၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ မှ မေလ ၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ မှ မေလ ၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( April 29 to May 5 )
===============================================



ယခုအပတ်တွင် Aries ရာသီခွင်တို့သည် စားသောက်မှု အလေ့အထတို့ကြောင့် ပြဿနာအချို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် အလွန်အကျွံ စားသုံးတတ်သည့် အလေ့အကျင့်ကို ပယ်ဖျောက်ပေးပါ။ ဒါ့အပြင် မိမိကိုယ်ကို ကျန်းမာနေစေရန် လေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ်ပေးပါ။

အကယ်၍ စတော့ ရှယ်ယာ သို့မဟုတ် အလောင်းကစား ကဲ့သို့သော ကိစ္စရပ်များတွင် ငွေကြေး ရင်းနှီးမြုပ်နှံခဲ့ပါက ဆုံးရှုံးရဖွယ် ရှိနေပါတယ်။ ဒါကြောင့် မှားယွင်းသော လုပ်ဆောင်ချက်များမှ ဝေးဝေးနေထိုင်ပေးရန် လိုအပ်ပါလိမ့်မယ်။ သို့မှသာ ပိုမိုကောင်းမွန်သော ငွေကြေးဖြင့် ခိုင်မာသော ဘဏ္ဍာရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။

ဤကာလအတွင်း မိသားစု ဘဝအတွက် အချိန်ပို ရရှိနိုင်ပါမယ်။ မိသားစုဝင်များနှင့်အတူ အပြင်ထွက်လည်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ဖြင့် ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။

ပြိဿရာသီခွင် – Taurus ( April 29 to May 5 )===============================================

ယခုအပတ်တွင် Taurus ရာသီခွင်များ အနေနဲ့ လေ့ကျင့်ခန်းများနှင့် စတင်ပေးရန် လိုအပ်ပါမယ်။ အကောင်းမြင်စိတ် မွေးမြူကာ တစ်နေ့တာကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းပေးပါ။ မိမိ၏ ကျန်းမာရေး အပြင် မိသားစုဝင်တို့၏ ကျန်းမာရေး အပေါ်ပါ တစ်စိတ်တပိုင်း အကျိုးပြုနိုင်အောင် ကြိုးစားပေးပါ။

ငွေရေးကြေးရေးအရ အသင့်အတင့် အနေအထားတွင် ရှိနေပါမယ်။ ဝင်ငွေနှင့် ထွက်ငွေအကြား ချင့်ချိန်သုံးစွဲပေးရန် လိုအပ်ပါမယ်။ အလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ကြဉ်ပေးပါ။

ဤကာလအတွင်း မိသားစုဝင် အချို့၏ ဝင်ရောက် စွက်ဖက်မှုကြောင့် စိတ်ဖိစီးစေနိုင်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( April 29 to May 5 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်များသည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ အကျင့်ဆိုးများကို ပယ်ဖျောက်ကာ မိမိ၏ ကျန်းမာရေးကို မြှင့်တင်ပေးပါ။

ငွေရေးကြေးရေးအရ ကံတရား၏ ထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ ရင်းနှီးမြုပ်နှံမှုများအတွက် လုံလောက်သော အကျိုးအမြတ်များ ရရှိစေနိုင်ပါမယ်။ ငွေကြေး ကြွယ်ဝမှုတို့ဖြင့် အပြုသဘောဆောင်သော ရလာဒ်များ ရရှိစေနိုင်ပါမယ်။

ဤကာလအတွင်း မိသားစု ဘဝသည် ယခင်ထက် ပိုမိုပျော်ရွှင်ရတတိပါတယ်။ ဆွေမျိုး သို့မဟုတ် သူငယ်ချင်း အချို့လည်း လာရောက် လည်ပတ်နိုင်ခြေ ရှိနေပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( April 29 to May 5 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် အထူးသဖြင့် အရက် သို့မဟုတ် အခြားသော မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေးကို ထိခိုက်စေရုံသာမက စိတ်ဖိစီးမှုကိုပါ တိုးစေနိုင်ပါတယ်။

