“တစ်ပြိုင်နက်ထည်းပြုလုပ်မရသောယတြာများ”

Astrology
“တစ်ပြိုင်နက်ထည်းပြုလုပ်မရသောယတြာများ”

ကျွန်တော့်ရဲ့ ဗေဒင်မေးပရိသတ်က ကျွန်တော့်ကို အကြောင်းအရာမျိုးစုံ မေးတဲ့သူတွေ ပိုများကြပြီး လိုအပ်တဲ့ အဓိက အကြောင်းအရာပဲ မေးတဲ့သူက နည်းပါး ပါတယ် ။ ဒီအထဲကမှ ပြိုင်တူ တပြိုင်ထည်းလုပ်လို့မရတဲ့ ( ကောင်းကျိုးမရှိ ၊ ဓါတ်ခိုက်စေတတ်တဲ့ ယတြာ ) တွေကိုလည်း မကြာခဏ မေးမြန်းလာကြတာကို တွေ့ရပါတယ် ။

ဒီအခါမျိုးတွေမှာ ကျွန်တော် အကြိမ်ကြိမ် နားချပြောပေးပေမယ့်လည်း သူတို့အနေနဲ့ လက်မခံကြတာ တွေ့ရပါတယ် ။ တချို့ဆို “ဆရာက လုပ်မပေးချင်လို့ ငြင်းတာလား ၊ မလုပ်တတ်လို့ ငြင်းတာလား ၊ ဥာဏ်ပူဇော်ခ ဘယ်လောက် ထပ်ပေးရမလဲ ၊ မရ ရအောင် ၊ မဖြစ်ဖြစ်အောင် လုပ်ပေးပါ” ဆိုတာမျိုးတွေအထိ အတင်းအကြပ် ပြောလာတတ်ကြတာကလည်း မကြာခဏ ကြုံရပါတယ် ။

ပြိုင်တူပေးလို့မရသောယတြာများ

အိမ်ရောင်းထွက်စေမယ့် ယတြာနဲ့ ရာထူးတိုးစေမယ့်ယတြာ ပြိုင်တူလုပ်၍မရသလိုပဲ ၊

ကားရောင်းထွက်ဖို့ယတြာနဲ့ အိမ်ကထွက်သွားတဲ့ သားသမီး သို့မဟုတ် တစ်ယောက်ယောက် ပြန်လာအောင် လုပ်တဲ့ယတြာ နှစ်ခု တပြိုင်ထည်း ပြိုင်တူလုပ်လို့မရပါဘူး ။

ထိုနည်းတူစွာပဲ “ခွဲပေးတဲ့ယတြာ”နဲ့ “ပြန်လည် ပေါင်းစည်းအောင်လုပ်ပေးတဲ့ ယတြာ”ကို တစ်ပြိုင်တည်း လုပ်လို့မရပါဘူး ။

လုပ်ပေးတော့ လုပ်တော့ ဘာဖြစ်နိုင်လို့လဲ?

အဲဒီလို ယတြာနှစ်ခုကို တစ်ပြိုင်တည်းပေးမိရင်တစ်ခုမှ မစွမ်းတော့ဘဲ ပျက်ပြယ်သွားတတ်ပါတယ် ။ ကာယကံလည်း အကျိုးမရှိသလို အခန့်မသင့်ခဲ့ရင် ဓါတ်ပါခိုက်သွားတတ်သလို ၊ ယတြာပေးတဲ့ ဆရာဆိုတဲ့သူလည်း ဘာမျှ ဖြစ်မလာလို့ ၊ ဘာမျှ မအောင်မြင်လို့ ၊ ယတြာလုပ်လိုက်တာကြောင့် တစ်ခုခု အညံ့အခိုက်ကြုံသွားလို့ ကျေးဇူးအတင်မခံရပဲ တစ်သက်တာ နာမည်ပါ ပျက်သွားတတ်ပါတယ် ။

ဒါ့ကြောင့်မို့ ဘယ်သူမျှ အကျိုးမရှိ အပြစ်ရှိတတ်တာမို့ ကျွန်တော် ဘယ်တော့မျှ ဘယ်သူ့ကိုမျှ ပြုလုပ်ပေးလေ့ မရှိပါဘူး ။
ဒါကြောင့် မိတ်ဆွေတွေအနေနဲ့….
အလွယ် မှတ်ထားလိုရင်တော့….
“အ၀င် နဲ့ အထွက်” ။
“အသွင်း နဲ့ အထုတ်” ။
“အဖွင့် နဲ့ အပိတ်”ဟာ ဆန့်ကျင်ဖက်တွေ​ေကြောင့်ရယ်ပါ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။