၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မှ ဧပြီလ ၂၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မှ ဧပြီလ ၂၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်များ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးရန် လိုအပ်ပါမယ်။ စိတ်ဖိစီးမှုများကြောင့် အဆိုးမြင် အတွေးများ ဝင်ရောက်လာနိုင်ပါတယ်။ စိတ်ပျံ့လွင့်မှု မရှိလေအောင် တတ်နိုင်သမျှ အလုပ်များနှင့်သာ ကုန်ဆုံးပေးပါ။

ငွေကြေး အရ ဆုံးဖြတ်ချက်များ ချမှတ်ရတတ်ပါတယ်။ အပြုသဘောဆောင်သော အကျိုးရလာဒ်တို့ဖြင့် အတိတ်ကာလ ဆုံးရှုံးမှုများမှ ရုန်းထွက်နိုင်ပါမယ်။ ဝင်ငွေများ ရရှိစေကာ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာပါလိမ့်မယ်။

ရက်သတ္တပတ် အစောပိုင်းတွင် မိသားစု ဘဝအတွက် ကံတရားသည် ကောင်းမွန်နေပါမယ်။ မိသားစုဝင်များ အကြား ဆက်ဆံရေး အားကောင်းကာ ပိုမို အဆင်ပြေလာပါမယ်။ အိမ်မှုရေးရာ ကိစ္စရပ်တိုင်း ပါဝင် ဆောင်ရွက်နိုင်ကာ ပံ့ပိုး ကူညီမှုများ ရရှိနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် အတက်အကျများ ရှိနေတတ်ပါတယ်။ လေ့ကျင့်ခန်း၊ ‌ယောဂ စသော လှုပ်ရှားမှုများ နေ့စဉ် ပြုလုပ်ပေးပါ။ မိမိ၏ ကျန်းမာရေးအတွက် အလုံအလောက် အနားယူပေးပါ။

ငွေရေးကြေးရေးနှင့် ပက်သက်၍ အသုံးစရိတ်နှင့် ဝင်ငွေကို မျှတအောင် စီစဉ်ပေးရပါမယ်။ ရက်သတ္တပတ် အစောကတည်းက ငွေကြေးကိစ္စများကို သတိထားပေးရပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

ဤကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန် အပြင် မိသားစု ဘဝအတွက်ပါ အချိန်ပေးပါ။ မိသားစု၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပါ။

မေထုန်ရာသီခွင် – Gemini ( April 22 to April 28 )
===============================================

ယခုအပတ်မှာတော့ ကိုယ်ဝန်ဆောင် Gemini ရာသီခွင်များ အနေနှင့် ကျန်းးမာရေးကို ဂရုစ်ိုက်ပေး ရပါမယ်။ အထူးသဖြင့် ကိုယ်ခံအား ကောင်းမွန်အောင် ကြိုးစားပေးပါ။ ရောဂါ ဝေဒနာ ခံစားရနိုင်ခြေ ရှိနေပါတယ်။

ဘိုးဘွားပိုင် ပစ္စည်း၊ မြေယာ၊ ပိုင်ဆိုင်မှု စသည်ဖြင့် အတိတ်ကာလ ရင်းနှီးမှုများကြောင့် ဝင်ငွေ ကောင်းမွန်နေပါမယ်။ ငွေကြေး တိုးတက်မှုဖြင့် အခြားသော စီးပွားရေးရာ ကိစ္စရပ်များကိုပါ လုပ်ဆောင်နိုင်ပါမယ်။ ကောင်းမွန်သော အစီအစဉ်တို့ဖြင့် ထပ်မံ ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်နိုင်ပါတယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစုဘဝတွင် ပဋိပက္ခများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ မိသားစုဝင်များ အကြား ယုံကြည်မှု တည်ဆောက်ပေးရန် လိုအပ်ပါမယ်။ မဟုတ်ပါက မလိုအပ်သော ပြောဆိုမှုတို့ကြောင့် ပဋိပက္ခ ဖြစ်ပေါ်နိုင်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေနိုင်ပါမယ်။သို့သော် အစားအသောက်နှင့် ဂရုစိုက်ဆင်ခြင်ပေးရပါမယ်။ အဆီအစိမ့် လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုသူများ၊ စီးပွားရေးချဲ့ထွင်ကြလိုသူများ အတွက် အပြုအမူတိုင်းကို သတိထားပေးရပါမယ်။ အနှောင့်အယှက် အချို့ကြောင့် မိမိမျှော်မှန်းထားသော အမြတ်အစွန်းကို ရရှိရန် ခက်ခဲနေတတ်ပါတယ်။

