တရုတ်နှစ်သစ်ကူးပွဲတော်အတွက် အိမ်တွင်ဆောင်ထားသင့်သော ပစ္စည်းများ

Astrology Knowledge
တရုတ်နှစ်သစ်ကူးပွဲတော်အတွက် အိမ်တွင်ဆောင်ထားသင့်သော ပစ္စည်းများ

စိတ်လှုပ်ရှားဖွယ်ရာ၊ ပျော်ရွှင်မှုနှင့် ရိုးရာအယူအဝါဒများ၊ ဓလေ့ထုံးတမ်းများဖြင့် ပြည့်နှက်နေသော တရုတ်နှစ်သစ်ကူးပွဲတော် မကြာမှီ ဖေဖော်ဝါရီလ ၁ဝရက်နေ့တွင် ကျရောက်လာတော့မှာဖြစ်ပါတယ်။ အစားအစာမှသည် သရေစာများ၊ အသုံးအဆောင်များအထိ တရုတ်နှစ်ကူးကာလအတွင်း မရှိမဖြစ်အသုံးအဆောင်ပစ္စည်းများနှင့် ၎င်းတို့၏နောက်ကွယ်မှ အဓိပ္ပါယ်များကို လေ့လာကြရအောင်…….

၁. လိမ္မော်သီး

အိမ်ထောင်စုတိုင်းတွင် လိမ္မော်သီးသည် နှစ်သစ်ကူးအချိန်ရောက်သောအခါ တစ်မိသားစု နှင့် တစ်မိသားစု နှစ်သစ်ကူးလက်ဆောင်လှဲလှယ်ရာတွင် မပါမဖြစ် ဖြစ်သောကြောင့် အိမ်တိုင်းဆောင်ထားရမည့် အသီးအနှံဖြစ်သည်။ ရှေ့နှစ်တွင် ချိုမြိန်ခြင်းနှင့်တကွ ရွှေရောင်ဖြစ်သောကြောင့် ရွှေဟုအဓိပ္ပါယ်သက်ရောက်သော ဤလိမ္မော်သီးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် အများဆုံးအသုံးပြုကြသည်။ နှစ်သစ်တွင် ကံကောင်းခြင်းများပေါကြွယ်ဝအောင် လိမ္မော်သီးအားလက်ဆောင်အဖြစ်ပေးခြင်းသည် အသင့်တော်ဆုံးဖြစ်သောကြောင့် အိမ်တိုင်းမရှိမဖြစ်ဆောင်ထားရမည်။

၂. နာနတ်သီးဖြင့်ပြုလုပ်ထားသောမုန့်များ

နာနတ်သီးဖျော်ရည် သို့မဟုတ် နာနတ်သီးကွတ်ကီးများသည် တရုတ်နှစ်သစ်ကူးအတွက် မရှိမဖြစ်သောမုန့်တစ်မျိူးဖြစ်သည်။ ၎င်းမုန့်များသည် မိမိနေအိမ်ရှိ စားပွဲတွင် နှစ်သစ်ကူးအချိန်အမြဲရှိနေရမည်ဖြစ်သောမုန့်ဖြစ်ပြီး အများအားဖြင့် ဧည့်သည်များလာချိန်တွင် တည်းခင်းဧည့်ခံရန်အကောင်းဆုံးသောမုန့်ဖြစ်သည်။ နာနာတ်သီးသည် ဖူးကျင့်စကား (အွန်လှိုင်)သည် ကံဇာတာတက်လာမည်ဖြစ်ပြီး နှစ်သစ်မှာကံကောင်းခြင်းများကို ဖိတ်ခေါ်ဖို့ အကောင်းဆုံးသော မုန့်တစ်မျိုးဖြစ်သည်။

