“ကိုယ့်ရင်သွေးနှင့်အမည်နာမ”

Astrology
“ကိုယ့်ရင်သွေးနှင့်အမည်နာမ”

❝ ကိုယ့်ရဲ့ ရင်သွေးလေးတွေကို မွန်မြတ်တဲ့ အမွေပေးချင်ရင် ရင်သွေးလေးတွေရဲ့ ကံကြမ္မာကို ပံ့ပိုး ပေးနိုင်တဲ့ အမည်ကောင်း တစ်လုံးကို အမွေပေးခဲ့ပါ ။
ခုပြောပြမယ့် ပညာရပ်လေးဟာ ၇ရက်သားသမီး အားလုံး အတွက် အသုံးပြုလို့ ရမယ့် မြန်မာ့ရိုးရာ ပညာရပ် တခု က အက္ခရာလေးတွေ ရဲ့ သဘာဝ ကို ထုတ်နှုတ် တင်ပြပေးတာ ဖြစ်ပါတယ် ❞

၁ ။ သရ များများ ပါတဲ့ နာမည်

ပင်ပန်းတယ် ၊ အလုပ်တွေ အများကြီး လုပ်ရတယ် ၊ အများက အထင်ကြီးတယ် ၊ မိသားစုကြားမှာ ပြသနာ လုပ်တတ်တယ် ၊ အရှုပ်အရှင်း တစ်ခုခုကြား ထဲမှာ အမြဲတမ်း ပါနေတတ်တယ် ။
ဥပမာ ~ မြိုင် လှိုင် မျိုး စတဲ့ အမည်များ

၂ ။ ဗျည်း များများ ပါတဲ့ နာမည်

အသိုင်းအဝိုင်း ကို အားကိုးပြီး နေလေ့ ရှိတယ် ၊ အပြောကြီးမယ် ၊ ကြွားဝါတတ်မယ် ၊ မနိုင်တဲ့ အလုပ်တွေ လုပ်နေပြီး အလုပ်ရှုပ်နေတတ်မယ် ၊ ယှဉ်ပြိုင်ရတာ ဝါသနာပါမယ် ။
ဥပမာ ~ အောင်ကျော်ဇေယျာ ၊ မိုးဟိန်းထွန်း ၊ အေးမြသီတာဆွေ စတဲ့ အမည်များ

၃ ။ အထက်သရတွေချည်း ပေးထားတဲ့ နာမည်

မိသားစုထဲမှာ အနိုင်ကျင့် ခံရတတ်တယ် ၊ အနှိမ်ခံ ရတတ်တယ် ၊ အမြဲတစေ ဖိနှိပ် ခံရတတ်တယ် ၊ ဘဝ ကို မကျေမနပ် ဖြစ်နေမယ် ။
ဥပမာ ~ မိမိ မီမီ သင်္ဂီ စတဲ့ အမည်များ

၄ ။ အောက် သရတွေချည်း ပေးထားတဲ့ နာမည်

သူများကို အားကိုး နေရတတ်တယ် ၊ အားငယ် လွယ်မယ် ၊ ချောက်တွန်း ခံရတတ်တယ် ၊ အောင်မြင်ချိန်တွင် ရန်ပေါ်လာတတ်တယ် ။
ဥပမာ ~ မူမူ မွှေးမွှေး ရွှေရွှေ စတဲ့ အမည်များ

၅ ။ လုံးဝ သရ မပါတဲ့ နာမည်

တစ်ဇောက်ကန်း ဖြစ်မယ် ဇွတ်လုပ်တတ်မယ် ၊ မိုက်မဲတယ် လူရည်လည်သလိုနဲ့ အတယ် ၊ အပြောအဆို ချိုသာပေမယ့် ပွင့်လင်းတယ် ၊ ခပ်ပေါ့ပေါ့ လုပ်တတ်တယ် ။
ဥပမာ ~ မောင်မောင်ခ ၊ ဦးစ စတဲ့ အမည်များ

၆ ။ တစ်လုံးတည်း ရှိတဲ့ အာမေဋိတ် နာမည်

မကြာခဏ ဘဝ အပြောင်းအလဲ များမယ် ၊
အခြေအနေ အမျိုးမျိုးကြားမှာ ရပ်တည် နေရတတ်တယ် ၊ ဟန်ဆောင် ကောင်းတယ် ။
ဥပမာ ~ ဝိုင်း ၊ လှိုင်း စတဲ့ အမည်များ

