ရုရှား ရွေးကောက်ပွဲကို အနောက်က ရှုတ်ချပေမဲ့ ပူတင် အနိုင်ရတာကို တရုတ်နဲ့ အိန္ဒိယက ဂုဏ်ပြု

International News
ရုရှား ရွေးကောက်ပွဲကို အနောက်က ရှုတ်ချပေမဲ့ ပူတင် အနိုင်ရတာကို တရုတ်နဲ့ အိန္ဒိယက ဂုဏ်ပြု

ဗလာဒီမီယာ ပူတင်က တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ရုရှား သမ္မတရွေးကောက်ပွဲကို ဥရောပ သမဂ္ဂက ရှုတ်ချလိုက်ပါတယ်။ရုရှား သမ္မတရွေးကောက်ပွဲမှာ ဗလာဒီမီယာ ပူတင်ဟာ သူ တယောက်ပဲ ပီပီပြင်ပြင် အရွေးခံနိုင်ခဲ့တာကြောင့် မဲ စုစုပေါင်းရဲ့ ၈၇ ရာခိုင်နှုန်း ရခဲ့ကာ အခုဆို ၅ ကြိမ်မြောက် သမ္မတသက်တမ်းကို ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

စနစ်တကျ ဖိနှိပ်ထားတဲ့ အောက်မှာ ရုရှားဟာ နိုင်ငံရေး လွတ်လပ်ခွင့် နည်းပါး နေပြီး အဲဒီအခြေအနေ အောက်မှာ လုပ်တဲ့ ရွေးကောက်ပွဲပဲလို့ ဥရောပ သမဂ္ဂက ပြော ပါတယ်။

သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာလုပ်တဲ့ ရွေးကောက်ပွဲတွေကလည်း တရားမဝင်ဘူးလို့ သူတို့က ပြောပါတယ်။ဒါပေမဲ့ ဒီရွေးကောက်ပွဲ ရလဒ်ကို အီရန်၊ မြောက်ကိုရီးယား၊ ဘေလာရုစ်၊ တရုတ် ၊ အိန္ဒိယ တို့အပါအဝင် ရုရှားရဲ့ မဟာမိတ်နိုင်ငံတွေက ကြိုဆိုလိုက်ပါတယ်။

၂ နိုင်ငံကြားဆက်ဆံရေးကို တိုးမြှင့် သွားရေးအတွက် တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ မစ္စတာ ပူတင်တို့ စကားပြောခဲ့ကြပါတယ်။ရုရှား ခေါင်းဆောင်က သူ့အဆိုအရ နိုင်ငံတကာ ဆက်ဆံရေးမှာဖြစ်နေတဲ့ ဘုံ ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် သူ ကူညီသွားမယ်လို့ ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။