ရပ်ကွက်ဖျက်မည့်သဘက်ကြီး(သရဲတစ္ဆေ ဇာတ်လမ်းကောင်းများ)

Knowledge

ရပ်ကွက်ဖျက်မည့်သဘက်ကြီး(ဖြစ်ရပ်မှန်)
ဒီအကြောင်းလေးရေးဖို့ ကျနော်အများကြီး
စဉ်းစားခဲ့ရတယ် တကယ်ကိုဖြစ်သွားတာဆိုပေမယ့် ကာ
ယကံရှင်တွေက သက်ရှိထင်ရှားရှိနေတုန်းလေးမို့ခွင့်
တောင်းဖို့ကလဲကျနော်ကအဝေးမှာဆိုတော့ တွေ့ဖို့မလွယ်
ဘူး ဒီတော့ လူအမည်ရယ်မြို့အမည်မထည့်ပဲရေးတာကို
စာဖတ်သူတို့နားလည်ပေးပါလို့ကြိုတောင်းပန်တာပါဗျ
စိတ်ကူယဉ်မဟုတ်တဲ့ဖြစ်ရပ်မှန်လေးပါ သံတူကြောင်းကွဲဆိုသလိုပဲအခုဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ ဆင်ဆင်တူနေတဲ့ ဇာတ်လမ်းတွေလည်းရှိကောင်းရှိနိုင်ပါလိမ့်မယ်ဗျ ဒါပေမယ့် ကျတော်တို့ ရပ်ကွက်လေးအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်လေး ဖြစ်နေတာကြောင့် ရေးဖို့ဆုံးဖြတ်ပြီးအခုလိုတင်ပြခဲ့တာပါဗျ

အချိန်ကား၉၀ပြည့်နှစ်လွန်ကာလများရဲ့
ပူပြင်းသောနေ့တနေ့တွင်ဖြစ်သည်။ဒေသကားမြေလတ်ဒေသရှိလမ်းဆုံမြို့လေး၏မထင်မရှားရပ်ကွက်တခုအတွင်းမှာဖြစ်ခဲ့ခြင်းဖြစ်သည်။ဇာတ်လမ်းလေးရဲ့အစကား ဤသို့တည်း။

”’ကိုချစ်ရေ”
”ပာအနီ ဘာလဲ”’

”ကျုပ်တို့အိမ်ထောင်ကျတာလဲကြာပြီးးးပြီးတော့အမေတို့
နဲ့ပဲနေရတာအားနာလာပြီးးးးအိမ်ခွဲနေကြရအောင်တော်”

”’အေးလေငါအစကတည်းပြောပါတယ်မင်းဘဲပိုက်ဆံစုဦး
မယ်ဆိုလို့လေးးဘာလဲခုကမြေနဲ့အိမ်အဆင့်သင့်ဆောက်ပြီး
သားရောင်းမှာတွေ့ထားလို့လား”’

”’အေးတော့ စျေးကလဲ
မဆိုးဘူး ဝင်းထရံတော့မကာရသေးဘူးးးတော်သိတယ်မို့
လား နိဗ္ဗာန်လမ်းမှာလေ´´

”’အမ်ဒါဆိုသင်္ချိုင်းကုန်းသွားတဲ့လမ်း
မှာပေါ့”

“ဟုတ်တယ်လေတော်ကလည်း ဘာဖြစ်လို့လဲးးအ
မေတို့နဲ့လဲတစ်လမ်းပဲခြားတာလေးးစျေးကလဲသက်သာ
တာကိုးး”

”’ဘာမှတော့မဖြစ်ပါဘူးမင်းကကိုယ် ဝန်ရှိကာစဆိုတော့
လန့်မှာစိုးလို့ပါ”

”အိုတော် ဘာဖြစ်ဖြစ်အချိုအချောင်ရတုန်းဆွဲထားမှ
တော်”

”’အေးပါဟာနင် စိတ်ချမ်းသာပြီးတာပါပဲ”

