၁၂ ရက်ကြာ ပေါင်းသင်းခဲ့တဲ့ဇနီးက ယောကျာ်းတစ်ယောက် ဖြစ်နေလို့ အမှုဖွင့်ခဲ့တဲ့ အမျိုးသား

Funny International News
၁၂ ရက်ကြာ ပေါင်းသင်းခဲ့တဲ့ဇနီးက ယောကျာ်းတစ်ယောက် ဖြစ်နေလို့ အမှုဖွင့်ခဲ့တဲ့ အမျိုးသား

၁၂ ရက်ကြာ ပေါင်းသင်းခဲ့တဲ့ဇနီးက ယောကျာ်းတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရပြီးနောက် အင်ဒိုနီးရှားအမျိုးသားတစ်ဦးက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ အမှုဖွင့်ခဲ့သူကတော့ ၂၆ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသား အေကေ (နာမည်အတိုကောက်) ဖြစ်ပြီး တိုင်ကြားခံရသူကတော့ အီးအက်စ်အိတ်( နာမည်အတိုကောက်)လို့ အမည်ရပါတယ်။

သူတို့နှစ်ဦးဟာ အွန်လိုင်းကနေ တွေ့ခဲ့ကြတာဖြစ်ပြီး အပြင်မှာ ချိန်းတွေ့ခဲ့ကြတာပါ။ အီးအက်စ်အိတ်က သူ့ကိုယ်သူ အက်ဇာဟာဆိုတဲ့ အမည်နဲ့ မိတ်ဆက်ခဲ့ပြီး ချိန်းတွေ့တဲ့အခါတိုင်း ခေါင်းစည်းပုဝါ ခြုံထားခဲ့ပါတယ်။ အေကေက လက်ထပ်ခွင့်တောင်းတဲ့အခါ အီးအက်စ်အိတ်က လက်ခံခဲ့ပေမဲ့ သူ့မှာ အမေ မရှိတော့ဘူး၊ အဖေကလည်း ဘယ်ရောက်နေမှန်း မသိဘူး၊ သတင်းမကြားရတာ ကြာပြီ၊ အဲဒီအတွက် မင်္ဂလာပွဲကို အကျဉ်းချုံးပဲ လုပ်ချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

အီးအက်စ်အိတ်ရဲ့ တောင်းဆိုမှုကို သံသယမဖြစ်ခဲ့တဲ့ အေကေက အီးအက်စ်အိတ်ကို ရွှေ ၅ ဂရမ်နဲ့ တင်တောင်းခဲ့ပြီး သူ့အိမ်မှာပဲ ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဖိတ်ကာ မင်္ဂလာဆောင်ခဲ့ကြတာပါ။ မင်္ဂလာဆောင်ပြီးတဲ့နောက် အိမ်မှာ နေတဲ့အခါလည်း အီးအက်စ်အိတ်က သူ့ခင်ပွန်းရှေ့မှာ ခေါင်းစည်းပုဝါကို မချွတ်ခဲ့ပါဘူး။

အဲဒီအတွက် သံသယဝင်လာတဲ့ အေကေက သူ့မိသားစုကို ဒီအကြောင်း ဖွင့်ပြောတဲ့အခါ မိသားစုဝင်တွေက အီးအက်စ်အိတ် အကြောင်းကို စုံစမ်းရင်း သူ့အဖေကို တွေ့ခဲ့ကြတာပါ။

အီးအက်စ်အိတ်က ယောကျာ်းတစ်ယောက် ဖြစ်တယ်လို့ သူ့အဖေက ထုတ်ပြောလိုက်တဲ့နောက်မှာတော့ အေကေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာပါ။ အေကေထံကနေ ငွေကြေး လိမ်လည်ချင်လို့ အခုလို ဟန်ဆောင်ခဲ့တာလို့ အီးအက်စ်အိတ်က ဖြောင့်ချက်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ အီးအက်စ်အိတ်ကို ရာဇဝတ်မှုပုဒ်မ ၃၇၈ နဲ့ အမှုဖွင့်ထားပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။