မင်းသမီးသက်မွန်မြင့်နဲ့အတူ ကဝေရုပ်ရှင်ကားကို အတူကြည့်ချင်တယ်ဆိုတဲ့ ခြူးလေး

Celebrity Local News
မင်းသမီးသက်မွန်မြင့်နဲ့အတူ ကဝေရုပ်ရှင်ကားကို အတူကြည့်ချင်တယ်ဆိုတဲ့ ခြူးလေး

ခြူးလေးကတော့ MRTV-4 ဇာတ်လမ်း တွဲတွေ ရိုက်ကူးရာကနေ လူသိများ အောင်မြင်လာတာ ဖြစ်ပြီးအခု နောက်ပိုင်းမှာ ဆိုရင် ကြော်ငြာတွေ အပြင် ရုပ်ရှင်ဇာတ်ကားကြီး တွေကိုပါ ရိုက်ကူး လာရတာ ဖြစ်ပါတယ်။ခြူးလေးရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင် ချက်တွေနဲ့ ချစ်စရာ ကောင်းတဲ့ပုံစံလေးကြောင့် ပရိသတ်တွေ ကြားမှာ ရေပန်းစားကျော်ကြား နေတဲ့ မင်းသမီးချောလေး ဖြစ်ပါ တယ်။ခြူးလေးကတော့ သရုပ်ဆောင် ပိုင်းတင် ဝါသနာပါသူ လေး ဖြစ်တဲ့ အပြင် Tik Tok Videoတွေကို ပီပီပြင်ပြင် ရို က်ကူးနိုင်တာကြောင့်ပဲ ပရိသတ်က အချစ်ပို နေရသူလေးဖြစ်ပါတယ်။

လက်တလာမှာတော့ ပရိသတ် ရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပေမဲ့ အပြုံးမပျက်ပဲ ရင်ဆိုင်နိုင်သူလေးဖြစ်ပါတယ် . အချစ်ရေးနဲ့ ပက်သက်လို့ ကောလဟာလတွေထွက်ပေါ် နေပေမဲ့ သူမက အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးပါဘူးလို ဆိုပါတယ်။

အခုတစ်ခါမှာတော့ ကဝေရု်ပရှင်ကားကို စီနီယာသရုပ်ဆောင် သက်မွန်မြင့်နဲ့အတူတူကြည့်ချင်ကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။‘ကဝေ ရုပ်ရှင်ကား အတွက် ကမ်းလှမ်းခံရတုန်းက ကိုယ့် idol မင်းသား၊ မင်းသမီးတွေ နဲ့ သရုပ်ဆောင်ရမှာမို့ အရမ်း ပျော်ပြီး ထခုန်ခဲ့ရတယ်။ အခွင့်အရေး ရမယ်ဆိုရင် မသက်မွန် နဲ့အတူ ကဝေ ရုပ်ရှင်ကား အတူ ကြည့်ချင်တယ်’ ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်။

https://fb.watch/qV-Sqtjk_G/

ရေးသားသူ –Myanmar Celebrity

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။