နောက်နေ့ရောက်တော့ လင်မယားနှစ်ယောက်
စလုံးမြေနေရာသွားကြည့်ဖြစ်ခဲ့ကြသည်။ခြံစည်းရိုးပျက်
နေရာတွင်လည်းကန္တာရဆူးပင်များအစီတန်းလိုက်ပေါက်
နေလေ၏။သုသာန်နှင့်လည်းကိုက်၁ထောင်ကျော်
လောက်ကွာဝေးလေသည်။သုသာန်ကတော့မြို့ရဲ့အ
ခြောက်အလှန့်ကြမ်းတဲ့နေရာတွေထဲနာမည်ကြီးနေရာ
တွေထဲကတခုပင်ဖြစ်သည်။ထိုသုသာန်သည်ကား မယုံကြည်သူများ စိန်ခေါ်စမ်းပါက အသက်ပင်သေသည်အထိကြမ်းတမ်းလှသဖြင့် ထိုသုသာန်အား သွားမစမ်းနဲ့ပွဲကြမ်းသွားမယ်ဟုပင်နာမည်ပေးထားကြသည်။အာက်လမ်းဆရာတွေအစီအရင်တွေလုပ်ရန် သုသာန်တကာ လှည့်ပြီးကျင့်သောအခါတွင်လည်းနာက်ဆုံးထားပြီးမှအစီအရင်အမြင့်ဆုံးကိုလုပ်ရန်
လာရတဲ့နေရာဖြစ်ပြီး များသောအားဖြင့်အောင်မြင်သည်မရှိ မ
ယှဉ်နိုင်လို့အသက်ဆုံးရှုံးသွားကြသူသာများသည်။သူဟာ
သူတော့မည်ကဲ့သို့အခြောက်အလှန့်မရှိသလောက်နည်း
ပါးသည်။ထားလိုက်ပါတော့ဇာတ်လမ်းဆက်ရအောင်။

လင်မယားနှစ်ယောက်အရောင်းအဝယ်
ပြီးလို့သုံးရက်လောက်ကြာတော့အိမ်ပြောင်းလာခဲ့ကြသည်။
အိမ်လေးကိုတော့ပြုပြင်တန်ပြုပြင်ပြီးသန့်ရှင်းရေးလုပ်ကာ
နေခဲ့ကြသည်။ခြံစည်းရိုးကိုတော့ဆူးပင်များအတန်းလိုက်
ပေါက်နေသဖြင့်အထူးတလည်မကာရံတော့။

နောက်ရက်တွင်ကိုချစ်ရဲ့အလုပ်ရှင်မှကိုချစ်ကို
အလုပ်ကိစ္စနဲ့လာခေါ်လေသည်။

”’ကိုချစ်ရေကိုချစ်”

”ဗျာ ဟာအာစရိပါလားဘာရှိလို့လဲ”

”အေးမင်းနဲ့ငါမိုင်းရှုးသွားရမှာ ကျောက်တွင်းကိစ္စလေ းး
မင်းမေ့နေပြီလား”

”’မမေ့ပါဘူးအာစရိရယ် မိန်းမကလဲကိုယ်ဝန်ငါးလကျော်
တော့အိမ်ပြောင်းတာကျနော်ကြည့်ပဲလုပ်နေရလို့ပါ”

”အေးပါဒါနဲ့မင်းအိမ်တက်ကောလုပ်ပြီးပြီလား”

မလုပ်ရသေးဘူးခုကမီးဖွားစရိတ်ရယ်အိမ်လေးဝယ်တာ
ရယ်ဆိုတော့ပိုက်ဆံကအပိုသိပ်မရှိဘူး ဒီတခေါက်မိုင်းရှုး
ပြန်မှလုပ်တော့မယ် အရင်အိမ်ရှင်တွေကလည်းလုပ်ထား
ပြီးနေမှာ နေရာအသစ်မှမဟုတ်တာ အရေးမကြီးလောက်ပါ
ဘူးး’

‘အေးဒါဆိုလည်းပြီးရောကွားးနောက်တစ်ပတ်သွား
မယ်လိုအပ်တာတွေပြင်ဆင်ထားလိုက်”

”’ဟုတ္အာစိ”

သူဌေးပြန်သွားပြီးနောက်မနီက

”’ကိုချစ် တော်ဒီတစ်ခေါက်လဲကြာမှာလား”’

”အေးလေမိန်းမရဲ့ထုံးစံအတိုင်း လေးငါးလပေါ့’

”ဒါဆိုတော်မီးဖွားချိန်ရောရှိမှာလား””

”မှီမှာပါသူဌေးကိုပြောပြီးပြန်ခဲ့မယ်စိတ်ချ”

တကယ်တမ်းလုပ်ရမည့်အလုပ်တွေကိုမလုပ်မိတာ
ဟာသူတို့ရဲ့ဘဝမှာမထင်မှတ်တာတွေဖြစ်လာစေမယ်ဆိုတာ
သူတို့နှစ်ယောက်မသိခဲ့ကြပေ။

အဘယ့်ကြောင့်ဆိုသော် အသုဘချသွားတိုင်းဖြတ်သွားတဲ့လမ်းဘေးမြေကွက်မှာနေပြီးခြံစည်းရိုးအားသတ်မှတ်စွာ
မကာရံခြင်းထို့အပြင်မြေသန့်နှင့်အိမ်တက်တရားနာမပြု
လုပ်ပဲနေထိုင်ခြင်းကသူတို့လင်မယားနှစ်ယောက်ရဲ့ဘဝ
မှာမဖြစ်နိုင်ဘူးလို့ယုံကြည်ထားသောအရာများဖြစ်ပျက်လာ
ဖို့အစပျိုးလာခြင်းပင်ဖြစ်သည်။

