ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ သရဖူဆောင်းခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီး

Celebrity International News
ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ သရဖူဆောင်းခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီး

အာဂျင်တီးနားအမျိုးသမီးတစ်ဦးဟာ အသက် ၆၀ အရွယ်ရှိနေပေမဲ့ ငယ်ရွယ်နုပျိုတဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ သရဖူဆောင်းခဲ့ပြီး အာဂျင်တီးနားအလှမယ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

မာရီဆာရိုဒရီဂွက်ဇ်ဟာ ရှေ့နေတစ်ဦးဖြစ်သလို ဂျာနယ်လစ်အလုပ်လည်း လုပ်ကိုင်သူပါ။ ပြီးခဲ့တဲ့နှစ်ကစပြီး မယ်စကြဝဠာပြိုင်ပွဲမှာ (၁၉၅၈ ခုနှစ်ကတည်းက ကျင့်သုံးလာခဲ့တဲ့) အသက်ကန့်သတ်ချက်စည်းမျဉ်းကို ဖယ်ရှားခဲ့လို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူ ပိုများလာခဲ့တာပါ။ မာရီဆာဟာ ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ သူ့ထက် အသက်အများကြီးငယ်သူတွေနဲ့ ယှဉ်ပြိုင်ပြီး သရဖူဆောင်းနိုင်ခဲ့တာပါ။

” ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ အနိုင်ရခဲ့လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဂုဏ်လည်း ယူတယ်။ လှပမှုဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူး၊ အတားအဆီးတွေ အားလုံးကို ချိုးဖျက်နိုင်စွမ်း ရှိတယ်ဆိုတာ အမျိုးသမီးတွေအားလုံးကို ပြသချင်တာပါ”လို့ မာရီဆာက ဆိုပါတယ်။

အာဂျင်တီးနားအလှမယ်ပြိုင်ပွဲကို (Miss Argentina) မေလ ၂၅ ရက်နေ့မှ စတင်ကျင်းပမှာဖြစ်ပြီး မာရစ်ဆာဟာ အာဂျင်တီးနားနိုင်ငံတစ်ဝှမ်းမှ အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာပါ။

အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့ လျှို့ဝှက်ချက်ကတော့ တစ်ပတ်ကို လေ့ကျင့်ခန်း ၃ ကြိမ် လုပ်တာ၊ မကြာခဏ ညစာစားခြင်းကို ရှောင်ကျဉ်ပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ စားစရာတွေကိုပဲ စားတာ၊ အမျိုးအစားကောင်းတဲ့ skin cream တွေ အသုံးပြုတာလို့ မာရစ်ဆာက ဆိုပါတယ်။ မာရစ်ဆာဟာ အိမ်ထောင်ကွာရှင်းထားသူဖြစ်ပြီး ဒီအချက်က သူ့ကို အောင်မြင်မှု ရစေတာဖြစ်မယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။