လာဘ်ပွင့် အိမ်အေးအောင် ဒါတွေ လုပ်ပါ

Astrology
လာဘ်ပွင့် အိမ်အေးအောင် ဒါတွေ လုပ်ပါ

(၁) ဘုရားပန်း နှင့် သောက်တော်ရေ ၊ဆွမ်း ၊ဆီမီး အမြဲကပ်ပါ။
ဘုရားပန်း မနွမ်းပါစေနဲ့၊ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့၊သောက်တော်ရေကို သတိရတိုင်း ကပ်ပါ။

(၂) ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်
နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ။

(၃) အလွန် ကံညံ့ လာဘ်ပိတ်နေလျှင် ညသန်းခေါင် ပရိတ်ရွတ်ပါ၊ည (၁၂) နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ်။

(၄) အိမ်မှာ အဟောင်း အစုတ်တွေ မထားပါနဲ့။ အချို့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်၊ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားအစုတ်တွေ
ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။ အိမ်မှာလိုအပ်တာတွေသာ အဓိက ထားပါ။

(၅) အိမ်ကို တံမြက်စည်းလှည်းလျှင် နံနက်လှည်းလျှင် အိမ်ရှေ့မှ အိမ်နောက်သို့လှည်းပါ၊ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။

(၆) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ၊မကုန်မီ ကြိုတင်၍ ဝယ်ပါ။

(၇) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ။လှေကားများ ကျိုးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်။

Credit: original uploader.

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။