သရုပ်ဆောင်ထူးခန့်ကျော်ကို မြန်မာနိုင်ငံဆေးကောင်စီမှ သတိပေးတားမြစ်ချက်ထုတ်ပြန်

Celebrity Local News
သရုပ်ဆောင်ထူးခန့်ကျော်ကို မြန်မာနိုင်ငံဆေးကောင်စီမှ သတိပေးတားမြစ်ချက်ထုတ်ပြန်

သရုပ်ဆောင်ထူးခန့်ကျော်ဟာ တိုင်းရင်းဆေး ပညာနဲ့ အကြောညှပ်၊ အကြောပြင်၊ လေဖြန်း၊ လေဖြတ်၊ ကျီးပေါင်းဝေဒနာတွေကို ဆေးကု သမှုပေးနေတာဖြစ်ပြီး”ပရဟိတထူးချွန်တံခွန်” ဘွဲ့တံဆိပ်နှင့်ဆုကို ပေးအပ်ခြင်းခံရတာဖြစ်ပါတယ်။

ရန်ကုန်တွင် နေ့စဉ် လူနာ စုစုပေါင်း တထောင်ကျော်ကို ဆေးကုသပေးနေသည့် ရုပ်ရှင်သရုပ်ဆောင် ထူးခန့်ကျော်အား ခွင့်ပြုချက်မရှိဘဲ ဆေးကုသခြင်းများကို လုပ်ကိုင်နေသည်ဟုဆိုကာယနေ့တွင် မြန်မာနိုင်ငံဆေးကောင်စီက သတိပေးတားမြစ်သည့် စာထွက်ပေါ်လာခဲ့ပါတယ်။

သတိပေးစာထဲတွင် ခွင့်ပြုချက်မရှိဘဲ ဆက်လက် ဆေးကုသခြင်းများပြုလုပ်ပါက မြန်မာနိုင်ငံဆေးကောင်စီဥပဒေ ပုဒ်မ ၅၄ နှင့် ၅၈ တို့ဖြင့် အရေးယူမည်ဟုလည်း အသိပေး ထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံဆေးကောင်စီဥပဒေ ပုဒ်မ ၅၄ ဆိုသည်မှာ “မည်သူမျှ ဆေးကုသခွင့်လိုင်စင် မရှိဘဲ ဆေးကုသခြင်း မပြုရ။”ဖြစ်ပြီး မြန်မာနိုင်ငံဆေးကောင်စီဥပဒေ သည် “မည်သူမဆို ပုဒ်မ ၅၄ ပါ တားမြစ်ချက် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ငွေဒဏ် လည်း ချမှတ်နိုင်သည်။”ဆိုပြီးတော့ ပြဌာန်းထားတယ်။

အခုလို သတိပေး တားမြစ်သည့်စာ ထွက်ပေါ် လာခြင်းနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ဘက်က မတ်လ(၉)ရက်နေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ တုံ့ပြန်လာခြင်းမရှိသေးကြောင်း လည်း သိရသည်။

ရေးသားသူ –Let Pan NEws

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။