တန်ပြန်ဂါထာနဲ့ အစီရင်မီးတိုင်

Astrology
တန်ပြန်ဂါထာနဲ့ အစီရင်မီးတိုင်

မိသားစုအတွင်း အတိုက်ခိုက်တွေများနေလျှင်လုပ်ငန်းအတွင်း ရန်တွေများနေလျှင်
စီးပွားရေးမှာ ပြိုင်ဘက်တွေရှိနေလျှင်အမှု့ခင်များ ရင်ဆိုင်တွေ့ကြုံနေရလျှင်
စုန်း/နတ်/ပယောဂ စသည် တိုက်ခိုက်ခံရလျှင်(ဆရာ/ဆရာမတွေထံငွေကုန်ကျခံ၍ အစီရင်မလုပ်လိုလျှင်)ယခု တန်ပြန်ဂါထာနဲ့အစီရင်မီးတိုင် အသုံးပြုပါ။

ဂါထာ

ဝေဒါသာကု-ကုသာဒါဝေ
ဒါယသာတ-တသာယတာ
သာသာဓိကု-ကုဓိသာသာ
ကုဒကုဘု-ဘုကုဒကု။
(အောက်ပုံထဲက ကုတကုဘု”အား
ကုဒကုဘု”ဟု ပြောင်းပေးပါ)

သိကြားမင်းနေထိုင်ရာ တာဝတိံသာနတ်ပြည် တံတိုင်းတွင် ရေးထိုးထားသော”ဂါထာ”ဟုသိရပါသည်။အမြဲမပြတ်ရွတ်ဆိုပါလျှင်အနှောက်ယှက် အန္တရာယ်ကင်းစေပြီးရန်သူ/ရန်ဘက်များ ပြေးစေ/ပျောက်စေသည်။အစီရင်မီးတိုင် စီရင်ပြုလုပ်ပြီးလည်း မီးထွန်းနိူင်ပါသည်။

အစီရင်မီးတိုင်

ဖယောင်းတိုင်၁တိုင်မှာ ဂါထာ၁ကြောင်းပုံပါအတိုင်း ရေးပါ။ဖယောင်းတိုင်၄တိုင်မှာ ဂါထာ၄ကြောင်းရေးပြီးလျှင်အထက်ပါဂါထာ(၃၇)ရွတ်ဆိုကာ သိဒ္ဓိတင်ပါ။
ထိုဖယောင်းတိုင်၄တိုင်ကို တပြိုင်ထဲ မီးထွန်းရမည်။မိမိအိမ် ဘုရားစဉ်မှာလည်း ပူဇော်နိူင်သည်။စျေးဆိုင်ရဲ့ ကောင်တာပေါ်မှာလည်း မီးထွန်းနိူင်သည်။

မည်သည့်နေ့မဆို ည(၉)နာရီတွင် ပြုလုပ်ပေးပါ။အဆင်ပြေကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။