ငွေရေးကြေးရေး အရ အခွင့်ကောင်းမှုများ ကြုံတွေ့ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် အပေါင်းအသင်းနှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။ စီးပွားရေး လုပ်ကိုင်နေပါက သီတင်းပတ် အစတွင် ရင်းနှီးမြုပ်နှံရန် အကြံပြုလိုပါတယ်။ ငွေကြေးအရ ပုံမှန်အနေအထားဖြင့် လည်ပတ်နေပါမယ်။

ဤကာလအတွင်း ဝေးကွာသော ဆွေမျိုးတစ်ဦးထံမှ ဝမ်းနည်းဖွယ် သတင်း ကြားသိရနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့ကြောင့် မိသားစု ပတ်ဝန်းကျင်းတွင် ပူဆွေးမှုများ လွှမ်းခြုံနေရတတ်ပါတယ်။ ဒါကြောင့် ကြုံတွေ့လာမည့် အခြေအနေတိုင်း အတွက် ပြင်ဆင်ထားရန် လိုအပ်ပါမယ်။

သိဟ်ရာသီခွင် – Leo ( April 29 to May 5 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန်ထက် အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အစားအသောက်များကို ဂရုစိုက်ပေး ရပါမယ်။ အစပ်များသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေနေမည့် အနေအထားတွင် ရှိနေပါမယ်။ ပိုင်ဆိုင်မှု သို့မဟုတ် မြေယာ ကိစ္စများနှင့် ရင်ဆိုင်နေရပါက အောင်မြင်စွာ ဆောင်ရွက်နိုင်ပါမယ်။

သိူ့သော် ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစု ဘဝတွင် အတက်အကျ အချို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ မိသားစုဝင် တစ်ဦးဦး သို့မဟုတ် လက်တွဲဖော်ကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ ဒါ့အပြင် ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကို တောင်းဆိုမှုအတွက် ဖြည့်ဆည်းရဖွယ် ရှိနေပါတယ်။

ကန်ရာသီခွင် – Virgo ( April 29 to May 5 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန် အတိုင်း ရှိနေပါမယ်။ သို့သော်လည်း အချို့သော ရာသီအလိုက် ပြဿနာများကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါမယ်။ ကိုယ်ဝန်ဆောင် မိခင်များ အနေနှင့်လည်း နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်ဆောင်သည့်အခါ သတိထားပေးကန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအရ ပျမ်းမျှထက် သာလွန်သော ရလာဒ်များ ရရှိနိုင်ပါမယ်။ သို့သော် အလည်အပတ် ကိစ္စရပ်များကြောင့် ငွေကြေး ထိခိုက်မှုများလည်း ရှိနေတတ်ပါတယ်။

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစု ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သော အငွေ့အသက်များကို မြင်တွေ့ရပါလိမ့်မယ်။ သို့သော် မိသားစုဝင် အချို့၏ ကျန်းမာရေး ချို့တဲ့မှုကြောင့် စိတ်ဖိစီးရတတ်ပါတယ်။

တူရာသီခွင် – Libra ( April 29 to May 5 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်များသည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အပူအအေး မမျှတမှုကြောင့် ရုတ်တရက် ဖျားနာမှုများ ဖြစ်ပေါ်နိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အလုပ်ခွင်၏ ဖိအား၊ တာဝန်များကြောင့် ပင်ပန်းနွမ်းနယ် စေနိုင်ပါတယ်။

ငွေရေးကြေးရေးအရ ဝင်ငွေ ကောင်းမွန်နေနိုင်သော်လည်း လက်ထဲတွင် မတည်မြဲနိုင်ပေ။ အကြောင်းတစုံတရာကြောင့် ငွေကြေး သုံးစွဲရတတ်ပါတယ်။ အချေးအငှား ကိစ္စရပ်များကို အစောကတည်းက ရှောင်ရှားပေးပါ။

ဤကာလအတွင်း မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( April 29 to May 5 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့ငည် စိတ်အေးချမ်းမှု ကင်းမဲ့ကာ အနှောက်အယှက် ဖြစ်စေနိုင်ပါမယ်။ မိမိကိုယ်ကို စိတ်ပျက်နေမည့် မစား ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများတွင် တတ်နိုင်သမျှ ပါဝင်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် လူမှုအဖွဲ့အစည်း အတွင်း မိမိ၏ အဆင့်အတန်းကို မြှငိ့တင်ပေးရုံ သာမက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများမှလည်း အတိုင်းအတာ တစ်ခုအထိ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

