လက်ပံပွင့် နှင့်ရောဂါအလိုက် အသုံးပြုပုံ

Health Knowledge
လက်ပံပွင့် နှင့်ရောဂါအလိုက် အသုံးပြုပုံ

၁။ အဆုတ်အအေးမိခြင်း

လက်ပံပွင့်ကို တညပြည့်အောင် ရေတွင်စိမ်ထားပြီး နံနက်တွင် အဖတ်မျာစစ်ပြီးနောက် မုန်ညှင်းစေ့အနည်းငယ်ထည့်၍ သောက်မူ အဆုတ်ရောင်ရမ်းခြင်းမှ ပျောက်ကင်းပါလိမ့်မည်။

၂။ အရက်အနံ့ကဲ့သို့ ဆီးရောဂါ

ဆီး၏ အနံ့နှင့်အရောင်အဆင်းတို့သည် အရက်အနံ့အဆင်းကဲ့သို့ ကြိမ်ဖန်များစွာသွားသော ရောဂါဖြစ်မူ လက်ပံခေါက်ကို ပြုတ်၍ သောက်ပါက ပျောက်ကင်း၏။

၃။ မီးယပ်သွေးလွန်ခြင်း

သစ်နနွင်းကိုသွေး၍ လက်ပံအစေးနှင့်သောက်ပါက မီးယပ်သွေးလွန်နာ ပျောက်ကင်းပါလိမ့်မည်။

မီးယပ်သွေးလွန်ခြင်း(ဆေးတစ်မျိုး)လက်ပံခေါက်အမှုန့်ကို နွားနို့နှင့်သောက်ပါ။

သို့မဟုတ် လက်ပံပွင့်ကို အမှုန့်ပြုလုပ်၍ နွားနို့၊ သကြားတို့ဖြင့် ရော၍ သောက်ပါ။

၄။ ကျောက်ရောဂါ

လက်ပံစေ့ ၅/၆ စေ့ကို ထန်းလျက်အနည်းငယ်ရော၍ မဝါးဘဲ မြိုချမူ ကျောက်ပေါက်ခြင်းပြင်းထန်သော်လည်း ကျောက်များ တနေ့တခြား နည်းပါးသွားပါလိမ့်မည်။တစ်ကြိမ်တည်းဖြင့် လက်ပံစေ့ကို မမြိုပါနှင့်။

အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျောက်ရောဖဂါကြီးများပင်ဖြစ်သေည်လည်း ကျောက်အထွက်နည်းပါးခြင်း ကျောက်ဆိုးများထွက်သော်လည်း ကျောက်ကောင်းများဖြစ်စေခြင်း၊ ၄င်းအပြင် ကျောက်ကို ကာကွယ်နိုင်သောသဘောဖြင့် မပေါက်မီကြိုတင်၍လည်း ကာကွယ်နိုင်ပါသည်။

၅။ သူငယ်နာရေငတ်ဝမ်းကျ

လက်ပံအစေးကို ၁ဲ(၁ပဲ)မှ ၂ ဲသားအထိ သကြားခဲထည့်၍သောက်မူ ရေငတ်ဝမ်းကျ ပျောက်ကင်း၏။

၆။ ရတ္တပိတ် သွေးအန်၊ သွေးကျ ရောဂါ

လက်ပံပွင့်အမှုန့်နှင့် ပျားရည်ရော၍ လျက်မူ ရတ္တပိတ်ရောဂါ ပျောက်ကင်း၏။

၇။ ပန်းသေရောဂါ

လက်ပံမြစ်ဥနုနုကို နေရိပ်တွင် အခြောက်လှန်း၍ အမှုန့်ပြုလုပ်ပါ။ ၄င်းဆေးမှုန့် ၆-ပဲသားမျှ သကြားနှင့်ရော၍ စားပါက ပန်းသေခြင်းမှ လွတ်ကင်း၏။

၈။ သုတ်ဓာတ်အား ပွားများတောင့်တင်းရန်ဆေး

လက်ပံစေ့ ၆-ပဲသား + သကြား ၃-ကျပ်သား + နွားနို့ ၅-ကျပ်သား နှင့် ရော၍ သောက်ပါ။

(တစ်နည်း)

လက်ပံအမြစ်ဥအစို ၃-ကျပ်သားကို ထောင်းထု၍ နွားနို့ ၂၇-ကျပ်သားဖြင့် တညစိမ်ထားပါ။ နံနက်အချိန်တွင် ၄င်းနို့ကို စစ်ယူ၍ သကြား ၁၂-ပဲသား ထည့်၍ သောက်ပါ။

