အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့နဲ့ ဉာဏ်ရည်တူတဲ့ ၁၂ နှစ်သား

International News
အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့နဲ့ ဉာဏ်ရည်တူတဲ့ ၁၂ နှစ်သား
 

အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့နဲ့ ဉာဏ်ရည်တူသူ(IQ score)အဖြစ် သတ်မှတ်ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်ဟာ ဉာဏ်ရည်အလွန်မြင့်မားသူများအဖွဲ့ဝင် (The Mensa Society) ဖြစ်လာခဲ့ပါပြီ။

ဟောင်ကောင်မှာ မွေးဖွားခဲ့ပြီး မိသားစုနဲ့အတူ ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ဆိုင်းရပ်စ်လောင်ဟာ IQ score ၁၆၀ မှတ် ( အများဆုံးရမှတ်ပြည့်ရန် ၂ မှတ်သာ လို) ရရှိခဲ့တာပါ။ ဆိုင်းရပ်စ်လောင်ဟာ ဉာဏ်ရည်စစ်ဆေးပွဲ လာချိန်မှာ နာရီမေ့ကျန်ခဲ့လို့ ဖြေဆိုချိန် ဘယ်လောက်ကျန်လဲဆိုတာ မကြည့်နိုင်တာကြောင့် စိုးရိမ်ပူပန်ခဲ့ရပါသေးတယ်။

” အချိန်ကြည့်မရလို့ သူ တော်တော်စိုးရိမ်နေတာ။ သူက အမှတ် ဒီလောက်များများ ရမယ်လို့ ထင်မထားလို့ ရလဒ်ထွက်လာချိန်မှာ စိတ်တွေ အရမ်းလှုပ်ရှားနေတာ။ ဒါက သူ့အတွက် တစ်လျှောက်လုံး အမှတ်ရစရာတစ်ခု ဖြစ်နေတော့မှာ သေချာပါတယ်”လို့ ဆိုင်းရပ်စ်လောင်ရဲ့ဖခင် ဖရန့်က ဆိုပါတယ်။

The Mensa Society ဟာ ၁၉၄၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဉာဏ်ရည်မြင့်မားသူတွေရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်အောင် ကူညီပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဉာဏ်ရည်အမြင့်မားဆုံး လူကြီးနဲ့ ကလေးငယ် ၂ ရာခိုင်နှုန်းကိုသာ အဖွဲ့ဝင်အဖြစ် လက်ခံတာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှာ သူတို့ရဲ့အဖွဲ့ခွဲတွေရှိပေမဲ့ ဂျာမနီ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေမှာရှိတဲ့ အဖွဲ့ခွဲတွေကတော့ အကြီးဆုံးပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။