ရာသီဥတု အရမ်းပူပေမဲ့ ကလေး (၁၀၉) ယောက်လုံးအတွက် Aircon အမြဲ ရနေလို့ အရမ်းပဲ စိတ်ချမ်းသာရပါတယ် ဆိုတဲ့ မင်းသမီးခိုင်နှင်းဝေ

Celebrity Local News
ရာသီဥတု အရမ်းပူပေမဲ့ ကလေး (၁၀၉) ယောက်လုံးအတွက် Aircon အမြဲ ရနေလို့ အရမ်းပဲ စိတ်ချမ်းသာရပါတယ် ဆိုတဲ့ မင်းသမီးခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကိုလုပ်ကိုင်ရင်းအနုပညာအလုပ်တွေကိုပါ လုပ်ကိုင်နေတဲ့ ပရဟိတမင်းသမီးတစ်လက်ပဲဖြစ်ပါ တယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း ရင်သွေးလေး များဂေဟာကို ဦးစီးတည်ထောင်ထားသလို အခြားသောပရဟိတအလုပ်တွေကိုလည်းလုပ်ကိုင် နေတာပဲဖြစ်ပါတယ်။အခြေခံပြည်သူလူတန်း စားတွေရဲ့ လိုအပ်တာမှန်သမျှကို ကူညီဆောင်ရွက်ပေး နေတဲ့ ခိုင်နှင်းဝေက မိဘမဲ့ကလေးတွေကိုလည်း မိခင်ရင်းသဖွယ် စောင့် ရှောက်ပေးနေသူပါ ။

အခုတစ်ခါမှာတော့ ရာသီဥတု အရမ်းပူလို့ ဂေဟာကလေးတွေအတွက် Aircon အမြဲရအောင်ပေးထားတဲ့အကြောင်းပရိသတ်တွေကိုပြောပြပေးလာတာပဲဖြစ်ပါတယ်။

“ရာသီဥတု အရမ်းပူပေမဲ့ ကလေး (၁၀၉) ယောက်လုံးအတွက် Aircon အမြဲ ရနေလို့ အရမ်းပဲ စိတ်ချမ်းသာရပါတယ်..လှူဒါန်းတပ်ဆင်ပေးထားတဲ့ “Felicity Solar” ကိုလဲ အထူးပဲ အမြဲကျေးဇူးတင်မိပါတယ်..အရင်က ကိုယ့်ဘာသာ တပ်ထားတဲ့ Solar က လုံးဝ အဆင်မပြေတော့ အရမ်းပဲ စိတ်ညစ်ခဲ့ရတာမို့ Solar နဲ့ ပတ်သတ်ပြီး လာမေးကြတဲ့ သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်ရှင်..💙💜❤️
(ကြော်ငြာပေးခြင်း မဟုတ်ပဲ အမှန် အဆင်ပြေလို့ ဝေမျှပေးခြင်းသာ)…..” ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်ပြောပြလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။