နိုင်ငံခြားအမြန်သွားချင်ရင် ယတြာ

Astrology
နိုင်ငံခြားအမြန်သွားချင်ရင် ယတြာ

ကိုယ်အိပ်ခါနီးဆိုရင် ဘာမှ မလုပ်နဲ့တော့။ အုန်းမှုတ်ခွက် နှစ်ခွက်ကို တီးပြီး ကိုယ်သွားချင်တဲ့ နိုင်ငံကို အာရုံပြု ဆုတောင်းရတယ်။ ဒီလောက်ပါပဲ။

အုန်းမှုတ်ခွက် (၂)ခုကို ရှာပါ။ ၎င်းအုန်းမှုတ်ခွက် (၂)ခုကို မိမိအိပ်ရာဘေး ထားရမည်။
ညအိပ်ရာဝင်ခါနီးတွင် (မျက်နှာသစ်၊ သွားတိုက်၊ အိမ်သာတက်၊ ဘုရားရှိခိုး၊ . . .) အားလုံး အားလုံးပြီးလို့ ဘာမှ မလုပ်တော့ဘူး အိပ်တော့မယ် ဆိုတဲ့အချိန်တွင် ၎င်းအုန်းမှုတ်ခွက် (၂)ခုကို လက်တစ်ဖက်မှာ အုန်းမှုတ်ခွက်တစ်ခု ကိုင်ပြီး တဂွပ်ဂွပ်နဲ့ တီးပါ။

အဘု အဘုချင်း တီးရမည်။ အသံမြည်အောင် တီးရမည်။
ဘယ်နှချက်တီးရမလဲဆိုတော့ လက်မညောင်းမချင်း တီးရမည်။ စိတ်ပါသလောက် တီးရမည်။
ထိုသို့ တီးပြီးတာနဲ့ အိပ်ပါ။ (အိပ်ရာထဲလည်း ဖုန်းမသုံးရ)
ဤယတြာလုပ်ပြီး ရက်မည်မျှမှ မကြာခင်ပင် နိုင်ငံခြား သွားရမည်။

နောက်တစ်နည်း ကိုယ့်ရဲ့ မွေးနေ့ နံက် (၉း၄၅)မှာ အောင်သပြေပန်း သက်စေ့နဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (ခြေတော်ရာ)ဘုရားမှာ လှူဒါန်းပြီး ဆုတောင်းလိုက်ပါ။ ဖြစ်နိုင်ရင် မကြာခဏ သွားလှူပြီး ဆုတောင်းပါ။ လမ်းစရိတ်ပြတ်နေသူတွေက်ု ဒါနပြုပါ။ လမ်းပြင် တံတားဆောက်တဲ့ နေရာတွေမှာ အလှူပေးပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။