အထူးသဖြင့် ၄င်းဆေးကို ၇/၈ ရက်စသည်ဖြင့် စွဲ၍ သောက်ပါ။

ဓာတ် ၇-ပါးအားနည်းခြင်းနှင့်အတူ သုတ်ဓာတ်အားနည်းခြင်း ပျောက်ကင်းပါလိမ့်မည်။

၉။ ကိုယ်လက်အင်္ဂါ ကြီး၊ ငယ် အားနည်းခြင်း

ကိုယ်လက်အင်္ဂါ ကြီးငယ်တို့သည် လှုပ်ရှားခြင်းငှာ သွက်လက်ခြင်း မရှိကြပေ။ အားအင် ချိနဲ့နေမူ လက်ပံပင်နုနု၏ အမြစ်အခေါက်ကို အမှုန့်ပြု၍ ပျားရည်၊ သကြားခဲဖြင့် သောက်ပါ။ ပျောက်ကင်း၏။

၁၀။ ဆီးအောင့်နာ

လက်ပံပင်ငယ်၏ အမြစ်မှုန့်ကို သကြားခဲဖြင့်ရော၍ နွားနို့ပူပူနှင့် သောက်မူ ဆီးအောင့်ရောဂါ ပျောက်ကင်း၏။

၁၁။ မီးလောင်ခြင်း

မီးလောင်သောနေရာသို့ လက်ပံမှို့သီးကို သွေး၍ လိမ်းပေး၊ ကပ်ပေးမူ အပူသက်သာ၍ အနာလည်း အကျက်မြန်ပါလိမ့်မည်။

၁၂။ အစာမကြေ အတိသာရဝမ်းသွားခြင်း

လက်ပံစေး ၃/၄-ပဲသားကို အမှုန့်ပြု၍ သကြားခဲနှင့် ရော၍ သောက်ပါက အစာမကြေ အတိသာရဝမ်းသွားခြင်း ပျောက်ကင်း၏။

၁၃။ ဆီးနှင့်သုတ်ဓာတ် ရောနှောပါလာခြင်း

လက်ပံအခေါက်ကို နွားနို့နှင့်သွေး၍ ဇီယာအမှုန့် အနည်းငယ်ထည့်ပြီး သကြားခဲနှင့်ရော၍ သောက်ပါ။သုတ်ဓာတ်များ ပွားများ၍ အားအရေကြည်လင်လျက် အားခွန်ဗလ တိုးပွားစေလိမ့်မည်။

၁၄။ နှလုံးရောဂါ

လက်ပံအခေါက်ကို နွားနို့နှင့်ကျို၍ တစ်လတိုင်တိုင် သောက်ပါ။ လေကို နှိမ်နင်းပြီးလျှင် နှလုံးကို အားပေးလိမ့်မည်။

အကယ်၍ တစ်နှစ်တိုင်တိုင် သောက်နိုင်ပါက များစွာအသက်ရှည်စေနိုင်သော “ရသာယနဆေးကြီး” ဖြစ်ပါသည်။

တစ်ခါသောက်မူ လက်ပံခေါက် ၁-ကျပ်သား + နွားနို့ ၂၅-ကျပ်သား နှင့်ကျက်အောင်ကျို၍ သောက်ပါ။

၁၅။ အပူငြိမ်းလိမ်းဆေး

အနာမီးလျှံ ၊ ရေယုန် စသည်တို့ပေါက်၍ အလွန်ပူလောင်ပါက လက်ပံခေါက်ကို ရေနှင့်သွေး၍ လိမ်းပေးပါ။ ပူလောင်ခြင်း ပျောက်ကင်းပါလိမ့်မည်။

၁၆။ မျက်နှာအရောင်ကြည်လင်ဆေး

မျက်နှာ၌ အကွက်အထင်းပေါက်ခြင်း အရောင်အဆင်း ညစ်နွမ်းခြင်း ဖြစ်မူ လက်ပံဆူးအဖုကို နွားနို့နှင့်ဖြစ်စေ ဆိတ်နို့နှင့်ဖြစ်စေ သွေးလိမ်းပါ။

မျက်နှာအသားချော၍ အရောင်ကြည်လင် လာပါလိမ့်မည်။

၁၇။ သွေးမြင်းသရိုက် ဝမ်းကိုက်ပျောက် စိမ်ဆေးနည်း

လက်ပံပွင့်၏အိုးဖတ်ကို ညဦးက ရေစိမ်၍ထားပါ။ နံနက်တွင် ရေကိုစစ်၍ သကြားခဲအနည်းငယ်ထည့်၍ သောက်မူ သွေးမြင်းသရိုက် ရောဂါ ၊ ဝမ်းကိုက်ရောဂါများ ပျောက်ကင်းပါလိမ့်မည်။

၁၈။ ခရုသင်းလိမ်းဆေး

ခရုသင်းရောဂါဖြစ်မူ

လက်ပံပွင့် ၊ သလဲသီးအခြံ ၊ ကွမ်းရွက် ၊ ကွမ်းသီး ၊ ထုံး ၊၄င်းဆေးအစုကို ရောကြိတ်၍ လိမ်းပေးမူ ခရုသင်းနာပျောက်ကင်းစေ၏။

ကိုးကား-အရှင် နဂသိန် ပုံ ပြဆေး အဘိဓာန် တတိယတွဲ
မူရင်းရေးသားသူကို လေးစားစွာဖြင့်creditပေးပါသည်

ရေးသားသူ -Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။