ယူကရိန်းကို Patriot ဒုံးကျည်တွေ ပင်တဂွန် အမြန်ဆုံးပို့မယ်

International News
ယူကရိန်းကို Patriot ဒုံးကျည်တွေ ပင်တဂွန် အမြန်ဆုံးပို့မယ်

စစ်ရေးအကူအညီသစ်အဖြစ် Patriot လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ lat nat ကြီးခဲယမ်းတွေကို ယူကရိန်းကို အချိန်မဆိုင်းဘဲ ပို့ဆောင်မယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောလိုက်ပါတယ်။

“ဒါပေမဲ့ ဒုံးကျည်ပစ်လွှတ်ဖို့အတွက် Patriot ဒုံးပစ်စင်တွေကိုတော့ ပေးပို့မှာမဟုတ်ဘူး”လို့ ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောပါတယ်။

“ရုရှားရဲ့ ပိုမိုများပြားလာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့ Patriot ဒုံးကျည်တွေ လိုအပ်နေပါတယ်။ ဒါက အသက်အများကြီးကို ကယ်တင်နိုင်မှာဖြစ်တယ်”လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

ဧပြီ ၂၇ ရက်မှာ ရုရှားက လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။

ဆေးရုံတစ်ရုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ခါကိဗ်က အာဏာပိုင်တွေကပြောပါတယ်။ ဒေသသုံးခုက စွမ်းအင်ဆိုင်ရာနေရာတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ စွမ်းအင်ဝန်ကြီး ဂါလူချန်ကိုက ဆိုပါတယ်။

ရုရှားဟာ ခရုဇ်ဒုံးကျည်၊ အက်စ်-၃၀၀ မြေပြင်ဝေဟင်ပစ်ဒုံးကျည်တွေ၊ ‘အက်စ်ကန်ဒါ’ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ဒုံးကျည် ၂၁ စင်းကို လေယာဉ်၊ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ jamming တွေနဲ့ တားဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ရုရှားပိုင်နက် ခရာစ်နော့ဒါဒေသက ရေနံသန့်စင်စက်ရုံကို ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ ပေါက်ကွဲမှုကြီးဖြစ်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြောခဲ့ပေမယ့် ဒေသဆိုင်ရာအာဏာပိုင်တွေကတော့ အကြီးအကျယ်ထိခိုက်မှုမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ရုရှားပိုင်နက်ထဲကိုဝင်ရောက်လာတဲ့ ယူကရိန်းဒရုန်း ၆၈ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ဧပြီ ၂၇ ရက်မှာ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကပေးအပ်မယ့် အကြီးမားဆုံးလုံခြုံရေးအကူအညီကို ယူကရိန်းကို ချက်ချင်းပို့ဆောင်ပေးမယ်လို့ မစ္စတာအော်စတင်က ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။

ဒီရည်ရွယ်ချက်အတွက် အမေရိကန်ပြည်ထောင်စုဟာ ဒေါ်လာ ခြောက် ဘီလီယံ သုံးစွဲနေတယ်လို့ သူကပြောပါတယ်။

ဒေါ်လာ ခြောက်ဘီလီယံဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဧပြီ ၂၄ ရက်မှာ လက်မှတ်ထိုးပေးခဲ့တဲ့ အကူအညီ ဒေါ်လာ ဘီလီယံ ၆၀ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီထဲက ဒေါ်လာ တစ်ဘီလီယံက ချက်ချင်းကူညီမှာလို့ အရင်းအမြစ်တစ်ခုက ပြောပါတယ်။

အကူအညီတွေထဲမှာ လေကြောင်းရန်ကာကွယ်ရေးlat natခဲယမ်း၊ တန်ပြန်ဒရုန်းစနစ်နဲ့ ူအေ ညအေကြီးကျည်တွေပါဝင်မှာဖြစ်ပေမယ့် Patriot ဒုံးကျည်ပစ်စင်တွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။

