တစ်ပတ်မှ တစ်ခါလောက်ပဲ ရေချိုးတဲ့ ခင်ပွန်းကို ဇနီးသည်က တရားရုံးမှာ ကွာရှင်းခွင့်တောင်း

Funny International News
တစ်ပတ်မှ တစ်ခါလောက်ပဲ ရေချိုးတဲ့ ခင်ပွန်းကို ဇနီးသည်က တရားရုံးမှာ ကွာရှင်းခွင့်တောင်း

တစ်ပတ်မှ တစ်ခါလောက်ပဲ ရေချိုးတဲ့ ခင်ပွန်းဖြစ်သူကို ဇနီးသည်က တရားရုံးမှာ အမှုဖွင့်ပြီး ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ တူရကီမီဒီယာတွေရဲ့ ဖော်ပြချက်အရ စီဝိုင် ( အတိုကောက်)လို့ အမည်ရတဲ့ အမျိုးသားဟာ ၁ ပတ်၊ ၁၀ ရက်နေမှ ရေတစ်ခါလောက်သာ ချိုးပြီး အင်္ကျီတစ်ထည်တည်းကို ၅ ရက်လောက် ဝတ်လေ့ရှိတယ်လို့ ဇနီးသည်က စွပ်စွဲခဲ့တာပါ။ ခင်ပွန်းဖြစ်သူရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းချက် ကွာရှင်းခွင့်တောင်းရခြင်း အဓိက အကြောင်းရင်းဖြစ်တယ်လို့ ဇနီးသည် အေဝိုင် ( အမည်အတိုကောက်)က ဆိုပါတယ်။

အဲဒီအမှုကို တူရကီနိုင်ငံ အန်ကာရာမြို့ အမှတ် ၁၉ မိသားစုတရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ခင်ပွန်းသည်ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့ကိုလည်း လူသက်သေအဖြစ် ထွက်ဆိုစေခဲ့ပါတယ်။ စီဝိုင်ဟာ တစ်ပတ် တစ်ခါ၊ ၁၀ ရက် တစ်ခါလောက်ပဲ ရေချိုးသလို၊ ၅ ရက်လောက်နေမှ တစ်ကြိမ် သွားတိုက်လေ့ရှိတာကြောင့် သူ့ခန္ဓာကိုယ်က ထွက်တဲ့အနံ့အသက်ဟာ လုပ်ငန်းခွင်မှာပါ အနှောင့်အယှက် ဖြစ်စေတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ထွက်ဆိုခဲ့ကြပါတယ်။

ထွက်ဆိုချက်တွေနဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ တရားပြိုင် အမျိုးသားဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အလွန်အားနည်းသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာကြောင့် တရားသူကြီးက ကွာရှင်းခွင့်ပေးခဲ့ပြီး ဇနီးသည်ကို နစ်နာကြေး လိုင်ရာငွေ ၅ သိန်း ( အမေရိကန်ဒေါ်လာ ၁၆၅၀၀) ပေးဆောင်စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။