၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် အလုပ်တာဝန် နှောင့်ယှက်မှုတို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါမယ်။ ဒါကြောင့် မိမိကိုယ်မိမိ အလုပ်တာဝန် များပြားနေသည့်ကြားမှ ကျန်းမာရေး အတွက် အနားယူပေး ရပါမယ်။

ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေနိုင်သော်လည်း သတိထားပေးရန် လိုအပ်ပါမယ်။ အထူးသဖြင့် ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ တခြားသူအား မျက်စိစုံမှိတ် မယုံကြည်ပါနှင့်။ ငွေကြေး ဆုံးရှုံးမှုတို့ကြောင့် ‌ဘဏ္ဍာရေး တိုးတက်မှုကို ထိခိုက်စေနိုင်ပါမယ်။

ဤကာလအတွင်း Aries ရာသီခွင် အများစုသည် စိတ်ခံစားချက်များကို ထိန်းချုပ်ပေးရန် လိုအပ်ပါမယ်။ အထူးသဖြင့် သူငယ်ချင်း၊ ဆွေမျိုး၊ မိသားစု အသိုင်းအဝိုင်းတို့က မိမိ လိုအပ်ချက် အပေါ် နားလည်မှု မပေးနိုင်သလို ခံစားနေရတတ်ပါတယ်။

ပြိဿရာသီခွင် – Taurus ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရပါမယ်။ မိမိ၏ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အထူးသဖြင့် အဆီများသော အစားအစာများကို ရှောင်ကြဉ်ရပါမယ်။

ငွေကြေးအရ အကျိုးအမြတ်များ ရရှိနိုင်သလို အတိုက်အခိုက်များလည်း ရှိနေတတ်ပါတယ်။ အလည်အပတ် သွားလာခြင်းတို့ကြောင့် ထွက်ငွေ များပြားနေနိုင်ပါမယ်။ ယခင်က အိမ်ခြံမြေနှင့် ပတ်သက်သည့် ငွေပေးငွေယူ ပြုလုပ်ခဲ့ပါက ယခုသီတင်းပတ်တွင် အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း မိမိနေအိမ်သို့ ဧည့်သည်များ လာရောက်လည်ပတ်နိုင်ခြေ ရှိနေပါတယ်။

မေထုန်ရာသီခွင် – Gemini ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ မိမိ၏ ကျန်းမာရေးကို ဦးစားပေးခြင်းဖြင့် ရောဂါများစွာကို သက်သာ ပျောက်ကင်းစေနိုင်ပါမယ်။ ဒါကြောင့် ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းများနှင့် အတူ အစိမ်းရောင် အသီးအရွက်များကို တတ်နိုင်သမျှ စားသုံးပေးပါ။

အတိတ်ကာလ ရင်နှီးမှုများမှ အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ သို့သော် ငွေကြေး သုံးစွဲရာတွင် အကန့်အသတ် ထားရှိပေးပါ။ ကိုယ်ပိုင် အကျိုးစီးပွား လုပ်ကိုင်ကြသူများ အနေနှင့်လည်း အတိုက်အခိုက်များ ရှိနေတတ်၍ သတိထားပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း မိသားစု ဘဝတွင် အပြောင်းအလဲ အချို့ကြောင့် ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်ပါတယ်။ လေးစားမှုကို ကျဆင်းကာ လျစ်လျူရှုမှုနှင့် ရင်ဆိုင်ရတတ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေး တိုတးက်မှုတို့ဖြင့် နေထိုင်နိုင်ပါမယ်။ အစာမကြေခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်း စသော အသေးအဖွဲ့ ပြဿနာများ ရှိနေနိုင်သော်လည်း အထူး စိုးရိမ်စရာ မလိုအပ်ပေ။ စိတ်အားထက်သန်မှုနှင့် အတူ ကြိုးစား အားထုတ်နိုင်ပါမယ်။

ငွေကြေးအရ ရက်သတ္တပတ် အစောပိုင်းတွင် ရင်းမြစ်များစွာမှ ရရှိနိုင်ပါမယ်။ ဆွေမျိုးများကို ငွေကြေး အကူအညီများ ပေးစွမ်းနိုင်ပါမယ်။ သို့သော် ကတိတည်သော သူများကိုသာ ငွေကြေး ချေးငှားပေးပါ။

ဤကာလအတွင်း မောင်နှမ တစ်ဦးဦး၏ ကျန်းမာရေးသည် အားနည်းနေတတ်ပါတယ်။ ဒါကြောင့် ‌ကျန်းမာရေး အတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။ မိသားစုရေးရာ ကိစ္စရပ်များကို တတ်နိုင်သမျှ ကူညီပေးပါ။

