အာလူးတွေကို အညှောက် မထွက်အောင် ဘယ်လို သိုလှောင်ကြမလဲ

Knowledge
အာလူးတွေကို အညှောက် မထွက်အောင် ဘယ်လို သိုလှောင်ကြမလဲ

အခွံနွှာရတာ အရမ်းလွယ်ကူတဲ့ အာလူးဟာ တခြားဟင်းသီးဟင်းရွက်တွေလိုမျိုး ရာသီချိန်မှရယ်လို့ မဟုတ်ပဲ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးမှာ လွယ်လွယ်ကူကူရှာဖွေ ဝယ်ယူနိုင်ပါတယ်။ ဖောဖောသီသီလည်းဖြစ်၊ အရသာလည်းရှိပြီး အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

အာလူးတွေကို အမြဲတမ်း လတ်ဆတ်နေပြီး အစို့အညှောက်မထွက်အောင် ဘယ်လို သိမ်းဆည်းထားနိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်

၁။ အာလူးတွေကို အေးပြီးမှောင်တဲ့နေရာမှာ သိုလှောင်ပါ

သင်ဟာ အာလူးတွေကို ရေခဲသေတ္တာထဲက အသီးအရွက်တွေထည့်တဲ့ပုံးထဲ တခြားဟင်းသီးဟင်းရွက်တွေနဲ့ အတူတူရောပြီး သိမ်းတတ်တယ်ဆိုရင်တော့ မှားနေပါပြီ။ The Kitch က အာလူးတွေကို အေးပြီးမှောင်တဲ့နေရာမှာ သိမ်းဆည်းသင့်ကြောင်းနဲ့ အပူချိန် (၄၅ – ၅၀) ဒီဂရီ ဖာရင်ဟိုက် ကြားမှာရှိဖို့လိုအပ်ပါတယ်လို့ ပြောကြားထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ စိုထိုင်းတဲ့ပတ်ဝန်းကျင်မျိုးမှာ မသိုလှောင်မိဖို့ကိုတော့ သတိထားရပါမယ်။

၂။ မသိုလှောင်ခင် ပြင်ဆင်စရာတွေ

အာလူးသားတင်းနေစေဖို့နဲ့ ကြာရှည်ခံစေဖို့ မသိုလှောင်ခင် ပြင်ဆင်ရမယ့် အချက်လေးတွေရှိကြောင်းကို Grow a Good Life က ဖော်ပြပေးထားပါတယ်။ ပထမဦးဆုံး သတင်းစာတွေခင်းထားတဲ့ သေတ္တာပုံးထဲ အာလူးတွေကို ဖြန့်ခင်းလိုက်ပါ။ ပြီးနောက် သေတ္တာပုံးကို မျက်နှာသုတ်ပဝါအနက်ရောင်နဲ့ အုပ်ပြီး ရက်သတ္တပတ် အနည်းငယ်လောက် ထားလိုက်ပါ။

၃။ ဆေးဘက်ဝင်အပင်ခြောက်တွေနဲ့ ရောထားလိုက်ပါ

လာဗင်ဒါ၊ ရိုစ့်မယ်ရီ (ဟင်းခတ်အမွှေးအဖြစ်သုံးရသော သေးသွယ်မွှေးကြိုင်သည့် အရွက်ထွက်သော ချုံပင်) နဲ့ ပင်စိမ်းရွက်တွေမှာ ပါဝင်တဲ့အဆီဟာ အာလူးတွေကို အမြစ်မထွက်စေဖို့နဲ့ မပုပ်သိုးစေဖို့ အထောက်အကူဖြစ်စေတဲ့အတွက် ၎င်းဆေးဘက်ဝင်အပင်တွေနဲ့ အတူတူထားပြီး သိုလှောင်ကြပါလို့ Alt Health Works ကနေ အကြံပြုထားပါတယ်။

၄။ မသိုလှောင်မီ ဆေးကြောခြင်းမပြုပါနဲ့

အာလူးတွေကို မဆေးကြောဘဲ သိုလှောင်တာက ပိုပြီး ကြာရှည်ခံပါတယ်။ Cedar Circle Farm ကတော့ အာလူးတွေကို ဝယ်ယူပြီးလို့ အိမ်သယ်လာတဲ့အခါ မသိုလှောင်မီ ဘရှပ်ရှ် (brush) လေးနဲ့ပဲ အညစ်အကြေး၊ ဖုန်မှုန့်၊ မြေမှုန့်တွေကို ပွတ်တိုက်သင့်ကြောင်း ပြောပြထားပါတယ်။

၅။ ပန်းသီးကို အာလူးနဲ့ အတူတူ ထားပြီးသိုလှောင်ပါ

Alt Health Works ကလည်း အာလူးတွေကို ပန်းသီးနဲ့အတူတူထားပြီး သိုလှာင်တာက အာလူးတွေ အမြစ်ထွက်မစောစေဖို့ ကာကွယ်ပေးနိုင်ကြောင်း အငြင်းပွားဖွယ်ဗဟုသုတအနေနဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်ဝန်းကျင်လောက်ထဲက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းဖြစ်ပြီး မကြာသေးမီက သုတေသနပြုချက်မှာတော့ မှည့်ချိန်ရောက်နေပြီဖြစ်တဲ့ ပန်းသီးတွေဟာ အက်သလင်း ဂတ်စ် (Ethylene Gas) ကိုထုတ်လုပ်တဲ့အတွက် အမြစ်ထွက်ခြင်းကို အလျင်အမြန်ဖြစ်စေနိုင်တယ် ဆိုပြီး ဖော်ပြထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။