စေတီစမနှင့်စမ္ပာနဝ

Astrology
စေတီစမနှင့်စမ္ပာနဝ

ဆရာဇင်ယော်နီရဲ့အယူတော်မင်္ဂလာဗေဒင်သင်တန်း အယူတော်မင်္ဂလာအင်းစမပညာ သင်ခန်းစာများထဲက ကြီးလေးကြီးစမ​စေတီ နဲ့စမ္ပာနဝအင်းတော်ကြီးကို ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာ့အက္ခရာတွေထဲက ကြီးလေးကြီးဖြစ်တဲ့
က ဃ ဏ. ဠ. တို့ကို စမစေတီအဖြစ်ရေးဆွဲစီရင်ပြီး
မြန်မာ့လောကီပညာကမ္ဘာ့လောကီပညာတို့တွင်ပါတဲ့
စမ္ပာနဝအင်းတော်ကြီး(ခေါ် )စေတန်ဂြိုလ်အင်းတို့ကိုကြီး
လေးကြီးစမ စေတီနှင့်စမ္ပာနဝအင်းတော်ကြီးအဖြစ်
စီရင်ထားတဲ့ ဖော်ပြထားတဲ့ပုံလေးကို ကူးယူပုံထုတ်ပြီး
ကိုယ့်ရဲ့အလုပ်ခန်းအိမ်ခန်းရုံးခန်းများမှာချိတ်ဆွဲထားခြင်း အဆောင်အဖြစ်ဆောင်ထားခြင်းဖြင့် လာဘ်ရွှင်ခြင်း အတိုက်အခံအပြိုင်အဆိုင်တို့ရဲ့ မကောင်းသော
အကြံအစည်များမှလွတ်မြောက်ခြင်းတို့နှင့် တိုးတက်အောင်မြင်စေရန် ကံအခွင့်လမ်းများ ပေါ်ပေါက်စေနိုင်ပါတယ်။

ကြွေပန်ကန်ပြားတွင်ထိုအင်းကိုချ၍လည်းကောင်း
သိမ်ဝင်သပိတ်ကွဲတွင်ချ၍လည်းကောင်းမြေစလောင်းဖုံးကိုပက်လက်လှန်၍ထိုအင်းကိုချလည်းကောင်း မီးထွန်းလျင် မကောင်းသောအနှောင့်အယှက် အမှောင့်ပယောဂများ လွှင့်ပြယ်စေနိုင်ပါတယ်။

အသုံးတဲ့လို့အကျိုးထူးကြပြီး ရွှေကံတွေဆင့်ဘဝတွေမြင့်ကြပါစေ။

ရေးသားသူ –ဆရာဇင်ယော်နီ၏တပြည့်ရင်း အောင်ကံမိုး(အယူတော်မင်္ဂလာ)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။