ဤကာလအတွင်း မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

သိဟ်ရာသီခွင် – Leo ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်များသည် ရုပ်ပိုင်းဆိုင်ရာနှငိ့ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ရရှိစေနိုင်ပါမယ်။ ဒါ့အပြင် လမ်းလျှောက်ခြင်း၊ ကျန်းမာရေး လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ဖြတ်သန်းပေးပါ။

ငွေကြေးလမ်းကြောင်းအရ ပိတ်ဆို့မှုများ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ကြသူများ အနေနှင့် ဦးဆောင် လုပ်ဆောင်ရာတွင် သတိထားပေးပါ။ အထူးသဖြင့် မိမိ၏ စိတ်ကို တည်ငြိမ်အောင် ထားကာ ဆုံးဖြတ်ချက်များ ချမှတ်ပေးပါ။ ဒါ့အပြင် မှန်ကန်သော စီမံခန့်ခွဲမှုဖြင့် အသုံးစရိတ် ထိန်းချုပ်နိုင်အောင် ကြိုးစားပေး ရပါမယ်။

ဤကာလ အစောပိုင်းအတွင်း မိသားစုများ၊ သူငယ်ချင်း အပေါင်းအသင်တို့၏ ရပ်တည်မှုတို့ဖြင့် အခက်အခဲများကို ရင်ဆိုင် ကျော်ဖြတ်နိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်များ အနေနဲ့ ရောဂါကြီးကြီးမားမား ခံစားနေရပါက သက်သာနိုင်ပါမယ်။ ဆရာဝန်၏ လမ်းညွှန်မှုနှင့်အတူ မှန်ကန်သော စောက်ရှောက်မှု ခံယူပေးပါ။

ငွေကြေးအရ တိုးတက်မှုများ ရှိနေပါမယ်။ ဆိုင်းငံ့ထားသော ငွေကြေး တောင်းခံလွှာများနှင့် အကြွေးများ ပြန်လည် ရရှိနိုင်ပါမယ်။ သို့သော် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ချေးငှားခြင်းတို့ကို မပြုလုပ်ပါနှင့်။

ဤကာလအတွင်း အလုပ်တာဝန် များပြားမှုတို့ကြောင့် မိသားစု ဘဝအပေါ် အချိန်ပေးရန် ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် မိမိတတ်နိုင်သမျှ မိသားစု၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးရန် လိုအပ်ပါလိမ့်မယ်။ မဟုတ်ပါက မိသားစု ပတ်ဝန်းကျင်တွင် ဖိစီးမှုတို့နှင့် အတူ အဆိုးမြင်စိတ်များ လွှမ်းမိုးနေရတတ်ပါတယ်။

တူရာသီခွင် – Libra ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်များသည် မပျင်းမရိဘဲ ကျန်းမာရေးကို လိုက်စားပေးပါ။ ကျန်းမာရေး အတွက် လေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ တတ်နိုင်သမျှ အချိန်ယူပြီး အနားယူပေး ရပါမယ်။ မိမိ လုပ်နိုင်စွမ်းထက် ပို၍ တွန်းအား မပေးပါနှင့်။

ယခင်က ချေးငွေ ယူထားကြသူများ အနေနှင့် ပြန်ဆပ်ရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ပါတယ်။ ဝင်ငွေနှင့် ထွက်ငွေများ အကြား မျှတမှုရှိအောင် စီစဉ်ပေးရန် လိုအပ်ပါမယ်။

ဤကာလ တစ်လျှောက်လုံး မိသားစု ဘဝသည် ကောင်းမွန်နေပါမယ်။ မိသားစုဝင်များ၏ ကျန်းမာရေး တိုးတက်မှုနှင့် အတူ လိုအပ်သော အရာများကို ဝယ်ယူရန် စီစဉ်နိုင်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲများ ရှိနေပါမယ်။ သို့သော် ပေါ့ပေါ့ဆဆ မနေပါနှင့်။ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု ရရှိအောင် ကြိုးစားပေးပါ။

ငွေကြေးအရ မိမိ၏ ငွေကြေးအား အခြားသူများ အတွက် မလိုအပ်ဘဲ မသုံးစွဲပါနှင့်။ အသုံးစရိတ်များကို ကန့်သတ်ထားပေးပါ။