၇ ။ ပန်းကလေးတွေရဲ့ အမည် ပေးတဲ့ နာမည်များ

သူများ စော်ကား လွယ်တယ် ၊ ရန်ရှာခြင်း ခံရမယ် ၊ တက်ကြွရင်းက စိတ်ဓာတ် ကျလွယ်တယ် ။
ဥပမာ ~ စံပယ် ၊ ချယ်ရီ ၊ နှင်းဆီ စတဲ့ အမည်များ

၈ ။ ရေအောက် က ပစ္စည်း အမည် ပေးတဲ့ နာမည်များ

ဘဝမှာ သိပ်ထူးခြားတဲ့ အန္တရာယ် တစ်ခု ( သို့ ) ပူပင် သောက တစ်ခုခုကို ကြုံတွေ့ ရတတ်တယ် ၊ အတွေးအခေါ် အသစ်တွေ စဉ်းစားမယ် ၊ အပြောင်းအလဲ များမယ် ။
ဥပမာ ~ ပုလဲ ၊ သန္တာ ၊ အဏ္ဏဝါ စတဲ့ အမည်များ

၉ ။ လတွေရဲ့ အမည် ပေးတဲ့ နာမည်များ

ထင်ရာမြင်ရာ လုပ်တတ်မယ် ၊ မသိမသာ တော်လှန်မယ် ၊ သူများ မလုပ်တာတွေ အားလုံးကို လိုက်လုပ်မယ် ၊ စကားပြော ကြီးကျယ်တယ် ။
ဥပမာ ~ ဧပရယ် ၊ မေသင်္ကြန် ၊ ဦးဝါဆို စတဲ့ အမည်များ

၁၀ ။ ကောင်းကင်ပေါ်က အရာဝတ္ထု အမည် ပေးတဲ့ နာမည်များ

ဘဝမှာ တစ်ကြိမ်တစ်ခါ နာမည် ပျက်တတ်တယ် ၊ စွပ်စွဲခံရတတ်တယ် ၊ အရှက်တကွဲ ဖြစ်ရမယ် ၊ အန္တရာယ် ကြုံရလိမ့်မယ် ၊ ရန်သူ ပေါများမယ် ၊ အေးဆေး တည်ငြိမ်စွာ မနေရတတ်ပါ ၊ အပြောင်းအလဲ များမယ်
ဥပမာ ~ စန္ဒာ ၊ ဖိုးလမင်း ၊ မောင်နေမင်း ၊ အိန္ဒြာ ၊ မိုးကျော် ၊ ဂျူ ပီတာ ၊ စနေမ ၊ မောင်ရာဟု စတဲ့ အမည်များ

၁၁ ။ တန်ဖိုးဖြတ်ထားတဲ့ အမည် ပေးတဲ့ နာမည်များ

အတက်အကျ များမယ် ၊ လုပ်ငန်း တစ်ခုကို လုပ်ရင်း တစ်ဝက်တစ်ပျက်နဲ့ နောက်အလုပ်တစ်ခုကို ပြောင်းလဲ လုပ်ရမယ် ၊ မိသားစုဒုက္ခကို အမြဲ ဖြေရှင်း နေရမယ် ၊ ကိုယ်လုပ်ထားတဲ့ ပင်ပန်းခံမူတွေကို ကိုယ် မခံစားရပါ ။
ဥပမာ ~ မောင်ရာကျော် ၊ မောင်သောင်းတန် ၊ မောင်သိန်းတန် ၊ မဆယ် ၊ မောင်သန်းတင် စတဲ့ အမည်များ

၁၂ ။ တိရစ္ဆာန် အမည် ပေးတဲ့ နာမည်များ

လူချစ်လူခင် ပေါများမယ် စိတ်တိုမယ် ၊ ဒေါသ ကြီးမယ် ၊ သူများ အရှုပ်အထွေးတွေမှာ အမြဲ ပါဝင် နေတတ်တယ် ၊ အိမ်ထောင်ရေးမှာ အပူတစ်ခုခု ရောယှက် နေရမယ် ။
ဥပမာ ~ ကိုခွေး မခွေး မဝက်မ ကိုကျားကြီး ရွှေဇီးကွက် မောင်ကြွက်သိုး စတဲ့ အမည်များ

