အနုပညာအလုပ်ကိုချစ်ပေမဲ့ လုံးဝပြန်လုပ်ဖြစ်မှာမဟုတ်တဲ့အကြောင်း ပြောပြလာတဲ့ပိုးကြာဖြူခင်

Celebrity Local News
အနုပညာအလုပ်ကိုချစ်ပေမဲ့ လုံးဝပြန်လုပ်ဖြစ်မှာမဟုတ်တဲ့အကြောင်း ပြောပြလာတဲ့ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်ရဲ့ အချ စ်တော် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ချစ်စ ရာကောင်းလှတဲ့ ရုပ်ရည်အပြင် သရုပ်ဆောင်စွမ်းရည်ကလည်းပြည့်ဝလွန်းလှတာကြောင့်ပရိသတ်များစွာကိုပိုင်ဆိုင် ထားတဲ့ သူတစ်ယောက်ပါ ။မင်းသမီးချောလေး ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရင်းနဲ့ ပရိသတ်ရဲ့ အားပေးမှုကို အပြည့်ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ သူမရဲ့ ရှေ့လျှောက်အနုပညာအလုပ်တွေမလုပ်ဖြစ်တော့မဲ့အကြောင်း ပရိသတ်ကြီးကိုရှင်းပြပေးလာတာပဲဖြစ်ပါတယ်။ “အိမ်ထောင်သည် ကလေး ၄ ယောက်အမေ စျေးသည် ဘဝနဲ့ ပျော်နေပါပြီ အရင်က လုပ်ခဲ့ဖူးတဲ့ အနုပညာအလုပ်တွေအကုန်လုံးကို ပစ်ချပြီး လုံးဝ လှည့်မကြည့်တော့ တာ အနုပညာကို မချစ်လို့မဟုတ်ဘူး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးလိုက်တဲ့သဘောပဲ အရာရာ လွှတ်ချလိုက်ပြီးမှ ကိုယ်ရိုက်ခဲ့တဲ့ ကကြီးခကွေး ကား မနှစ်က ရုံတင်တယ် အခုလဲ လွန်ခဲ့တဲ့ ၄ နှစ်က ရိုက်ခဲ့တဲ့ အပိုင်စား ရုပ်ရှင် ဇာတ်ကား ၂၆ ရက်နေ့ရုံတင်ဦးမယ် 🥹 သရုပ်ဆောင်အလုပ်ကိုမချစ်လို့မဟုတ်ဘူးနော် တကယ် လွှတ်မချချင်ခဲ့တာ 🥲 အခုလဲ စီးပွါးရေးအလုပ်ကိစ္စတစ်ခုကြောင့် ၂၃ ရက်နေ့ press show တက်နိုင် မတက်နိုင်မသေချာလို့ တော်တော် ခံစားနေရတယ် “အပိုင်စား” ရုပ်ရှင်ဇာတ်ကား ထင်ထားတာထက် အများကြီး အောင်မြင်ပါစေ ❤️” ဆိုပြီး ပြောပြပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။