အသံတစ်ခုခုကြားရင် ခေါင်းကိုက်တဲ့ ရှားရှားပါးပါး ဝေဒနာ ခံစားနေရသူ

International News
အသံတစ်ခုခုကြားရင် ခေါင်းကိုက်တဲ့ ရှားရှားပါးပါး ဝေဒနာ ခံစားနေရသူ

အင်္ဂလန်နိုင်ငံသူတစ်ဦးဟာ ထူးဆန်းတဲ့ရောဂါကြောင့် အသံတစ်ခုခုကြားလိုက်တာနဲ့ မခံမရပ်နိုင်အောင် ခေါင်းကိုက်တဲ့ ဝေဒနာ ခံစားနေရပါတယ်။ ကာရင်ကွတ်ခ်ဟာ လွန်ခဲ့တဲ့ ၁၈ လအထိ လေယာဉ်မယ်အဖြစ် အလုပ်လုပ်ခဲ့ပြီး ခင်ပွန်းသည်၊ သားနှစ်ဦးနဲ့အတူ ဘဝကို ပုံမှန်အတိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့သူပါ။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ ကာရင်ကွတ်ခ်က အသံတစ်ခုခုကြားရင် ခေါင်းကိုက်လာတဲ့ ရှားရှားပါးပါးရောဂါ စတင်ခံစားခဲ့ရပါတယ်။

သူ့ခင်ပွန်း၊ ကလေးတွေရဲ့ စကားသံကအစ သီချင်းသံအဆုံး အသံတစ်ခုခုကြားတာနဲ့ သူ ခေါင်းကိုက်လာတာပါ။ ” တစ်ယောက်ယောက်က နားထဲကို ချော်ရည်တွေ လောင်းချလိုက်ရင် ကျွန်မခေါင်းတစ်ခုလုံး လောင်ကျွမ်းသွားသလို ခံစားရတယ်။ အထူးသဖြင့် မျက်လုံးနောက်က အရမ်းနာတယ်။ ခေါင်းတခြမ်းကိုက်တဲ့ ရောဂါလိုပဲ။ ဖြစ်နိုင်ရင် ခေါင်းကိုတောင် ဖွင့်လိုက်ချင်တယ်”လို့ ကာရင်ကွတ်ခ်က ဆိုပါတယ်။

ဒီရောဂါကြောင့် ကာရင်ကွတ်ခ်ဟာ ဆူညံသံတွေနဲ့ ကင်းဝေးအောင် အိမ်ထဲမှာပဲ နေလေ့ရှိပြီး တစ်ဦးတည်းသီးခြားနေပါတယ်။ ပြီးတော့ ဘာအသံမှ မကြားရအောင် နားကြပ်တပ်ထားရပါတယ်။ ကာရင်ကွတ်ခ်ဟာ ပုံမှန်အားဖြင့် တက်တက်ကြွကြွ ရှိပြီး အပြင်ထွက် လျှောက်လည်နေတတ်သူပါ။ အခုချိန်မှာတော့ သူ့ကလေးတွေရဲ့ ရယ်သံကိုတောင် သူ မခံနိုင်ပါဘူး။ ဒီရောဂါကြောင့် သူ့ဘဝက လုံးဝပြောင်းလဲသွားပါတယ်။ ကာရင်ကွတ်ခ်က ဒီရောဂါကို ချေမှုန်းတိုက်ဖျက်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ အခုချိန်ထိတော့ ထိရောက်မယ့် နည်းလမ်းမျိုး မတွေ့သေးပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။