ဤကာလအတွင်း မိသားစုဝင်များထဲမှ နာတာရှည် ရောဂါ ခံစားနေရပါက သက်သာ ပျောက်ကင်းနိုင်ခြေ ရှိနေပါတယ်။ ကျန်းမာရေး တိုးတက်ကာ ဘာသာရေးဆိုင်ရာ နေရာများ သို့မဟုတ် ပျော်ပွဲစားထွက်ရန် စီစဉ်နိုင်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( April 22 to April 28 )
===============================================

ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် ယခုအပတ်သည် Sagittarius ရာသီခွင်များ အတွက် ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ပြဿနာများ ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ပေ။ ကျန်းမာရေး တိုးတက်မှုများ ရှိနေမည့် အချိန်ကာလ ဖြစ်ပါတယ်။

ငွေကြေးအရ အချည်းနှီးသော အရာများကို ရှောင်ရှားပီး မိမိ၏ ငွေကြေးကို ကောင်းမွန်စွာ အသုံးချပါ။ ငွေကြေး အကူအညီများ ပေးဆောင်နိုင်ပါမယ်။ ရင်းနှီးမြုပ်နှံမှုကို ဂရုတစိုက်ပြုလုပ်ပီး အသုံးစရိတ်များကို အသေချာ စီမံခန့်ခွဲပေးပါ။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ သူငယ်ချင်းများဖြင့် ပျော်ရွှင်စရာ ကောင်းသော အချိန်များ ပိုင်ဆိုင်နိုင်ပါမယ်။ စိတ်အားထက်သန်မှုတို့ဖြင့် အပြုသဘောဆောင်သော ရလာဒ်များကို ယူဆောင်လာပါမယ်။ အိမ်တွင်းရေး ဖိစီးမှုများမှ သက်သာရာ ရရှိနိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် သာမန်ထက် ကောင်းမွန်သော ကျန်းမာရေး အနေအထားသို့ ရောက်ရှိနိုင်ပါမယ်။ ခံစား‌နေရသော ဝေဒနာများ ပျောက်ကင်းကာ ကျန်းကျန်းမာမာဖြင့် ဖြတ်သန်းနိုင်ပါမယ်။

သူငယ်ချင်း၊ ဆွေးမျိုး နီးစပ်သူအချို့၏ ပံ့ပိုးမှုတို့ဖြင့် ငွေကြေး အခက်အခဲများမှ လွတ်မြောက်နိုင်ပါမယ်။ ငွေကြေး အခြေအနေများ တိုးတက်ကာ ကြွေးမြီများ ပြန်လည် ပေးဆပ်နိုင်ပါမယ်။

ယခုရက်သတ္တပတ်သည် Capricorn ရာသီခွင်တို့၏ မိသားစု ဘဝအတွင်း ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ သို့သော် အိမ်တွင်းရှိ တစ်စုံတစ်ခုအား အလိုမကျခြင်းကြောင့် တခါတရံ စကား အခြေအတင် ပြောဆိုရဖွယ် ရှိနေပါတယ်။ မိမိတို့၏ ပစ္စည်းဥစ္စာများကို ဂရုစိုက်ပေးပါ။

ကုမ်ရာသီခွင် – Aquarius ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးအရ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကာ လူမှုဘဝ တိုးတက်လာပါမယ်။ ဆုံးဖြတ်ချက်တိုင်းကို ယုံကြည်မှုရှိရှိ ချမှတ်နိုင်ပါမယ်။

ဘဏ္ဍာရေးနှင့် ငွေကြေး အကျိုးအမြတ်များ ရရှိခြင်းနှင့် ပက်သက်၍ ပုံမှန်ထက် ပိုမိုကောင်းမွန်နေပါမယ်။ အိမ်ထောင်ဖက်၏ မိသားစု သို့မဟုတ် ဘိုးဘွားပိုင် ပစ္စည်များမှ ရုတ်တရက် အကျိုးခံစားခွင့်များ ရရှိနိုင်ပါတယ်။ ရရှိလာသော အခွင့်အရေးများကို မှန်ကန်စွာ အသုံးချပါ။

ဤကာလအတွင်း မိသားစု ဘဝအတွက် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေပါမယ်။ ကြိုးစားအားထုတ်မှုများနှင့် အတူ လိုက်လျောညီထွေမှုများ ရှိနေပါမယ်။

မိန်ရာသီခွင် – Pisces ( April 22 to April 28 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အသီးအနှံများကို ပုံမှန်စားသုံးပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ ‌

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိမျှော်ထားသည်ထက် ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ အကြောင်းအမျိုးအမျိုးကြောင့် ပြဿနာ အချို့ ရှိခဲ့ပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ ညီအကို၊ မောင်နှမများထံမှ ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။