၃. မီးပုံးများ

လှပသောအနီရောင် မီးပုံးများသည် တရုတ်နှစ်ကူးကာလအတွင်းမရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တန်လုံဟုခေါ်သော အနီရောင်မီးပုံးများကို တရုတ်နှစ်ကူးကာလအတွင်း အိမ်ရှေ့တွင် ချိတ်ဆွဲထားပါက ကံဆိုးခြင်းများကို မောင်းထုတ်ပေးသည်ဟု ယုံကြည်ကြသည်။ ထွန်းလင်းတောက်ပနေသော မီးပုံးများသည် မိသားစုပြန်လည်ဆုံစည်းခြင်း နှင့် လာမည့်နှစ်အတွက် အကောင်းဆုံးသော ဆုမွန်ကောင်းကိုကိုယ်စားပြုသည်။

၄. တံခါးအလှဆင်စာတန်းလေးများ

တရုတ်နေအိမ်များတွင် အိမ်တံခါးများကပ်ထားသော အနီရောင်စာရွက်လေးများသည် တရုတ်နှစ်သစ်ကာလအတွင်းတွင် မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းတို့ပေါ်တွင် တရုတ်လက်ရေးအလှရေးထားသော ကဗျာများ ရုပ်ပုံများဖြင့် ရေးဆွဲထားသည်။ ဤအလှဆင်မှုသည် နတ်ဆိုးများကို မောင်းထုတ်ရန်အတွက်နှင့် ကံကောင်းခြင်းအတွက်ဖြစ်သည်။ အခုခေတ်မှာတော့ အဲတာလေးတွေက တော်တော်လေးလှပြီးတော့ ကျက်သရေရှိကြပါတယ်။

၅. အနီရောင် သို့ အရောင်တောက်တောက်အဝတ်ဆင်အသစ်များ

ဆန်းသစ်သောဝတ်စားဆင်ယင်မှု နှင့် တရုတ်နှစ်သစ်ကူးကာလတွင် လူများသည် ခေါင်းအစ ခြေအဆုံးအသစ်ဖြစ်သော အဝတ်အစားမျာကို ဝတ်ဆင်ကြသည်။ အနီရောင်သည် တရုတ်လူမျိုးများအတွက် အထူးကောင်းမွန်သောအရောင်ဖြစ်သောကြောင့် လူတိုင်းသည် နှစ်သစ်ကိုကြိုဆိုရန် အနီရောင် သို့ အရောင်တောက်တောက် အဝတ်အစားများကို ဝတ်ဆင်ကြသည်။

၆. မီးဗန်းများ

နရင်ဟူဆိုသော ဒဏ္ဍာရီလာသားရဲတစ်ကောင်သည် နှစ်သစ်ကူးအကြိုနေ့တွင် မိသားစုများနှင့် ကလေးများကို ကြောက်ရွံ့စေရန် လမ်းပေါ်ထွက်လာသည်ဟု ဆိုထားလေသည်။ ထိုအခါ ပြည်သူပြည်သားများသည် မီးရှူးမီးဗန်းများကို အသုံးပြု၍ တိုက်ထုပ်ခဲ့ကြသည်။ ထိုကြောင့် လူတိုင်းသည် အန္တရာယ်မှ ကင်းဝေးခဲ့လေသည်။ ထိုကြောင့် မီးရှူးမီးဗန်းများသည် တရုတ်နှစ်သစ်ကူးအတွက် အရေးကြီးသော တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ ယခုခေတ်အခါတွင် ဗြောက်အိုးဖောက်သံများသည် အသက်ကြီးရွယ်အိုများအတွက် အဆင်မပြေသောကြောင့် ရောင်စုံမီးလုံးများကို အစားထိုးအသုံးပြုလာကြသည်။

၇. ပါ့ကွ တေလျောင်မုန့်ဘူး

မုန့်နှင့် ချိုချဉ်၈မျိုးပါသော ရိုးရာမုန့်ဘူးလေးများသည် တရုတ်နှစ်သစ်ကူး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုတေလျောင်မုန့်ဘူးသည် တရုတ်နှစ်သစ်ကူးလက်ဆောင်ပေးခြင်းနှင့်မိမိအိမ်လာလည်သော ဧည့်သည့်များအတွက်တည်ခင်းဧည့်ခံရာတွင် အသင့်တော်ဆုံးသော မုန့်ဘူးဖြစ်သည်။
credit org Avalokiteśvara Bodhisattva – 仰光觀音堂

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။