ငွေကြေးအရ စိတိအလိုလိုက်ကာ မသုံးဖြုန်းမိအောင် သတိထားပါ။ မိမိ၏ အသုံးစရိတ်များကို ဘတ်ဂျက်အတိုင်း ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း ကံတရား၏ ထောက်ပံ့မှုဖြင့် မိသားစုဘဝတွင် ကြုံတွေ့နေရသော ဒုက္ခများမှ လွတ်မြောက်နိုင်ပါမယ်။ သို့သော် ကောင်းမွန်သော ကိစ္စများကြားမှ အဆိုးမြင် ပတ်ဝန်းကျင်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပူပန်မှုအချို့ ရှိနေတတ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( April 29 to May 5 )
===============================================

ယခုအပတ်သည် Sagittarius ရာသီခွင်များ အတွက် ပြီးပြည့်စုံသော အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ကြီးကြီးမားမား ပြဿနာများ ကိုင်တွယ် ဖြေရှင်းရန် မလိုအပ်ပါဘူး။

အကယ်၍ အစိုးရကဏ္ဍတွင် အလုပ်လုပ်နေပါက အရေးကြီးသလို ပိုမိုကောင်းမွန်သော ရလာဒ်များ ရရှိသေနိုင်ပါမယ်။ ငွေကြေး တိုးတက်ကာ ‌စုဆောင်းမှုများလည်း ပြုလုပ်နိုင်ပါမယ်။

ဒါ့အပြင် မိမိ၏ နေအိမ် ပြုပြင်ခြင်း စသော ကိစ္စရပ်များ စီစဉ်ဆောင်ရွက်နိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( April 29 to May 5 )
===============================================

ယခုအပတ်မှာတော့ Capricorn ရာသီခွင်တို့သည် ကိုယ်အလေးချိနိကို ဂရုစိုက်ပေးရပါမယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ ယောဂ ကျင့်ခြင်းတို့ဖြင့် ထိန်းသိမ်းထားရန် လိုအပ်ပါမယ်။ အဆီအစိမ့်များသော အစားအစာများကို ရှောငိကြဉ်ပေးပါ။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ လက်တွေ့ကျသော ဆုံးဖြတ်ချက်များ ချမှတ်ပေးပါ။ မဟုတ်ပါက ဝန်းထုပ်ဝန်ပိုး တိုးလာခြင်းကြောင့် လိုအပ်သည့် အချိန်တွင် ငွေကြေး ပြတ်လပ်သွားနိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( April 29 to May 5 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ဖိစီးမှုများမှ လွတ်မြောက်နိုင်ပါမယ်။ ကျန်းကျန်းမာမာဖြင့် ဖြတ်သန်းနိုင်ပါမယ်။ ဒါကြောင် မိသားစုဘဝမှာရော အလုပ်ခွင်မှာပါ ပိုမိုကောင်းမွန်သော ရလာဒ် ရရှိစေရန် မိမိ၏ စိတ်ကို ပေါ့ပေါ့ပါးပါး ထားရှိပေးပါ။

ငွေကြေးအရ ပုံမှန်အတိုင်း လည်ပတ်နေပါမယ်။ ရရှိလာသော ငွေကြေးများကို စနစ်တကျ စီမံခန့်ခွဲပေးရန် လိုအပ်ပါမယ်။ မိသားစု ဘဝမှာတော့ ပျော်ရွှင်မှုများ ပြည့်နှက့်နေပါမယ်။ မင်္ဂလာကိစ္စရပ်များ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

မိသားစုအတွင်း အပြန်အလှန် လေးစားမှု တိုးမြှင်ကာ မိသားစု လုပ်ငန်းဆောင်တာများကို အကြွင်းမဲ့ ပါဝင်ဆောင်ရွက်နိုင်ပါမယ်။

မိန်ရာသီခွင် – Pisces ( April 29 to May 5 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ယခင်ထက် ပိုမိုတိုးတက်လာပါမယ်။

ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် ဤကာလအတွင်း သတိထားပေး ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ခြင်းကို ရှောင်ကြဉ်ပါ။ ရန်အနှောင့်အယက်များနှင့် ထိပ်တိုက် ကြုံတွေ့ရတတ်ပါတယ်။

မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေရတတ်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။