သန်း ၇၀ ပုံ၊ ၁ ပုံသာ ဖြစ်နိုင်ခြေရှိတဲ့ ဗျိုးဗီဇတူ ၂ မြွှာပူး ၂ တွဲ(၄ မြွှာပူး) မွေးဖွား

International News
သန်း ၇၀ ပုံ၊ ၁ ပုံသာ ဖြစ်နိုင်ခြေရှိတဲ့ ဗျိုးဗီဇတူ ၂ မြွှာပူး ၂ တွဲ(၄ မြွှာပူး) မွေးဖွား

ဒီလို ဖြစ်ရပ်မျိုးကတော့ ဖြစ်နိုင်ခြေ သန်း ၇၀ ပုံ၊ ၁ ပုံပဲ ရှိပါတယ်။ အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ မျိုးဗီဇတူတဲ့ ၂ မြွှာပူး ၂ တွဲ(၄ မြွှာပူး) မွေးဖွားခဲ့ပါတယ်။ ဟန်နာကားမက်နဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ်တို့ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲမှာ sonogram ရိုက်တော့ ၄ မြွှာပူး ကိုယ်ဝန်ဆောင်ထားရကြောင်း သိခဲ့တာပါ။

ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၂၈ ပတ်အကြာမှ မွေးရင် ကလေးတွေအတွက် ပိုစိတ်ချရမယ်လို့ ဆရာဝန်တွေက အကြံပေးခဲ့ပေမဲ့ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၂၇ ပတ်အကြာ ၂၀၂၃ ခုနှစ်၊ မတ်လမှာ ဟန်နာကားမက်က အီဗလင်း ( ၂ပေါင် ၁၁ အောင်စ)၊ ဒေးဗစ် (၂ ပေါင် ၄ အောင်စ)၊ ဒန်နီယယ်( ၂ ပေါင် ၄ အောင်စ)၊ အဒီလိုင်း ( ၁ပေါင် ၁၀ အောင်စ)တို့ကို အလာဘားမားတက္ကသိုလ်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။

၉၆ ရက်အကြာမှာတော့ မိခင်နဲ့ ကလေးအားလုံး ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။ ”အိမ်ပြန်ရောက်လို့ ကလေးတွေကို မြင်လိုက်ရချိန်မှာ ကျွန်မ ငိုမိတယ်။ မယုံနိုင်အောင် ဖြစ်ရတယ်”လို့ ဟန်နာကားမက်က ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။