မင်းသမီးကြီးသက်မွန်မြင့်ကိုအရမ်းကြိုက်လို့ အတူတူသရုပ်ဆောင်ခွင့်ရရင် အတိုင်းမသိပျော်မိမှာပါ ဆိုတဲ့ တိုင်ရွန်

Celebrity Local News
မင်းသမီးကြီးသက်မွန်မြင့်ကိုအရမ်းကြိုက်လို့ အတူတူသရုပ်ဆောင်ခွင့်ရရင် အတိုင်းမသိပျော်မိမှာပါ ဆိုတဲ့ တိုင်ရွန်

သရုပ်ဆောင် တိုင်ရွန်ကတော့ မော်ဒယ်အဖြစ် အနုပညာလောကကိုဝင်ရောက်ခဲ့ပြီး အခုချိန်မှာဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးတဲ့ မင်းသားတယောက်ဖြစ်လာနေပါပြီ။ သူ့ရဲ့ထူးခြားတဲ့ တက်တူးတွေနဲ့ ခန္ဓာကိုယ်တောင့်တင်းမှုတွေက အဓိကဆွဲဆောင်မှုတွေဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားတစ်ယောက်ဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ တိုင်ရွန်က စီနီယာဖြစ်တဲ့ မင်းသမီးသက်မွန်မြင့်နဲ့ အတူတူသရုပ်ဆောင်ချင်ကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။”မသက်မွန် မင်းသမီး စဖြစ်ကတည်းက သူ့ကားတွေကြည့်ခဲ့တာပါ… တစ်ခြား မင်းသမီး တွေနဲ့ မတူတဲ့ ကာလာနဲ့ ကွဲထွက်နေတာမျိုးရှိတယ်…အိုက်တင်ဆိုလည်း အရမ်းကောင်း တယ်…နောက်ပိုင်း မင်းသမီးကြီးတွေရဲ့ ကားတွေက ရှားနေပြီလေ..ကျွန်တော်က မင်းသား, မင်းသမီးကြီးတွေကို တန်ဖိုးထားပါတယ်…မသက်မွန်နဲ့ ရိုက်ခွင့်ရမယ်ဆို ပျော်ပြီလေ..

ကိုယ်အားပေးခဲ့တဲ့မင်းသမီးနဲ့ရိုက်ရမှာဆိုတော့ ကျွန်တော်ရင်မဟုတ်ဘူးအိမ်ကလူတွေ
ကပါပျော်မှာလေ..မိဘတွေကိုဂုဏ်ယူစေချင်လို့ချစ်သက်နဲ့တွဲရိုက်ချင်တယ်လေ.အခု ကဝေဇာတ်ကားက မသက်မွန်ရိုက်ထားတာကြာပြီ သူ Tiktok မှာတင်ကတည်းက ကြ ည့်ချင်နေတာ အခုမှကြည့်ရတော့မှာ..သရဲ တစေတွေတော့မယုံကြည်ဘူး မကြောက်လို့ တော့မဟုတ်ပါဘူး သူပါသာနေကိုယ့်ပါသာနေပေါ့နော်”လို့ပြောပြလာပဲဖြစ်ပါတယ်

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။