သိဟ်ရာသီခွင် – Leo ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ပြဿနာများ ကြုံတွေ့ရမည် မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်နေပါမယ်။ ကျန်းမာရေးနှင့် အညီ လတ်ဆတ်သော သစ်သီးများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စားသုံးပေးရန် အကြံပြုလိုပါတယ်။

ငွေရေးကြေးရေး အရ ရုတ်တရက် ဆိုသလို အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ သို့သော် လက်ထဲတွင် ကြာရှည်ခံမည် မဟုတ်ပေ။ အထူးသဖြင့် ဒဏ်ကြေး၊ လျော်ကြေးငွေများ ပေးဆောင်ရတတ်ပါတယ်။ ဤကာလအတွင်း ယခင်ပျောက်ဆုံးသွားသော အဖိုးတန် အရာ တစ်ခုခု ကြတ်လည် ရရှိနိုင်ပါမယ်။

မိသားစု ပတ်ဝန်းကျင်တွင် ပျော်ရွှင်မှုနှင့် အတူ အချိန် တူတူ ကုန်ဆုံးနိုင်ပါမယ်။ ဒါ့အပြင် အချို့သော မိသားစုဝင်များ၏ လေ့လာမှုအပေါ် အကူအညီ ပေးဆောင်နိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကောင်းမွန်လာပါမယ်။ သို့သော် အခြားသူများနှင့် စကားပြောဆိုရာတွင် အနည်းငယ် ချီတုံချတုံ ခံစားရတတ်ပါတယ်။ မိမိကိုယ်မိမိ ဖိစီးမှုကင်းအောင် နေထိုင်ပေးပါ။

လက်ရှိလုပ်ငန်းကို တိုးချဲ့ရန် အတွက် ချေးငွေများ ရယူဖွယ် ရှိနေပါတယ်။ ငွေကြေး ကိစ္စရပ်များနှင့် ပက်သက်၍ အစောကတည်းက သတိထားပေး ရပါမယ်။ လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံအောင် ဖြည်းပေးရပါမယ်။

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစု ဘဝတွင် နွေးထွေးမှု ရရှိအောင် ညှိနှိုင်းဆောင်ရွက်မှုများ လိုအပ်ပါလိမ့်မယ်။ မိသားစုဝင်တို့၏ သဘောထားကို ထည့်သွင်း စဉ်းစားပေးပါ။ အကြောင်းကိစ္စ တစ်ခုခုနှင့် ပက်သက်၍ ဆုံးဖြတ်ချက် ချရမည် ဆိုပါက မိသားစုဝင်တို့၏ အကြံဉာဏ်များကိုလည်း ရယူနိုင်ပါတယ်။

တူရာသီခွင် – Libra ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် မကြာခဏဆိုသလို ခေါင်းကိုက်နေရ တတ်ပါမယ်။ စိတ်ပိုင်းဆိုင်ရာ အရ ခံစားလွယ်ကာ မလိုအပ်ဘဲ စိတ်ဆိုးနေနိုင်ပါမယ်။ ဒါကြောင့် သဘော သဘာဝအရ အကောင်းမြင်စိတ်များကို ပြန်လည် မွေးမြူပေးပါ။ မဟုတ်ပါက လူမှုဆက်ဆံရေး နယ်ပယ်တွင်ပါ ဆိုးကျိုး သက်ရောက်လာစေနိုင်ပါမယ်။

အစိုးရကဏ္ဍနှင့် ပက်သက်နေပါက အရေးကြီးသလို ပိုမိုကောင်းမွန်နေပါမယ်။ ဤကာလအတွင်း အကျိုးအမြတ်များနှင့် ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေတတ်ပါတယ်။

ယခုအပတ်မှာတော့ မိမိ၏ မိသားစုဝင်များ အပေါ် ချုပ်ခြယ်ကန့်သတ်မှုများ မပြုလုပ်ပါနှင့်။ အခြေအနေတိုင်း အပေါ် စိတ်ရှည် သည်းခံစွာ လုပ်ဆောင်ပေးရန် အကြံပြုလိုပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် အတိုင်းအတာ တစ်ခုအထိ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ ကိုယ်ရေးကိုယ်တာနှင့် ကျန်းမာရေး အကြား ဟန်ချက်ညီမှုရှိအောင် ထိန်းသိမ်းထားပါ။

