ပရိသတ်အချစ်တော် အကယ်ဒမီစိုးမြတ်သူဇာ ရဲ့ငယ်စဉ်က အရမ်းချောမောလှပခဲ့တဲ့ ပုံရိပ်များ

Celebrity Local News
ပရိသတ်အချစ်တော် အကယ်ဒမီစိုးမြတ်သူဇာ ရဲ့ငယ်စဉ်က အရမ်းချောမောလှပခဲ့တဲ့ ပုံရိပ်များ

အနုပညာလောကမှာ မင်းသမီးကြီးစိုးမြတ်သူဇာကတော့ ထိပ်တန်းအဆင့်မှာရပ်တည်နေနိုင်တဲ့ စီနီယာဝါရင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကောင်မျိုးစုံကိုသရုပ်ဆောင်ခဲ့ပြီး စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်သလို အကယ်ဒမီဆုကြီးတွေကိုလည်း ဆွတ်ခူးရရှိထားခဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အနေနဲ့ အကယ်ဒမီဆုကြီးဆွတ်ခူးထားပါသေးတယ်။

သူမက အသက် ၂၅ နှစ်အရွယ်ကစပြီး ဝတ္ထုတွေေစတင်ရေးခဲ့ပါသေးတယ်။ ပထမဦးဆုံး အချစ်စစ်စစ်များ၊ မောင့်အတွက်၊ ယုံကြည်၍ခံစားရသည် ခံစားရ၍ယုံကြည်သည်၊ အနားသတ် သစ္စာ၊ ချစ်မိတဲ့ အခါ ၊ Feeling 35 စတဲ့ စာအုပ် ၇ အုပ်ကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အကယ်ဒမီ စိုးမြတ်သူဇာကတော့ အသက် ၅၅ နှစ်ပြည့်ရဲ့ Virgo 55 စာအုပ်ဆိုပြီး ဆက်လက်ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သရုပ်ဆောင် မြယာကလည်း အကယ်ဒမီ စိုးမြတ်သူဇာရဲ့ ပထမဦးဆုံး အချစ်စစ်စစ်များဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးခွင့်ကို ပထမဦးဆုံး ရရှိထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ငယ်ဘ၀ က ပုံရိပ်တွေကို ပရိသတ‌် သိအောင် ချပြလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။