လွန်စွာအကျိုးထူးပေး၍ လျင်မြန်စွာ အစွမ်းပြသော အဂ်ဝိဇ္ဇာယတြာအလှူ (ယုံကြည်စွာ ပူဇော်ဆောင်ရွက်ကြည့်ပါလေ)

Astrology
လွန်စွာအကျိုးထူးပေး၍ လျင်မြန်စွာ အစွမ်းပြသော အဂ်ဝိဇ္ဇာယတြာအလှူ
(ယုံကြည်စွာ ပူဇော်ဆောင်ရွက်ကြည့်ပါလေ)

အင်္ဂဝိဇ္ဇာယတြာခန်းတွင်”ပဉ္စပွတ်၊ ဆပွတ်၊ အညွှန့်”ဟူသည်ကားအလွန်အားထားကြရသောပညာခန်းဖြစ်ပါတယ်။မိမိမွေးနံနေ့ရဲ့ (၅ခုမြောက်သောနေ့)ပဉ္စပွတ်နေ့ နံနက် ၅နာရီမွာမြတ်စွာဘုရားရှင်ကို ဆွမ်းကပ်မယ်ဆိုရင်အလွန်အကျိုးထူးပေးသော ကုသိုလ်အဖြစ်ချက်ချင်း လက်တွေ့ဆုတောင်းပြည့်စေပါတယ်။

ထို့အတူမိမိမွေးနံနေ့ရဲ့ (၂ခုမြောက်သောနေ့)အညွှန့် နေ့ နံနက် ၅နာရီမွာမြတ်စွာဘုရားရှင်ကို အညွှန့် ဓာတ်ပန်းကပ်လှူမယ်ဆိုရင်အလွန်အကျိုးထူးပေးသော ကုသိုလ်အဖြစ်ကံတလူလူ အညွှန့် တလူလူဖြစ်လာပါလိမ့်မယ်။

ထို့အတူသူ့ကိုနိုင်လို ဆကိုခို ဆိုတဲ့အတိုင်းအပြိုင်အဆိုင်ကိစ္စတွေအရှုံးအနိုင်တွက်ရတဲ့အလုပ်တွေအတိုက်အခိုက်ရှိတဲ့ကိစ္စတွေအတွက်တော့မိမိမွေးနံနေ့ရဲ့ (၆ခုမြောက်သောနေ့)ဆပွတ်နေ့ နံနက် ၅နာရီမွာသရက်သီးသနပ်ဆွမ်းဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း(သို့မဟုတ်)ပဲသနပ်ဆွမ်းကုလားပဲ ဆီပြန်ချက်၍ ဆွမ်းပေါ်တင်ထားသောဆွမ်းကို မြတ်စွာဘုရားအား လှူဒါန်း ဆက်ကပ်ခြင်းဖြင့် အထူးအောင်နိုင်ရပါတယ်။

ဒီလို လွယ်ကူတဲ့ ယတြာတွေဖြစ်ပေမယ့်အလွန်အစွမ်းထက်ပြီး အကျိုးပေးမြန်စေတာလက်တွေ့ယတြာတွေပါ။

တနင်္ဂနွေသားသမီးများသည်

ကြာသာပတေးနေ့ နံနက် ၅နာရီမွာပျာရည်ဆွမ်း (ဆွမ်းပေါ်တွင် ပျာရည်ဆမ်းထားသောဆွမ်း) ၁ပြဲ၊သောက်တော်ရေချမ်း၁ခွက်ဆီမီးဖယေင်းဆီ၁တိုင်ပူဇော်ပြီးဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။တနင်္လာနေ့ နံနက်၅နာရီမှာကံကော်ညွှန့် ၉ညွှန်လှူပြီးဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။

သောကြာနေ့ နံနက်၅နာရီမှာတော့သရက်သီး သနပ်ဆွမ်း လှူပြီးဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ။

အင်္ဂါသားသမီးများသည်

စနေနေ့ နံနက် ၅နာရီမှာနို့ဆွမ်း (ဆွမ်းပေါ်တွင် နွားနို့ဆမ်းထားသောဆွမ်း) ၁ပွဲ၊
သောက်တော်ရေချမ်း၁ခွက်ဆီမီးဖယေင်းဆီ၁တိုင်ပူဇော်ပြီးဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။