“Patriot တွေချည်းပဲ ယူကရိန်းတွေ လိုအပ်နေတာမဟုတ်ပါဘူး။ သူတို့ဟာ အခြားlat nat စနစ်တွေနဲ့ ကြားဖြတ်တားဆီးရေးစနစ်တွေကိုပါ လိုအပ်နေတယ်’’ လို့ အော်စတင်က ပြောပါတယ်။ Patriot ဟာ စစ်ပွဲကိုအပြီးသတ်အနိုင်ရစေမယ့်lat nat မဟုတ်ဘူးဆိုတာ အားလုံးကို သတိပေးပါရစေ”လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ်ဒုံးကျည်စနစ်တွေကို ယူကရိန်းကို မကြာခင်မှာ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး နောက်ထပ်တိုက်ခိုက်ရေးသုံးပစ္စည်းတွေ ပေးပို့ဖို့အတွက် ဥရောပမဟာမိတ်တွေနဲ့ တိုင်ပင်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဆက်ပြောပါတယ်။

အခုအကူအညီကြောင့် ရှေ့တန်းမှာ ယူကရိန်းတပ်သားတွေ lat natကြီးကျည် ခြွေတာနေရတာတွေ အဆုံးသတ်သွားလိမ့်မယ်လို့ အမေရိကန်စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ချားစ်ဘရောင်းက ပြောပါတယ်။

ပတ်ထရီရော့ ဒုံးကျည်အလုပ်လုပ်ပုံ

အကူအညီတွေထဲက အများစုဟာ ယူကရိန်းက အသည်းအသန်လိုနေတဲ့ ခဲယမ်းတွေကို စတင်ထုတ်လုပ်နိုင်ဖို့အတွက် ကာကွယ်ရေးလုပ်ငန်းတွေဆီ ရောက်မှာဖြစ်ပါတယ်။

ရုရှားဟာ lat nat ကြီးကျည်ဆန်နဲ့ အခြားlat nat တွေကို ပြည်တွင်းမှာပဲ တိုးမြှင့်ထုတ်လုပ်နေပြီး အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ကူညီမှုကိုလည်းရရှိနေတယ်လို့ မစ္စတာအော်စတင်က ပြောပါတယ်။

“ယူကရိန်း၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့အတွက် ရှိနေတဲ့ အန္တရာယ်ကိုနားလည်ပါ၊ ပူတင်သာ ယူကရိန်းမှာ အနိုင်ရရှိမယ်ဆိုရင် ဥရောပဟာ ဒီတစ်သက်မကြုံဖူးတဲ့ လုံခြုံရေးအန္တရာယ်ကို ကြုံရမှာဖြစ်ပါတယ်၊ ရုရှားဟာ ယူကရိန်းမှာတင်ရပ်နေမှာမဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

အမေရိကန်ရဲ့ အကူအညီက ယူကရိန်းတပ်တွေကို ကာကွယ်ပေးနိုင်မှာဟုတ်မဟုတ် မေးတဲ့အခါ မစ္စတာအော်စတင်က “အမေရိကန်က တကယ်လိုအပ်တဲ့စစ်ဘက်ဆိုင်ရာပစ္စည်းအများအပြားကို ကူညီမှာဖြစ်ပေမယ့် ချက်ချင်းလက်ငင်းကြီးတော့ ဖြစ်နိုင်မှာမဟုတ်ဘူး”လို့ ဖြေပါတယ်။

