ထိုင်းရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပါတီ ဖျက်သိမ်းခံရဖွယ်ရှိ

International News
ထိုင်းရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပါတီ ဖျက်သိမ်းခံရဖွယ်ရှိ

ပီတာ လင်မ်ဂျာရွန်ရက်ရဲ့ Move Forward ပါတီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ တရားရုံးကဆုံးဖြတ်

ထိုင်း တော်ဝင်ဘုရင်မိသားစုအပေါ် သိက္ခာကျစေမှု ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ Move Forward ပါတီရဲ့ အဆိုပြုတင်ပြချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ကျတယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

Move Forward ပါတီဟာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှုအများဆုံးရထားတဲ့ ပါတီဖြစ်ပြီး ထိုင်းဘုရင်မိသားစုကို စော်ကားတယ်လို့ ယူဆရင် ထောင်ဒဏ် ကြီးကြီးမားမား ကျခံရနိုင်တဲ့ အဲဒီ ဥပဒေကို ပြင်ဆင်ရေးဆွဲရေးဆိုတဲ့ အချက်ပါဝင်တဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရှေးရိုးစွဲဝါဒီတွေက ဒီအဆိုပြုချက်ကို လက်ခံဖို့ သိပ်စိတ်မပါကြဘဲ အစိုးရဖွဲ့ဖို့ Move Forward ပါတီရဲ့ ကြိုးပမ်းချက်ကို ပိတ်ပင်ကန့်ကွက်ခဲ့ကြပါတယ်။

အခုဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ Move Forward ပါတီ ဖျက်သိမ်းရဖွယ် ရှိနေပြီး ပါတီခေါင်းဆောင်တွေလည်း နိုင်ငံရေးလောကကနေ ပိတ်ပင်ခံရဖွယ် ရှိနေပါတယ်။

သြဇာအာဏာကြီးမားတဲ့ ထိုင်းဘုရင်မိသားစုအပေါ် ဝေဖန်တာမျိုး၊ လှောင်ပြောင်တာမျိုး မှန်သမျှကို ဒီဥပဒေနဲ့ အရေးယူနိုင်တာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။