အိမ် ဘုရားကျောင်းဆောင်မှာ
တိကျစွာ လုပ်ဆောင်ပေးပါရန်

တစ်နှစ်တာလုံးတွင် ယခု ယတြာတော်ကြီးကို လတိုင်းအထူးပြု လုပ်ဆောင်ပေးခြင်းဖြင့်
သောကကင်းပြီး စိတ်ချမ်းသာမှုများကို
ရယူပိုင်ဆိုင်မည်ဖြစ်ပါသည်

ရေးသားသူ –နက္ခတ်ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာသိန်းထူး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။