ဗုဒ္ဓဟူးနေ့ နံနက်၅နာရီမှာရွက်လှညွှန့် ၉ညွှန်လှူပြီးဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။

တနင်္ဂနွေနေ့ နံနက်၅နာရီမှာတော့သရက်သီးသနပ်ဆွမ်း လှူပြီးဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီးများသည်

တနင်္ဂနွေနေ့နံနက် ၅နာရီမှာအုန်းဆွမ်း (ဆွမ်းပေါ်တွင် အုန်းနို့များဆမ်း၍တင်ထားသောဆွမ်း) ၁ပွဲ၊သောက်တော်ရေချမ်း၁ခွက်ဆီမီးဖယောင်း (၁)တိုင်ပူဇော်ပြီးဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။

ကြာသာပတေးနေ့ နံနက်၅နာရီမှာအိမ်ဘုရားတွင်ပေါက်ညွှန့်(သို့) ပေါက်ပန်းဖြူညွှန့်၉ညွှန်လှူ၍ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။

တနင်္လါနေ့ နံနက်၅နာရီမှာတော့သရက်သီး သနပ်ဆွမ်း(ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း) လှူပြီးဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ။

ကြာသာပတေးသားသမီးများသည်

တနင်္ဂလာနေ့နံနက် ၅နာရီမွာကိတ်မုန့်ဆွမ်း
(ဆွမ်းပေါ်တွင် ကိတ်မုန့်များဆမ်း၍တင်ထားသောဆွမ်း) ၁ပြဲ၊သောက်တော်ရေချမ်း၁ခွက်ဆီမီးဖယောင်း (၁)တိုင်ပူဇော်ပြီးဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။သောကြာနေ့ နံနက်၅နာရီမှာအိမ်ဘုရားတွင်သီးညွှန့်(သို့) သီဟိုဠ်ညွှန့်၉ညွှန်လှူ၍ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။အင်္ဂါနေ့ နံနက်၅နာရီမှာတော့သရက္သီး သနပ်ဆွမ်း
(ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း) လှူပြီးဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ။

သောကြာသားသမီးများသည်

အင်္ဂါနေ့နံနက် ၅နာရီမွာ
ဆီဆမ်းဆား ဖြူးဆွမ်း
(ဆွမ်းပေါ်တွင် ဆီဆမ်း ဆားဖြူးထားသောဆွမ်း) ၁ပြဲ၊
သောက်တော်ရေချမ်း၁ခွက်
ဆီမီးဖယောင်း (၁)တိုင်ပူဇော်ပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
စနေနေ့ နံနက်၅နာရီမှာ
အိမ်ဘုရားတွင်
ထန်းညွှန့်(သို့) ဒေါနညွှန့်၉ညွှန်လှူ၍
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
ဗုဒ္ဓဟူးနေ့ နံနက်၅နာရီမှာတော့
သရက္သီး သနပ်ဆွမ်း
(ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း) လှူပြီး
ဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ

စနေသားသမီးများသည်

ဗုဒ္ဓဟူးနေ့နံနက် ၅နာရီမွာလဖက်ဆွမ်း (ဆွမ်းပေါ်တွင် လဖက်ဖြူးထားသောဆွမ်း) ၁ပြဲ၊သောက်တော်ရေချမ်း၁ခွက်ဆီမီးဖယောင်း (၁)တိုင်ပူဇော်ပြီးဂုဏ်တော်၉ပါပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။တနင်္ဂနွေနေ့ နံနက်၅နာရီမှာအိမ်ဘုရားတွင်အုန်းညွှန့် ၉ ညွှန်လှူ၍ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောကိစ္စများဆုတောင်းပါ။ကြာသပတေးနေ့ နံနက်၅နာရီမှာတော့သရက္သီး သနပ်ဆွမ်း(ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း) လှူပြီးဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ

မူရင်းရေးသားသူ ဆရာခန့်ကျော်စွာအား crdပေးပါသည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။