၁၃ ။ ဗျူ ပ္ပတ် ကို ဦးစားပေးတဲ့ နာမည်များ

လက်တွေ့မှာတော့ ဗျူ ပ္ပတ် ရဲ့ ဆန့်ကျင်ဘက်တွေ ကိုချည်း လုပ်တတ်တယ် ။
ဥပမာ ~ မောင်ယဉ်ကျေး လို့ မှည့်ထားပြီး လက်တွေ့မှာ အပြောရိုင်းတယ် ၊ ရှေ့နောက် မကြည့်ပဲ ပြောတတ်တယ် ၊ မောင်သတ္တိ လို့ မှည့်ထားပြီး လက်တွေ့မှာ ကြောက်တတ်တယ် ၊ စိုးရိမ် သောကကြီး တတ်တယ် ၊ မောင်သုခ လို့ မှည့်ထားပြီး လက်တွေ့မှာ ဒုက္ခ အမျိုးမျိုး ကို တွေ့ရပြီးမှ အောင်မြင်မူ ကို ရတတ်တယ် ၊ မောင်ပညာ လို့ မှည့်ထားပြီး လက်တွေ့မှာ ပညာသင်ရ ခက်ခဲ တတ်တယ် ၊ မောင်မိုက်ခဲ လို့ မှည့်ထားပြီး လက်တွေ့မှာ ရန်သူတွေရဲ့ ဖိနှိပ်မူကို ခံရတတ်တယ် စတဲ့ သဘောများ

၁၄ ။ မိဘအမည် ရောပြီး ပေးတဲ့ နာမည်များ

အရွယ် ရောက်လာရင် မိဘနဲ့ အတူ မနေရတတ်ပါ ၊ အရွယ် မရောက်သေးရင်လည်း မိဘစကား ကို တလေးတစား နားမထောင်တတ်ပါ ၊ ထင်ရာ လုပ်တတ်ပါမယ် ၊ မိဘက စိတ်ညစ်စရာ ကြုံတွေ့ပြီးကာမှ တည်ငြိမ်သွားပါမယ် ။
ဥပမာ ~ ဦးမြဖေ ရဲ့ သမီး ဇီဇဝါမြဖေ ၊ ဦးရဲမြင့် ရဲ့ သား ရဲကျော်စွာမြင့် ၊ ဦးမြမောင်+ဒေါ်သန်းသန်း ရဲ့ သား ကျော်မြသန်း စတဲ့ အမည်များ

သတိပြုရန်

အများသိပြီး အများခေါ်တဲ့ အမည် တစ်လုံးဟာ မကောင်းတဲ့ အတွက် အခြားအမည် ပြောင်းပေမယ့် မူလအမည်ရဲ့ သြဇာလောင်းရိပ် က မလွတ်နိုင်ပါ ၊ ဒါ့ကြောင့် ဒုတိယအမည် ပြောင်းခေါ်မယ့် အစား ပထမ အမည်နဲ့ပဲ ထိုးနေကျ လက်မှတ် ပြောင်းထိုး လိုက်ပါ ၊ အဲဒါ နည်းနည်းတော့ ထူးခြားပါလိမ့်မယ် ၊ ဒုတိယအမည် ပြောင်းရင် ပြောင်းတာပဲ ရှိပါမယ် ၊ ပထမအမည်တုန်းက မကျော်ကြားပဲ ဒုတိယအမည် နဲ့မှ ကျော်ကြားလာတဲ့ ကိစ္စတွေဟာ အလုံးစုံ တိုက်ဆိုင်မူတွေပါ ၊ မူလအမည်က ကိုယ့်အတွက် ပညတ် ပြီးသားမို့ အဲဒီ ပညတ်သာလျှင် ကိုယ့်ရဲ့ ကောင်းမွေ ဆိုးမွေ ခံပါလိမ့်မယ်

ကဲ ….. ဒါဆိုရင် အပြစ် လုံးဝ ကင်းစင်တဲ့ နာမည်မျိုးပေးရတာ လွယ်သလား ၊ ခက်သလား သိလောက်ရောပေါ့ ။ မသိမတတ်ပဲနဲ့ ပေးမိတဲ့နာမည်တွေဆို ပြောစရာပင် လိုမည်မထင်ပါ ။ တခြား ဆောင်ရန် ရှောင်ရန် အမည်ပေးပညာရပ်များ ကျန်ရှိပါသေးသည် ။ ( စကားချပ် ။ ။ သာ ထက် ဇော် ( မကွေး ) ဖြည့်စွက်သည် )

ကျမ်းကိုး ။ ။ ဝေဒင်္ဂမှ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။