ခုနစ်ရက်သားသမီးများအတွက်ရွှေယတြာများ

Astrology
ခုနစ်ရက်သားသမီးများအတွက်ရွှေယတြာများ

ခုနစ်ရက်သားသမီးအားလုံး ယုံကြည်သူအကုန် ပြုလုပ်နိုင်သော ယတြာများဖြစ်ပါသည်။ လွန်စွာသိသာသော အကျိုးထူးများ ရရှိလာပါလိမ့်မည်။

စီးပွားပြန်တက်ပျားရည်စက်

မိမိအိမ်ဘုရားမှာ ပျားရည်နှင့်ထောပတ်ကပ်လှူရမှာဖြစ်ပါတယ်။ (၉)ရက် ဆက်တိုက်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကပ်လှူရင်းနဲ့စီးပွားတက်စေဖို့ ဆုတောင်းရမှာပေါ့။

ငွေဝင်အောင်အိုးစည်ဆောင်

ငွေဝင်ဖို့အတွက် အောင်ညွှန့် အောင်စိုး စတဲ့ တနင်္ဂနွေနံအစ အင်္ဂါနံ အဆုံးရှိတဲ့ သူကိုဩဇာသားခုတ်ခိုင်းရမယ်။ ပြီးတော့အိုးစည်သုံးလုံး လုပ်ရမယ်။ ဒီဝါတပသိ ဂါထာနဲ့ ပုတီး (၃)ပတ် ဘုရားစင်ရှေ့မှာ စိပ်ရမယ်။ အိုးစည်း ၃ လုံးကိုတော့ အခင်းလေးတစ်ခုနဲ့ ချထားပေါ်။ အဲ့ဒါပြီးရင်တော့ ဆောင်လို့ရပါပြီ။ ဆောင်တဲ့အခါမှာ အုန်းဆံကြိုးလေးချည်ပြီးတော့ အင်္ဂါနေ့ နံနက် ၉နာရီတိတိမှာ စပြီးဆောင်ရမယ်။

ရေးသားသူ –ဆရာမထားအဉ္ဇလီ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။