လာဘ်ခေါ်နေရာ

Astrology
လာဘ်ခေါ်နေရာ

အိမ်တစ်အိမ်မှာ “လာဘ်ခေါ်နေရာ” ဆိုတာရှိပါတယ်။ ဖုန်းရွှေပညာအရ လေ့လာကြည့်မယ်ဆိုရင် အိမ်တိုင်းမှာ “လာဘ်ခေါ်တဲ့နေရာ” ဆိုတာရှိကြပါတယ်။ ထို့ကြောင့် အိမ်ရဲ့ “လာဘ်ခေါ်နေရာ” မှာ “လာဘ်ခေါ်ပစ္စည်း” တွေထားလိုက်မယ်ဆိုရင် ထိုအိမ်ရဲ့ အိမ်ထောင်ဦးစီး၊ အိမ်ရှင်မ၊ အိမ်သူအိမ်သားတွေဟာ စီးပွားရေးအလုပ်ကိုင်တွေ အောင်မြင်တိုးတက်လာပါလိမ့်မယ်။

ပထမဦးစွာ အိမ်တစ်အိမ်ရဲ့ “လာဘ်ခေါ်နေရာ” ကိုပြောပြပါမယ်။ နေအိမ်တွေမှာ “လာဘ်ခေါ်နေရာ”က တစ်ခုစီ၊ တစ်နေရာစီပဲ ရှိကြတာပါ။
အိမ်ရဲ့ဧည့်ခန်းကိုဝင်တဲ့အိမ်တံခါးမကြီးကနေ ဧည့်ခန်းထဲကိုကြည့်လိုက်ရင် လက်ဝဲဘက်ထောင့်ဖြတ် အခန်းထောင့်နေရာဟာ အိမ်တစ်အိမ်ရဲ့ “လာဘ်ခေါ်နေရာ” ပဲဖြစ်ပါတယ်။

ထိုနေရာဟာ အိမ်သူအိမ်သားတွေရဲ့ စီးပွားရေးကံကြမ္မာကို ခြယ်လှယ်တဲ့နေရာပဲဖြစ်ပါတယ်။ ထိုကြောင့် ထိုနေရာကို သတိထားသင့်တာပဲဖြစ်ပါတယ်။
အခု …..”လာဘ်ခေါ်နေရာ”ကို သိရှိပြီးပြီဆိုရင် ထိုနေရာမှာ ဘယ်လိုလုပ်ဖို့လိုသလဲဆိုတာကို ဆက်လက်ပြောပြပေးပါမယ်။ “လာဘ်ခေါ်နေရာ” မှာ “လာဘ်ခေါ်ပစ္စည်း” ထားရပါမယ်။

လာဘ်ခေါ်ပစ္စည်းအနေနဲ့ ဘယ်အရာကိုထားရမလဲဆိုရင် “ပန်းပင်” ကိုထားရမှာပဲဖြစ်ပါတယ်။”ပန်းပင်” ဟာဆိုရင် အကောင်းဆုံး “လာဘ်ခေါ်ပစ္စည်း” တစ်ခုလည်းဖြစ်ပါတယ်။

“လာဘ်ခေါ်နေရာ” မှာ စိုက်ထားတဲ့ “ပန်းပင်” ပွင့်လန်းရှင်သန်လာတာနဲ့အမျှ အိမ်သူအိမ်သားတွေရဲ့ စီးပွားရေးဟာ တိုးတက်ဖွံ့ဖြိုးလာပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခုတော့ရှိပါတယ်….။ ထားရှိရမယ့် ပန်းပင်ကတော့ အနီရောင်အပွင့်ပွင့်ပြီး အစိမ်းရောင် အရွက်အဝိုင်းပါတဲ့ ထိုပန်းပင်ကို အိမ်ဧည့်ခန်းရဲ့လက်ဝဲဘက်ထောင့်ဖြတ် နေရာမှာ ထားပေးရမှာဖြစ်ပါတယ်။

“ပန်းပင်” ရဲ့ အရွက်တွေဟာဆိုရင် ရှည်မျောမျော ဖြစ်နေရင်တော့ မကောင်းပါဘူး။ လုံးဝိုင်းပြီး စိမ်းလန်းတဲ့ အရွက်မျိုးရှိတဲ့ “ပန်းပင်” ဟာအကောင်းဆုံးဖြစ်ပါတယ်။ ပြီးရင် “ပန်းပင်” ရဲ့ အကိုင်းအခတ်တွေမှာ ဆူးမပါရပါဘူး။ ဒါကိုသတိပြုဖို့လိုပါလိမ့်မယ်။ အရွက်တွေ ညှိုးလာရင်၊ ဝါလာရင်၊ ရင့်ယော်လာရင်၊ ပိုးစားလာရင်၊ အဲ့ဒီအရွက်တွေကို ချက်ခြင်း ဖယ်ရှားပစ်ရပါမယ်ခင်ဗျာ။ အရွက်ညှိုး၊ အရွက်ဝါ၊ အရွက်ရင့်ယော်၊ အရွက်ပိုးစားတွေဟာ လာဘ်လာဘကို ထိခိုက် စေလို့ပဲဖြစ်ပါတယ်။

“ပန်းပင်” ကိုလည်း ပန်းအိုးလှလှလေးနဲ့ စိုက်ပေးရမှာပါ။ ကြွေပန်းအိုး….ကြေးဝါပန်းအိုးတွေကတော့ အကောင်းဆုံးပါပဲခင်ဗျာ။ ပန်းအိုးကို သန့်ရှင်းလှပနေအောင် အမြဲတမ်း တိုက်ချွတ်ဆေးကြောဖို့ လိုပါတယ်။

ပန်းအိုးထဲက မြေကိုလည်း နေ့တိုင်းဆိုသလို ပြုပြင်ပေးပြီး ရွှေရည်၊ငွေရည် လောင်းပေးနိုင်ရင် ပိုကောင်းပါတယ်ခင်ဗျာ။ ဘာ့ကြောင့်လဲဆိုရင် ထိုပန်းအိုးဟာ နေအိမ်ရဲ့ ဧည့်ခန်းဆောင်မှာ ရှိတဲ့ “လာဘ်ခေါ်နေရာ” မှာထားမှာပဲဖြစ်လို့ပါ။

ဒါကြောင့်မို့လို့ (၇) ရက် သားသမီးအပေါင်းဟာ မိမိအိမ်ရဲ့ “လာဘ်ခေါ်နေရာ” ကို သေချာစွာ စီစစ်ပြီး စီးပွားလာဘ်လာဘတွေ တိုးများလာအောင် ဆောင်ရွက်ဖို့အတွက် မင်းသိင်္ခ ပေ့ချ်စာမျက်နှာမှ ဗဟုသုတ အနေနဲ့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။