ကိုယ်ဝန်ဆောင်ကာလမှာ ခရမ်းသီးစားရင်ရမယ့် အကျိုးကျေးဇူး ၇ မျိုးနဲ့ သတိထားရမယ့်အချက်တွေ

Health Knowledge
ကိုယ်ဝန်ဆောင်ကာလမှာ ခရမ်းသီးစားရင်ရမယ့် အကျိုးကျေးဇူး ၇ မျိုးနဲ့ သတိထားရမယ့်အချက်တွေ

ခရမ်းသီးမှာ ထက်မြက်တဲ့အာနိသင်တွေရှိတာကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေ အသင့်အတင့်စားသုံးပေးမယ်ဆိုရင် သိသာတဲ့အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှ ခရမ်းသီးစားရင်ရမယ့်အကျိုးကျေးဇူး (၇) မျိုးကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

(၁)ခရမ်းသီးမှာကြွယ်ဝစွာပါဝင်တဲ့ ဖော်လစ်အက်ဆစ်ဟာ သန္ဓေသားမွေးဖွားလာတဲ့အခါ ကိုယ်အင်္ဂါချို့ယွင်းမှုဖြစ်ပွားနိုင်မယ့် ရာခိုင်နှုန်းကိုလျော့ချပေးပြီး သွေးနီဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကိုအထောက်အကူပြုပါတယ်။

(၂)သူ့မှာ ဗီတာမင် စီ၊ နိုင်ယာစင်၊ ဘီကွန်ပလက်စ် ၊ ဗီတာမင် အေ နဲ့ ဗီတာမင် အီး တွေ အများကြီးပါဝင်တာကြောင့် သန္ဓေသားကို ဖွံ့ဖြိုးကြီးထွားစေပြီး ကျန်းမာစေပါတယ်။

(၃)မိခင်လောင်းရဲ့ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ အစာအိမ်အချဉ်ပေါက်တာ ၊ အစာမကြေတာတွေကို သက်သာစေပြီး အစာကိုပိုမိုကြေညက်စေပါတယ်။

(၄)မိခင်လောင်းရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ဖျားနာတာနဲ့ ရောဂါကူးစက်မှုတွေကို လျှော့ချနိုင်မှာဖြစ်သလို သန္ဓေသားကိုလည်း စိတ်ပိုင်းဆိုင်ရာချွတ်ယွင်းမှုတွေ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

(၅)မိခင်လောင်းမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စ်ထရောတွေကို လျှော့ချပေးပြီး ကောင်းတဲ့ ကိုလက်စ်ထရောတွေကို မြှင့်တင်ပေးတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ဝေဒနာတွေ နဲ့ လေမဖြန်းအောင် ကာကွယ်ပေးပါတယ်။

(၆)သွေးအတက်အကျများတဲ့ မိခင်လောင်းတွေအတွက် အကောင်းဆုံးဆေးတစ်ပါးပါ။သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

(၇)ကိုယ်ဝန်ဆောင်ကာလဆီးချိုရောဂါခံစားရတဲ့ မိခင်လောင်းတွေအနေနဲ့ ခရမ်းသီးစားပေးခြင်းဖြင့် သွေးတွင်းသိကြားဓါတ် အတက်၊အကျဖြစ်ခြင်း၊ မတည်ငြိမ်ခြင်းမဖြစ်အောင် ကာကွယ်ထိန်းညှိပေးနိုင်ပါတယ်။

တစ်ဖက်မှာလည်း တန်ဆေးလွန်ဘေးဆိုသလို အများအပြားစားမိရင် ဆိုးကျိုးတွေဖြစ်ပေါ်နိုင်တာကြောင့် အလွန်အကျွံမစားမိအောင် သတိပြုဖို့တော့လိုပါလိမ့်မယ်။ခရမ်းသီးဟာ အအေးစာဖြစ်တဲ့အတွက် အစာမကြေတာ၊ လေထိုးလေအောင့်တာမျိုးတွေနဲ့ အက်ဆစ်ဓါတ်များတဲ့အတွက် ကိုယ်ဝန်နဲ့ပတ်သက်လို့ သက်သောင့်သက်သာမရှိတာမျိုးတွေ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

Credit-Little one Magazine (burmesebaby)

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။