ဗိုလ်တထောင်ဘုရားရှိ အမတော်မြနန်းနွယ် ရဲ့ပါးကိုနမ်းမိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသူ(ဖြစ်ရပ်မှန်).

Knowledge Local News

ဗိုလ်တထောင်ဘုရားရှိ အမတော်မြနန်းနွယ် ရဲ့ပါးကိုနမ်းမိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသူ(ဖြစ်ရပ်မှန်).

ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ် အဆောင်၊ ဘိုးဘိုးကြီးအဆောင် ၊ ဝိဇ္ဖာဓာတ်နန်း စသည့်နေရာအသီးသီးတွင် လုံခြုံရေး နှင့်အစစအရာရာ ကိစ္စများအတွက်

ဘုရားဂေါပကအဖွဲ့မှခန့်အပ်ထားသော ဝန်ထမ်းများမှ အလှည့်ကျ တာဝန်ယူရသည်။ တစ်ရက် စာရေးသူ မြနန်းနွယ် အဆောင် သို့ရောက်ရှိစဉ် ဝန်ထမ်းတစ်ဦးမှ

အမတော်အားပွဲဆက်သူတစ်ဦးအတွက် ကိုယ်စားဆုတောင်းပေးနေသည်ကို မြင်မိသည်။

အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အစီစဉ်တကျပြောဆို ပွဲအပ်ဆုတောင်းပေးကြပါသည်။

ထိုသူသည် သုံးလေးဦးဆက်တိုက် ပြောဆိုဆုတောင်းပေးပြီးနောက် ခတ္တခဏ စာရေးသူ အနီးရှိ ထိုင်ခုံတွင် ထိုင်၍ နားနေခိုက်တွင်

စာရေးသူသိလိုသမျှကိုသွားရောက်မေးမြန်းရင်း စကားလက်ဆုံကျကာ အမတော် မြနန်းနွယ် ရဲ့ ထူးခြားဆန်းပြားဖြစ်ရပ်များနဲ့ ဆုတောင်ပြည့်ပုံများကို မှတ်သားခဲ့ရသည်။

ထိုမှတ်သားခဲ့သည်များအထဲမှ အမတော် မြနန်းနွယ် ရဲ့ပါးကို နမ်းမိ၍ အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူတစ်ယောက်အကြောင်းကို စာဖတ်သူများ သိရှိစေရန် ရေးသားလိုက်ပါသည်။

ထိုသို့ အသက်ဆူံးရှုံးရန်သိသိလေးလိုသည် အထိဖြစ်ခဲ့ရသူမှာအခြားမဟုတ် ယခုထိုအကြောင်းကိုပြောပြသော ဝန်ထမ်းရဲ့ အဖေဖြစ်သည်။

သူ၏ အဖေမှာ ဘုရားတွင် ဝန်ထမ်းအဖြစ် လုပ်သက်၃၅နစ် အထိလုပ်သွားသူဖြစ်ပြီး အခုတိုင် အသက် ၉၃နှစ်ထိအသက်ရှင်လျက်ရှိသေးကြောင်း ရှေးဦးစွာပြောပြသည်။

နာမည်မှာ ဦးဘချစ်ဖြစ်သည်။ ယခုအဖြစ်အပျက်မှာ ဦးဘချစ် အလုပ်ဝင်စက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သူသည် ပျော်ပျော်နေတက် မျက်နှာပြောင်တက်သည်။ တစ်ရက်သူ၏စိတ်ထဲမှာ အမတော် ရဲ့ရုပ်ပုံသည် အရမ်းချစ်စရာကောင်းပြီး ချောမောလှပနေသည်ကို သာတွေးမိနေသည်။

ထိုနောက်ရုတ်တရက် အမတော် နားကိုသွားပြီး အမတော်၏ ပါးကို နမ်းလိုက်မိသည်။

ညဘက်ရောက်သောအခါနေရင်းထိုင်ရင်း အထက်လန်အောက်လျောဖြစ်ကာ ဆေးရုံသို့ ချက်ချင်းပို့လိုက်ရသည်။
ဆေးတွေ သွင်းပြီး လူလည်းမသေရူံတမယ်သာကျန်သည်။
ထိုနောက် အမတော် ကိုကန်တော့ပွဲပေးကာတောင်းပန်ရသည်။
နောင်တွင်လည်း အမတော် ကို ဤကဲ့သို့မလေးမစားမလုပ်ရဲတော့ချေ။
ဦးဘချစ် အတွက်တော့ဘဝတွင် မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ် အမှတ်ရနေမှာ မလွဲပေ။

နောင်လည်းအလျင်းသင့်သလို ဆက်လတ်ရေးသားပါဦးမည်။
စားရေးသူ.@pp

moenatmin.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းများကို အခြား Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် moenatmin.com ၏

တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ share ပေးခြင်းဖြင့်ကူညီပေးပါခင်ဗျ၊၊

Leave a Reply