စင်ကာပူနိုင်ငံက HOFS AWARDS 2024 ကချီးမြှင့်တဲ့ အကောင်းဆုံးမင်းသမီးဆုကို ရရှိသွားတဲ့ မင်းသမီးမေမြင့်မိုရ်

Celebrity Local News
စင်ကာပူနိုင်ငံက HOFS AWARDS 2024 ကချီးမြှင့်တဲ့ အကောင်းဆုံးမင်းသမီးဆုကို ရရှိသွားတဲ့ မင်းသမီးမေမြင့်မိုရ်

မင်းသမီးချောလေး မေမြင့်မိုရ် က MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အချစ်ကို အပြည့်အဝ ရရှိခဲ့ကာ နောက်ပိုင်းမှာတော့ ကြော်ငြာ·တွေအပြင် ရုပ်ရှင်ဇာတ်ကားကြီး တွေထဲမှာလည်း ပါဝင်သရုပ်ဆောင်လာနေရပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပြီး အကယ်ဒမီဆုရသရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။

မေမြင့်မိုရ် က တမူထူးခြားတဲ့ အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို မေမြင့်မိုရ် က ပရိသတ်အတွက် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖော်ပြပေးတာတွေ့ရပါတယ်။

အခုတစ်ခါမှာတော့ စင်ကာပူနိုင်ငံက HOFS AWARDS 2024 ကချီးမြှင့်တဲ့ `The Best Actress , SHINNING INTERNATIONAL ARTIST AWARD’ ကိုဆွတ်ခူး ရတဲ့အတွက် ပရိသတ်ကြီးကို ဝမ်းပန်းတသာ ဝေမျှလာတာပဲဖြစ်ပါတယ်။

မေမြင့်မိုရ်က”SINGAPORE နိုင်ငံ Hall Of Fame , HOFS AWARDS 2024 ကချီးမြှင့်တဲ့ `The Best Actress , SHINNING INTERNATIONAL ARTIST AWARD’ ကိုဆွတ်ခူးရရှိတဲ့အတွက် မေလေး တကယ်ကိုအတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ် မေလေးရဲ့ အနုပညာတိုင်းကိုအမြဲတမ်းအားပေးကြတဲ့ ချစ်ရတဲ့ပရိသတ်တစ်ဦးတစ်ယောက်ချင်းဆီ Maymily လေးတစ်ဦးချင်းဆီအားလုံးကို မေလေးကကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အများကြီး အများကြီးလဲဆက်ကြိုးစားသွားပါ့မယ်ရှင့်” ဆိုပြီး ပြောပြလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။