ယီမင်ကမ်းလွန်မှာ သင်္ဘော ဒုံးကျည်ထိ

International News
ယီမင်ကမ်းလွန်မှာ သင်္ဘော ဒုံးကျည်ထိ

ပင်လယ်နီ ရေကြောင်းသွားလာမှု စိုးရိမ်နေရ

ယီမင်ကမ်းလွန်မှာ မော်လ်တာအလံ လွှင့်ထားတဲ့ ကုန်တင်သင်္ဘောတစင်း ဒုံးကျည်နဲ့ အပစ်ခံရတယ်လို့ ရေကြောင်းသွားလာရေး သတင်းတွေအရ သိရပါတယ်။ ဇိုဂရာဖီးယားသင်္ဘောမှာ အပျက်အစီး နည်းနည်းပဲ ရှိတယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ကလည်း ကုန်တင်သင်္ဘောတစင်းကို သင်္ဘောဖျက်ဒုံးကျည်နဲ့ ပစ်ခဲ့ကြောင်း ဟူသီlat natကိုင်တွေက ပြောပါတယ်။

ယီမင်က ဟူသီသူပုန်တွေကို အမေရိကန်နဲ့ ဗြိတိန်ရဲ့ စစ်ရေးတိုက်ခိုက်မှုနဲ့ ပင်လယ်နီထဲ သွားနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုက ရပ်မသွားဘူးဆိုပြီးလည်း ကာတာ ဝန်ကြီးချုပ် က ပြောပါတယ်။

သံတမန်ရေး ဖြေရှင်းမှု လုပ်ဖို့လိုကြောင်း သူက ဆိုပါတယ်။

ဂါဇာ ပဋိပက္ခကို ဖြေလျှော့ရေးကသာ တခြားစစ်မျက်နှာတွေမှာ စစ်ရှိန်တက်နေတာကို ရပ်တန့်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒါဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မိုဟာမက် ဘင် အဗ္ဗဒူလာရာမန် အယ်လ်သာနီက ပြောကြားခဲ့ပါတယ်။

အချိန် ဇယားပါတဲ့ အစ္စရေး ပါလက်စတိုင်း နှစ်နိုင်ငံတည်ထောင်ရေးကို အစ္စရေးဘက်က မဖြစ်မနေ လိုက်နာမှု ရှိဖို့လိုတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒါမှသာ ဒေသတွင်း အနာဂတ် တည်ငြိမ်ရေးကို တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။