ဖုန်းမသုံးဘဲ တစ်လကြာ နေနိုင်သူကို ဒေါ်လာ ၁၀၀၀၀ ဆုချီးမြှင့်မယ်

International News
ဖုန်းမသုံးဘဲ တစ်လကြာ နေနိုင်သူကို ဒေါ်လာ ၁၀၀၀၀ ဆုချီးမြှင့်မယ်

ဖုန်းမသုံးဘဲ တစ်လကြာအောင် နေနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဆုချီးမြှင့်မယ်လို့ ဒိန်ချဉ်ကုမ္ပဏီတစ်ခုက ဖိတ်ခေါ်ထားပါတယ်။ အိုက်စလန်စတိုင် ဒိန်ချဉ် ထုတ်လုပ်ရောင်းချတဲ့ Siggi’s Dairy ကုမ္ပဏီက စိတ်ပျံ့လွင့်မှု လျှော့ချဖို့ ရည်ရွယ်ပြီး Digital Detox Program ကို အကောင်အထည် ဖော်ခဲ့တာပါ။

ဒီအစီအစဉ်မှာ ပါဝင်လိုသူတွေဟာ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး လူ ၁၀ ဦးအထိ ရွေးချယ်သွားမှာပါ။ Digital Detox Program မှာ ပါဝင်လိုသူတွေဟာ Siggi’s ကုမ္ပဏီက ပေးတဲ့ သေတ္တာတွေထဲမှာ သူတို့ရဲ့ဖုန်းတွေကို တစ်လကြာ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။

” စိတ်ပျံ့လွင့်စရာ နည်းပါးပြီး ရိုးရှင်းတဲ့ လူနေမှုဘဝရဲ့ စွမ်းအားအပေါ် ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီနေ့ခေတ် လူနေမှုဘဝရဲ့ အကြီးမားဆုံး စိတ်ပျံ့လွင့်စရာ တစ်ခုကတော့ ဖုန်းပါပဲ။ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့မှာ ၅.၄ နာရီကြာအောင် ဖုန်းသုံးကြတယ်”လို့ Siggi’s Dairy ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
ဒီအစီအစဉ်မှာ အနိုင်ရသူတွေဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ အပြင်၊ ဖုန်းသိမ်းဆည်းနိုင်တဲ့ သေတ္တာ၊ ခေါက်ဖုန်းတစ်လုံး၊ တစ်လစာ ဘေလ်ဖြည့်ပေးထားတဲ့ ဖုန်းဆင်းမ်ကတ်တစ်ခုနဲ့ ၃ လစာ ဒိန်ချဉ်ဘူးတွေ ရရှိမှာ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။