ကီလိုမီတာ ၁၀၀ ကျော် ရှည်လျားတဲ့ လမ်းကို နာရီ ၁၀၀ အတွင်း ကတ္တရာခင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် အိန္ဒိယစံချိန်တင်ထား

International News
ကီလိုမီတာ ၁၀၀ ကျော် ရှည်လျားတဲ့ လမ်းကို နာရီ ၁၀၀ အတွင်း ကတ္တရာခင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် အိန္ဒိယစံချိန်တင်ထား

အိန္ဒိယနိုင်ငံဟာ ကီလိုမီတာ ၁၀၀ ကျော် ရှည်လျားတဲ့ လမ်းကို နာရီ ၁၀၀ အတွင်း ကတ္တရာခင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။

Ghaziabad-Aligarh လမ်းက စက်မှုအချက်အချာကျသောနေရာများ၊ စိုက်ပျိုးရေးနယ်မြေများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများတစ်လျှောက် ကုန်သွယ်မှုအတွက် အရေးပါသောချိတ်ဆက်မှုတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး Nitin Gadkari က ပြောကြားခဲ့ပါတယ်။ ကုန်စည်နှင့် ဝန်ဆောင်မှုများ ချောမွေ့စွာ ရွေ့လျားနိုင်စေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်တဲ့ အဝေးပြေးလမ်းမကြီးတစ်ခုဖြစ်ပါတယ်။

ဂါဇီယာဘတ် – အလီဂတ် အဝေးပြေးလမ်းရဲ့ NH-34 လမ်းပိုင်းဟာ ၁၁၈ ကီလိုမီတာ ရှည်လျားပြီး Cube Highways၊ L&T၊ Ghaziabad Aligarh Expressway Pvt Ltd (GAEPL) ကုမ္ပဏီတွေက နေ့ညမနားဘဲ နာရီ ၁၀၀ အတွင်း ကတ္တရာခင်းခဲ့ကြတာပါ။ ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်မှာ အခုလို စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။