ဘုရားကျောင်းဆောင်နဲ့ဖုန်းရွှေပညာ

Astrology Religion
ဘုရားကျောင်းဆောင်နဲ့ဖုန်းရွှေပညာ

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အိမ်တိုင်းမှာ “ဘုရားကျောင်းဆောင်” ရှိပါတယ် ။ “ဘုရားကျောင်းဆောင်” ကို အိမ်ရဲ့အမြတ်ဆုံးနေရာမှာထားပြီး ဆည်းကပ်ကိုးကွယ် ပူဇော်ကြတယ် ။ ဒါပေမယ့် . . . ဒီနေ့ခေတ် တစ်ချို့အနည်းငယ်သောလူတွေကတော့ ရှေးထုံးတမ်း အစဉ်လာတွေကို မသိကြတဲ့အတွက် အိမ်တစ်အိမ်မှာ ဘယ်နေရာကမြတ်တဲ့နေရာ ၊ ဘယ်နေရာက ညံ့တဲ့နေရာဆိုတာကို ခွဲခြားသတ်မှတ်နိုင်စွမ်းမရှိကြဘူး ။

အဲ့ဒီလို ခွဲခြားသတ်မှတ်နိုင်စွမ်းမရှိတဲ့အတွက် “ဘုရားကျောင်းဆောင်” တည်ထားကိုးကွယ်တဲ့နေရာ မှားတတ်ကြပါတယ် ။ မှားတော့ဘာဖြစ်သလဲလို့ မေးခွန်းထုတ်ရင်တော့ . . . မှားတဲ့အတွက် အိမ်ထောင်ဦးစီးနဲ့ အိမ်သူ အိမ်သားတွေ ကံကြမ္မာအညံ့ကို ရင်ဆိုင်ရလိမ့်မယ်။ ‘ဖုန်းရွှေ’ မှာလည်း ‘ဘုရားကျောင်းဆောင်’ ကို ဘယ်နေရာမှာထားရမယ် ဘယ်နေရာမှာ မထားရဘူးဆိုတဲ့ သတ်မှတ်ချက်တွေရှိပါတယ် ။

ဇနီးမောင်နှံလင်စုံမယားဖက် အိပ်စက်တဲ့အိပ်ခန်းထဲမှာ ဘုရားကျောင်းဆောင်ထားခဲ့ရင် ‘ဖုန်းရွှေ’ ညံ့တယ် ။တစ်ချို့အိမ်တွေမှာ . . . ‘ဘုရားကျောင်းဆောင်’ အောက်တည့်တည့်မှာ အိမ်သာရှိနေတတ်ပါတယ် ။ အဲ့ဒါလည်း ‘ဖုန်းရွှေ’ ညံ့ပါတယ် ။ “ဖုန်းရွှေ” ဆရာကြီးတွေ၊ “ဖုန်းရွှေ” ပညာရှင်တွေကတော့ . . . အိမ်တစ်အိမ်ဆောက်လို့ အိမ်ရှင်ကပင့်မယ် ဆိုရင် လိုက်ကြည့်ပေးတယ် ။ “ဘုရားကျောင်းဆောင်” အောက်တည့်တည့်မှာ အိမ်သာရှိလို့ကတော့ လုံးဝခွင့်မပြုဘူး ။ အပေါ်တည့် တည့်မှာ ဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ ။ လုံးဝ . . . လုံးဝဘဲ ။

အိမ်တစ်အိမ်ရဲ့ “ဘုရားကျောင်းဆောင်” အောက် ၊ ဘုရားခန်းအောက်မှာ မီးဖိုခန်းရှိရင်လည်း ‘ဖုန်းရွှေ’ မှာ ခွင့်မပြုပါဘူး ။ ဒါကတော့ . . . အတော်ဖြစ်ခဲပါတယ် ။ ဒါပေမယ့် . . . ဒီနေ့ခေတ်မှာ နောက်ဆုံးပေါ် အိပ်ခန်းဖွဲ့စည်းမှုဒီဇိုင်းအသစ်တွေ ရှိလာတော့ . . . “ဘုရားကျောင်းဆောင်” အောက် ၊ ဘုရားခန်းအောက်မှာ မီးဖို၊ မီးဖိုခန်းရှိရင် ရှိမှာပါ ။

အိမ်တစ်အိမ်ရဲ့ “ဘုရားကျောင်းဆောင်” ကို လှေကားအောက်မှာ မထားရဘူး ။ ဘုရားခန်းကိုလည်း လှေကားအောက်မှာ မထားရဘူး ။ ဒါကတော့ . . . မရှိဘူး ထင်ပါတယ်။ “ဘုရားကျောင်းဆောင်” . . . ဘုရားခန်းကို အိမ်ရဲ့အမြတ်ဆုံးနေရာမှာ ရွှေးချယ်ပြီး ထားရမယ်ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ် ။ အထူးပြောဖို့ မလိုပါဘူး ။ “ဖုန်းရွှေ” မှာပါလို့ ပြောရတာပါ ။

“သင့်သီရိဂေဟာ” ဖုန်းရွှေမင်္ဂလာစာအုပ်မှ ကောက်နုတ်ဖော်ပြအပ်ပါသည် ။

ရေးသားသူ – ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။