အလုပ်တွေမအားတဲ့ကြားကနေ သားလေးကိုအပြေးလေးသွားတွေ့ခဲ့တယ်ဆိုတဲ့ မယ်လိုဒီ

Celebrity Local News
အလုပ်တွေမအားတဲ့ကြားကနေ သားလေးကိုအပြေးလေးသွားတွေ့ခဲ့တယ်ဆိုတဲ့ မယ်လိုဒီ

အကယ်ဒမီ မယ်လိုဒီကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ရုပ်ရှင်ကားကြီးတွေမှာ ခေါင်းဆော င်မင်းသမီးတစ်ယောက်အနနဲ့ ရပ်တည်ခဲ့ပြီး ခုချိန်ထိ ပရိသတ်များရဲ့ အချစ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။မယ် လိုဒီက မကြာသေးခင်ကာလတုန်းက အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး သားလေးတစ်ယောက်နဲ့အတူ Single mother အဖြစ် ရပ်တည်ပြီး အေးချမ်းတဲ့ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။

မယ်လိုဒီက လတ်တစ်လောမှာ အနုပညာအလုပ်တွေကို ရပ်နားထားရတာလည်း ဖြစ်တာကြောင့် သူမကိုယ်တိုင် ဆော့ထားတဲ့ Tiktok လေးတွေ အမြဲတင်ပေးဖြစ်ပါတယ် .. တစ်ခါတစ်ရံမှာလည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို Instagram မှာတင်ပေးပါသေးတယ်။

ဒီကနေ့မှာတော့ မယ်လိုဒီကအလုပ်မအားတဲ့ ကြားထဲက သားလေးကို အပြေးသွားတွေ့ခဲ့ကြောင်းပြောပြလာတာပဲဖြစ်ပါတယ် မယ်လိုဒီက “မန္တလေးမှာ အလှူကိစ္စတွေပြီးပြီဆိုတော့ သားရှိတဲ့ နေပြည် တော်ကို သွားပြီး သားအတွက်အချိန်ပေးဖြစ်ပါတယ်ရှင့်။ မျိုးဘဝအတွက်တော့ သားလေးဟာ အရာရာပါပဲ။သားလေးကြောင့်ပဲ အခုလိုအလုပ်တွေပြန်လုပ်ပြီး အလှူတွေပြန်လုပ် လာနိုင်ခဲ့တာပါ။ ” ဆိုပီး သားအမိ ရဲ့ အလွမ်းပြေပုံရိပ်တွေကို ချပြလာတာပဲဖြစ်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။