“အဲဒီကိုရောက်ဖို့နဲ့ ဖြန့်ချိဖို့ အချိန်နည်းနည်းကြာမယ်၊ ဒီlat nat တွေနဲ့ ယူကရိန်းသားတွေ တောင့်ခံနိုင်မယ်ထင်တယ်၊ သူတို့ ပိုကောင်းအောင် လုပ်နိုင်မှာပါ” လို့ သူက ဆက်ပြောပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ ရထားပို့ဆောင်ရေးလမ်းကြောင်းတွေကို တိုးမြှင့်တိုက်ခိုက်နေတယ်လို့ ယူကရိန်းက ဧပြီ ၂၆ ရက်မှာ သတိပေးပြီးနောက် ကာကွယ်ရေးဝန်ကြီးက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပို့ဆောင်၊ ရွှေ့ပြောင်းတာကို တားဆီးနိုင်ဖို့အတွက် ရုရှားဟာ ယူကရိန်းရဲ့ ရထားပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်ချင်နေတာလို့ ယူကရိန်းလုံခြုံရေးသတင်းအရင်းအမြစ်တစ်ခုက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ယူကရိန်းမှာ Patriots ဒုံးကျည်နည်းနည်းပဲရှိပြီး တခြားအနောက်နိုင်ငံ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ၊အက်စ် ၃၀၀ လို ဆိုဗီယက်ခေတ် မြေပြင်ဝေဟင်ပစ်ဒုံးကျည်တွေကို အားကိုးနေရတာ ဖြစ်ပါတယ်။

Patriots ဒုံးပစ်စင်တစ်ခုဟာ ဒေါ်လာ တစ်ဘီလီယံလောက်ကုန်ကျ

Patriots တွေဟာ ယူကရိန်းလက်ထဲမှာရှိတဲ့ စွမ်းအားအရှိဆုံးနဲ့ တန်ဖိုးအကြီးဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပါတယ်။

Patriots ဒုံးပစ်စင်တစ်ခုဟာ ဒေါ်လာ တစ်ဘီလီယံလောက်ကုန်ကျပြီး ဒုံးကျည်တစ်စင်းဟာလည်း ဒေါ်လာ လေးဘီလီယံနီးပါးကုန်ကျပါတယ်။

ဂျာမနီကတော့ နောက်ထပ် Patriots တစ်ခုပေးမယ်လို့ ကတိပြုထားပြီးဖြစ်ပါတယ်။

ယူကရိန်းကို အချိန်မဆိုင်းဘဲ ကူညီကြဖို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဥရောပမဟာမိတ်တွေကို အခုလအစောပိုင်းမှာ တောင်းဆိုထားပါတယ်။

ဂရိမှာ Patriots နဲ့အက်စ်-၃၀၀ တွေရှိပေမယ့် အပိုပေးစရာမရှိဘူးလို့ ဆိုပါတယ်။

“ဘာလို့ပေးလို့မရလဲ ရှင်းပြပြီးပါပြီ၊ ဂရိရဲ့ လေကြောင်း ကာကွယ်ရေးစနစ်ဟာ ဂရိလေပိုင်နက်ကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့စနစ်ဖြစ်နေလို့ပါပဲ” လို့ ဂရိဝန်ကြီးချုပ်က Skai TV ကို ပြောပါတယ်။

စပိန်ကလည်း Patriots ဒုံးကျည်တချို့ အကူအညီပေးမှာဖြစ်ပေမယ့် စနစ်တစ်ခုလုံးမဟုတ်ဘူးလို့ သတင်းတချို့က ဆိုထားပါတယ်။

ယူကရိန်းမှာရှိတဲ့ lat nat ခဲယမ်းတွေ ကုန်ခမ်းလာပြီး ရုရှားက တဖြည်းဖြည်းနဲ့အသာစီးရလာတဲ့အတွက် မကြာသေးမီလတွေမှာ ယူကရိန်းဟာ အနောက်နိုင်ငံတွေကို အကူအညီပေးဖို့ အကြိမ်ကြိမ်တိုက်တွန်းလာခဲ့ပါတယ်။

အမေရိကန်နဲ့ တခြားအနောက်နိုင်ငံမဟာမိတ်တွေရဲ့ စစ်ရေးအကူအညီနှောင့်နှေးမှုကြောင့် လူ့အသက်နဲ့ နယ်မြေတွေ ဆုံးရှုံးနေရတယ်လို့ ယူကရိန်းအစိုးရအရာရှိတွေက ပြစ်တင်ပြောဆိုထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။