၁၃၈၆ခုနှစ် တနင်္ဂနွေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၆ခုနှစ် တနင်္ဂနွေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခုနှစ်တွင် စီးပွားရေး ကုန်ပစ္စည်းများ ရင်းနှီးမြုပ်နှံထားနိုင်လျှင် အကျိုးအမြတ် ခံစားရကိန်း ရှိသည့်နှစ် ဖြစ်သည်။ ဖုန်းနှင့် ဆက်စပ်သော ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ရတနာပ္စည်းများ၊ အိမ်ခြံ၊ မြေ အကျိုးဆောင်ခြင်းများ ကောင်းမည်။ ရွှေစုဆောင်းခြင်းမှ အကျိုးအမြတ် များစွားရမည်။ စဉ်းစာတွေးခေါ်လွန်း၍ အလုပ်အကိုင်၊ ငွေကြေးကိစ္စများ လွဲချော်တတ်သည်။ လုပ်ငန်းသစ်အတွက် စတင်သူများအဖို့ နှောင့်နှေးကြန့်ကြာမှုများ၊ ရည်ရွယ်ချက် ပြောင်းလဲမှုများ ကြုံတွေ့ရတတ်သည်။ ကံကြမ္မာ အားနည်းမှုရှိခြင်းကြောင့် ဝီရိယအားဖြင့် လုပ်ငန်းခွင်ကို ဆောင်ရွက်ရမည်။ မိမိလွယ်ကူသည်ဟု ယူဆရသော ကိစ္စများတွင် အနှောင့်အယှက်ပေးခြင်းများ ခံရတတ်သည်။

လူမျိူးခွဲ၊ လူမျိုးခြားများနှင့် ဆက်ဆံရေးများ အကျိုးပေးခြင်း ခံရမည်။ မိမိလုပ်ငန်းခွင်တွင် တစ်ပါးသူက ဩဇာလွှမ်းမိုးခြင်း ခံရတတ်သည်။ လုပ်ငန်းခွင် စာမေးပွဲ ဖြေဆိုခြင်းများ ကြိုတင်ပြင်ဆင်မှုဖြင့် အောင်မြင်ခြင်းကို လှမ်းနိုင်မည် ဖြစ်သည်။ နှစ်ဖက် မိဘဆွေမျိုးများအတွက် စိတ်ပူရခြင်း၊ ကျန်းမာရေး ကုသမှုများ ဆောင်ရွက်ပေးရခြင်း၊ အတွင်းလူများအတွက် ပြဿနာများ ဖြေရှင်းပေးရတတ်သည်။ စာချုပ်စာတမ်းများနှင့် ကျောက်မျက်ရတနာ၊ ရွှေထည်၊ ငွေထည်ပစ္စည်းများ ကျပျောက်တတ်သည်။ မိသားစု ကိစ္စများအတွက်ကြောင့် ပညာရေး နှောင်နှေးတတ်သည်။ ပညာရေးတွင် ဝိရိယအကျိုး ခံစားရကိန်းရှိသည်။

လူစုလူဝေးနှင့် ပွဲလမ်းသဘင် အပျော်အပါးများ စိတ်ဝင်စားမှုကို ရှောင်သင့်သည်။ အချစ်ရေးတွင် ဘေးစကားများ နားယောင်မိလျှင် ပြဿနာများ ပေါ်ပေါက်လာတတ်သည်။ အိမ်ထောင်ရှင် သားသမီးများအတွက် သတင်းကောင်းများ ကြားရမည်။ ပျော်ရွှင်မှုများဖြင့် သာယာသော အိမ်ထောင်ရေး ဖြစ်ပေါ်လာမည်။ မျက်နှာများလျှင် အိမ်ထောင်သည် ဘဝများ ရှုပ်ထွေးမှုများ ကြုံရမည်။ ကျန်းမာရေးတွင် ကြွက်သား အားနည်းခြင်း၊ သည်းခြေ၊ လေးဖက်နာ၊ ထုံနာကျဉ်နာရောဂါ၊ ခေါင်းကိုက်ခဲခြင်းရောဂါ၊ သွားကိုက်ခြင်း၊ လေရောဂါများ ခံစားရကိန်း ရှိသည်။

အကျိုးပေး အက္ခရာ – က၊ ခ၊ ပ၊ ဝ။
အကျိုးပေး ဂဏန်း – ၂၊ ၄၊ ၇၊ ၉၊ ၀။

၁၃၈၆ခုနှစ် တနင်္ဂနွေ သားသမီးများအတွက် တစ်နှစ်တာ ယတြာ –

တနင်္ဂနွေနေ့တိုင်း မနက် ၉နာရီ ၄၅မိနစ် အချိန် အိမ်ဘုရားတွင် ငချိပ်ပေါင်း ၁ပန်းကန်၊ ခေါက်ဆွဲခြောက်ထုပ် တစ်ထုပ်နှင့် ကြာဇံခြောက်ထုပ် ၁ထုပ်တို့ကို ပန်းကန်တွင် ထည့်၍ ကပ်လှူပေးပါ။ (ခေါက်ဆွဲခြောက်ထုပ်၊ ကြာဇံခြောက်ထုပ် ဆိုသည်မှာ သီးသန့်လဲရ မရလျှင် yum yum ခေါက်ဆွဲထုပ်၊ ရှင်းရှင်း ကြာဇံထုပ်တို့ ရပါသည်။) ဘေးတွင် မြေနှင့် ပြုလုပ်ထားသော အနီရောင်ပန်းအိုးဖြင့် ဂန္ဓမာပန်း (၅)ပွင့်၊ ခရေညွှန့်၊ ဩဇာညွှန့်နှင့် ဒန်းညွှန့် (၃)ညွှန့်စီ ပန်းအိုးထဲတွင် ရေထည့်၍ ကပ်လှူပေးပါ။ အညွှန့်၊ ပန်းများ မလွယ်ခဲ့လျှင် ဆွမ်းတော်များကိုသာ ကပ်လှူပေးပါ။ လိုရာဆုတောင်းပါ။

✴တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စွန့်ပြီးလျှင် မရှိဆင်းရဲသားကို ထိုဆွမ်းတော်များနှင့်အတူ ငွေ သဒ္ဒါတရားရှိသလောက် မဂဏန်းဖြင့် လှူပေးလိုက်ပါ။✴

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

ဤ postသည် အများကို ခြုံပြီး ပြောရခြင်း ဖြစ်တဲ့အတွက် သဘောမကျလျှင် မယုံကြည်လျှင် ကျော်သွားလျှင်လဲ စိတ်မဆိုးပါ။ သဘောကျသူ၊ ယုံကြည်သူများ အများသူငှါ သိရအောင် shareပေးပါလို့ မေတ္တာရပ်ခံပါရစေရှင်။ ထမင်းရှင်၊ မိတ်ဆွေများ အားလုံး ကျေးဇူးတင်ပါတယ်ရှင်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။