အကယ်၍ ငွေကြေး ပြဿနာများနှင့် အချိန်အတော်ကြာ ကြုံတွေ့နေရပါက ယခုအပတ်တွင် သက်သာရာ ရရှိနိုင်ပါမယ်။ ဒါ့အပြင် ဝင်ငွေ တိုးစေရန် နည်းလမ်းများကို ရှာဖွေပါ။ ဆရာကောင်း၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်များကို ရယူနိုင်ပါတယ်။

သို့သော် မိသားစု တာဝန်များ တိုးလာခြင်းကြောင့် စိတ်ဖိစီးမှုများ ရှိလာနိုင်ပါမယ်။ အဆင်မပြေမှုများကို လက်မှိုင်ချနေမည့် အစား ဖြေရှင်းရန် ကြိုးစားသင့်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှု ရှိလာပါမယ်။ သို့သော် ဘဝနေထိုင်မှု ပုံစံကြောင့် အတက်အကျများလည်း ဖြစ်ပေါ်နိုင်သည်ကိုလည်း သတိထားပေး ရပါမယ်။ စိတ်ပ်ုင်းဆိုင်ရာ လွတ်လပ်မှုအတွက် အချိန် အနည်းငယ် ပေးပါ။

ငွေကြေးအားဖြင့် နယ်ပယ်များစွာမှ ဝင်ငွေများ ရရှိနိုင်ပါမယ်။ အတိတ်ကာလ ရင်းနှီးမြုပ်နှံမှုများမှ အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ သို့သော် မိသားစု ကုန်ကျစရိတ်များ တိုးလာခြင်းကြောင့် ငွေစုရန် ခက်ခဲနေတတ်ပါတယ်။

ဤကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန် အပြင် မိသားစု ဘဝအတွက်ပါ အချိန်ပေးပါ။ မိသားစု၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပါ။

မကာရရာသီခွင် – Capricorn ( March 25 to March 31 )
===============================================

ဤကာလအတွင်း Capricorn ရာသီခွင်တို့သည် အားအင်ချိနဲ့နေသလို ခံစားနေရတတ်ပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိ အလွန်အကျွံ ဖိအားမပေးမိစေရန် ကြိုးစားပါ။ အလုပ်ချိန် အပြင် အနားယူရန် အတွက်ပါ အချိန် လုံလုံလောက်လောက် ထားရှိပေးပါ။

ငွေကြေးအရ သတင်းကောင်းများ ကြားသိရနိုင်ပါမယ်။ ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ သို့သော် ငွေကြေး သုံးစွဲမှုကို ကန့်သတ်ထားပေးပါ။ မောင်နှမအား‌ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်နိုင်ပါတယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် အထူးတလည် ပြုလုပ်စရာ မလိုအပ်ဘဲ ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။ မိသားစုဝင်များ အကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( March 25 to March 31 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် အသက်ကြီးပိုင်း ရာသီခွင်များ အနေနှင့် ဂရုစိုက်ပေး ရပါမယ်။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ အနည်းငယ် ရှိနေတတ်ပါတယ်။

ငွေကြေးနှင့် ပက်သက်၍ စိုးရိမ်စရာ မလိုအပ်ပေ။ စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်ကို ကြုံတွေ့ရတတ်ပါတယ်။ အကျိုးခံစားခွင့်များ ရရှိစေရုံ သာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်းလာပါမယ်။

ဤကာလအတွင်း မိသားစု၏ အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ပါမယ်။ သားသမီး ရှိကြသူများ အနေနှင့် မှန်ကန်သော လမ်းညွှန်ချက်များ ပြသပေးပါ။

မိန်ရာသီခွင် – Pisces ( March 25 to March 31 )===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးအရ အထူးစိုးရိမ်စရာ မလိုအပ်ပေ။ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ဒါ့အပြင် အားကစားများ၊ ပြင်ပလှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ချမ်းသားမှုကို တိုးမြှင့်ရန် အတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်သောကြောင့် ကြိုးစားအားထုတ်မှုများကို အနည်းငယ်မျှပင် ကျဆင်း မသွားပါစေနှင့်။

သို့သော် မိသားစု ဘဝတွင် အငြင်းအခုံများ ရှိနေတတ်ပါတယ်။ မိသားစုဝင်များ အကြား ဆန့်ကျင်သော အပြုအမူတို့ကြောင့် အဆင်မပြေ‌နိုင်ပေ။ အကြောင်းအရာ တစ်ခုခုကို ပြုလုပ်လိုပါက မိမိ၏ သဘောထားနှင့် အခြားသူများ နားလည်သဘောပေါက်အောင် ကြိုးစားပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။