ရန်ကုန်မြို့ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်အတွက် စီးပွားရေးအရ ခိုင်မာသည့် စက်မှုဇုန်များနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် တင်ဒါ စတင်ခေါ်ယူလျက်ရှိ

Local News

ရန်ကုန်မြို့ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်အတွက် စီးပွားရေးအရ ခိုင်မာသည့် စက်မှုဇုန်များနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် တင်ဒါ စတင်ခေါ်ယူလျက်ရှိ ကြောင်းသိရသည်။

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်ကို ပြည်ထောင်စုအစိုးရ နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ ၏ စီမံခန့်ခွဲမှု ဖြင့်လုပ်ဆောင်နေသည်။ တင်ဒါခေါ်ယူရေးအတွက် swiss Challenge တင်ဒါကော်မတီ ဖွဲ့စည်းထားရှိပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး တင်ဒါကော်မတီထံလျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာ များနှင့် အထောက်အကူပြူ အခြေခံ အဆောက်အအုံများ ပါဝင်သည်။

Swiss Challenge ခေါ်ယူနိုင်ရေး အကြံပေး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် Roland Berger C0.,Ltd ကို စက်တင်ဘာ ၄ရက်နေ့တွင် ရွေးချယ်ခဲ့သည်။

ရန်ကုန်မြို့ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်ကို ရန်ကုန်မြို့ အနောက်ဖတ်ကမ်းတွင် တည်ဆောက်သွာမည်ဖြစ်ပြီး ကနဦးတွင် စီပွားရေးအရ တွက်ချေကိုက်နိုင်သော စက်မှုဇုန်များနှင့် အခြေခံ အဆောက်အအုံများကို ဦးစွာ အကောင်အထည်ဖော်မည်ဖြစ်သည်။ ယင်းစက်မှုဇုန်များနှင့် အခြေခံ အဆောက်အအုံများတည်ဆောက်ရေးလုပ်ငန်းမှ ကိုဗစ်အလွန်တွင် အလုပ်အကိုင်များ ထောက်ပံ့ပေးနိုင်မည်ဟု အစိုးရက မျှော်လင့်ထားသည်။ ထို့အပြင် ထိုစီမံကိန်းကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျက်စိကျလာရန် မျှော်လင့်ထားသည်။

ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ GDP ၏ ၂၆% ကို ကိုယ်စားပြုထားပီး ရန်ကုန်မြို့တော်အား စက်မှုဇုန်များ အဖြစ်သို့ပြောင်းလဲပစ်နိုင်ရန် အစိုးရက စဉ်းစားလျက်ရှိသည်။ ထိုစက်မှုဇုန်များ၏ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများသည် ရန်ကုန်တိုင်းဒေသကြီးအား ပိုမို လူဦးရေထူထပ်သော အခြေအနေသို့ တွန်းပို့နေသော်လည်း ရန်ကုန်တိုင်းနေပြည်သူလူထူနှင့် အခြားပြည်နယ်နှင့် တိုင်းများ၏ စီးပွားရေးဖွံံဖြိုးတိုးတက်မှု ကိုအထောက်အကူပြုလိမ့်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

ကြည့်မြင်တိုင်၊ တွံတေး၊ ဆိပ်ကြီးခနောင်တို တို့တွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့တော်သစ် စီမံကိန်း၊ မွန်ပြည်နယ် ကုလားဂုတ်ကျွန်း ရေနတ်ဆိပ်ကမ်း နှင့် အထူးစီးပွားဇုန် စီမံကိန်းအတွက် Swiss challenge  တင်ဒါကော်မတီအား ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ထားသည်။ 

ရန်ကုန်မြို့ အနောက်ဘက် တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် တောင်ဘက် ဆိပ်ကြီးခနောင်တို မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သော လုပ်ငန်းများကို အပိုင်းလိုက် (Unbundled) ခွဲထုတ်၍ စီးပွားဖြစ်ရပ်တည် နိုင်စွမ်းရှိသည့် စက်မှုဇုန်နှင့် မြို့ပြအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများအားလည်းကောင်း၊ ထားဝယ်မြို့၏ မြောက်ဘက်၊ ကပ္ပလီပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိ၍ အိန္ဒိယ သမုဒ္ဒရာထွက်ပိုက်လည်း ရရှိနိုင်သည့် မွန်ပြည်နယ် ကုလားဂုတ်ကျွန်းကို ပင်လယ်ကူး သင်္ဘောများ ဝင်ထွက်ရန် ရေနက်ဆိပ်ကမ်းအဖြစ် အသုံးပြုပြီး အထူးစီးပွားရေးဇုန် (SEZ) အဖြစ်ဆောင်ရွက်နိုင်ရန် Feasibility Study ပြုလုပ်ခြင်း လုပ်ငန်းများအား လည်းကောင်း မိမိသဘော ဆန္ဒအလျောက် တင်သွင်းသည့် စီမံကိန်း အဆိုပြုလွှာ (Unsolicited Proposal) အပေါ် အခြေခံ၍ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်မှုရှိသော တင်ဒါခေါ်ယူရန်အတွက် Swiss Challenge တင်ဒါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်။

အဆိုပါ ကော်မတီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးက အဖွဲ့ဝင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

Leave a Reply