လင်မယား သမီးရည်းစားအဆင်ပြေအောင်

Astrology
လင်မယား သမီးရည်းစားအဆင်ပြေအောင်

လင်နဲ့မယား လျှာနဲ့သွား ဆိုသလို လင်မယားသမီးရည်းစားတွေက မကြာခဏ ရန်ဖြစ် စကားများလေ့ရှိကြပါတယ်။ အဲ့ဒီအခါ အမြန်ဆုံးပြန်ပြေလည်နိုင်ဖို့ သင့်တော်တဲ့ ယတြာတစ်ခုဖော်ပြလိုက်ပါတယ်။

အနှိပ်သည် ဘု တစ်ခု၀ယ်ပါ။ ပြီးရင် မိမိပုံနဲ့ မိမိ ချစ်သူပုံကို လိုင်စင်ဓာတ်ပုံအရွယ်ထုတ်ပါ။ ညာဘက်မှာ ယောကျာ်းပုံ ကပ်၍ဘယ်ဘက်မှာ မိန်းမပုံကပ်ပါ။ ထိုအတူ နာမည်လည်းရေးပါ။

ဘုရဲ့ အောက်ခြေမှာ မိမိဖြစ်ချင်တာရေးပါ
ထိုနောက် ကြွေပန်းကန်ပြားပေါ်တင်၍ ပုံပါအတိုင်း ဘုအပေါ်မှာ ဖယောင်းတိုင်နှစ်တိုင်ထွန်းပါ။ထွန်းရမည့် နေ့ရက်နှင့် အချိန်မှာ မိမိမွေးနေ့တွင် နံနက် ၉ နာရီ တစ်ခါ ည ၉ နာရီတစ်ခါ တစ်နေ့(၂) ကြိမ် ထွန်းပေးပါ။

ထွန်းတဲ့အခါမှာလည်း စိတ်ထဲမှ မိမိဖြစ်ချင်တာကိုအာရုံ ပြု၍ လေးနက်စွာဆုတောင်းပါ။ သိပ်မကြာခင်မှာ ပြန်လည်သင့်မြတ်၍အဆင်ပြေသွားပါလိုက်မည်။
(၇) ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာ၍လိုရာဆန္ဒတွေ ပြည့်၀ပါစေ…

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။