ကိုချစ်ခရီးသွားပြီးနောက်မနီကမောင်လေးနဲ့ညီ
မလေးကိုအဖော်ရအောင်ခေါ်အိပ်သည်။တလလောက်
ကြာသော်ရပ်ကွက်အတွင်းရှိလူတစ်ယောက်ဆုံး၍ အသုဘချလာသည်ကိုတွေ့လိုက်ရသည်။မနီလည်းအမှတ်မထင်အိမ်ထဲမှလှမ်း ၍ကြည့်မိလိုက်၏။သည်တွင်အခေါင်းပတ်ပတ်လည်တွင် ပုံစံမျိုးစုံနှင့်ခုန်ပေါက်မြူးတူးကာ ပျော်ရွှင်နေပုံရသည့် အလွန်မတန် ဆိုးရွားလှသော ရုပ်ဆင်းဏ္ဍာန်များပိုင်ဆိုင်ထားသည့်
မကောင်းဆိုးရွားတစ္ဆေ သရဲ များကို လျှပ်တပြတ် ငါးစက္ကန့်မျှ မြင်တွေ့လိုက်လေသည်။မနီလည်းအရမ်းထိတ်လန့်အံ့သြသွားပြီးမိုက်ခနဲဖြစ်သွားကာ ခနမျှမေ့သွားသလိုဖြစ်သွားသည်။ထိုအချိန်အတွင်းတွင်ပင်အခေါင်းဘေးနားတွင် သရေတမြားမြားနှင့် အလွန်မတန်အရုပ်ဆိုးအကျည်းတန်လွန်းသောသဘက်ကြီး
တစ်ကောင်သည်ခြံဝင်းထဲသို့ဝင်လာသည်ကိုအိမ်မက်လို
တကယ်လိုတွေ့လိုက်ရလေတော့သည်။
ထိုအချိန်တွင်မနီ၏ညီမဖြစ်သူရောက်လာပြီး

””အမရေအမးးဟာအမဘာဖြစ်နေတာလဲ”

”အေးဟယ်သွေးလေမကောင်းလို့လားမသိပါဘူး မဟုတ်
တာတွေမြင်ပြီးလန့်သွားတာပါ’

”အမေကနင်ကြောက်နေမှာစိုးလို့ငါ့လွှတ်လိုက်တားးတော်
သေးတာပေါ့”

မနီလဲပြီးပြီရောပြောပြီးပုံမှန်အတိုင်း
နေထိုင်လေသည်။သည်နောက်ပိုင်းအသုဘသုံးလေးခု
ကြုံခဲ့လေသည်။ဘာမှထူးထူးခြားခြားတော့ဆက်မဖြစ်ခဲ့
ပေ။သည်လိုနဲ့ရက်ကိုလစားကြွတ်ကြွတ်ဝါး၍မွေးဖွားမည့်
အချိန်နီးလာလေသည်။

ကိုချစ်လဲသူဌေးအားအကျိုးအကြောင်းပြော၍ပြန်
လာခဲ့သည်။မနီလဲယောက်ျားဖြစ်သူပြန်လာတော့ဝမ်းသာ
အားရနဲ့ပျော်ရွှင်နေလေသည်။

ဒီလိုနဲ့မွေးဖွားမည့်ရက်ရောက်လာလေတော့သည်။
”””’အား းးးးအမလေးကိုချစ် ရဲ့ နာလိုက်တာတော်းး
သေပါပြီတော့းးအမေရေကယ်ပါဦး ကိုချစ်တော့်ကြောင့်
တော်ကြောင့် ကျုပ်အခုနာနေတာ းးမကျေနပ်ဘူးးးသိလား”’

”’တိန် းးးးးးမိန်းမရယ်ခုတော့ပြောပြီပေါ့ ခနလေးအောင့်
ထားနော်ဝမ်းဆွဲဆရာမလာနေပြီနော်”

”’ဆရာမရယ်လုပ်ပါအုံးဗျားးးသူတော်တော်နာနေ့ပြီဗျ”

”’နင်တို့ကအစကမသိဘူးလားဟင်းးးပြောကိုမပြောချင်ဘူး”

ဆရာမပြုစုပေးနေသည့်ကြားကကလေးကတော်တော်
နှင့်မထွက် မအေခမျာမှာလဲညှစ်ရလွန်း၍မြော့မြော့သာ။
ဆရာမက

”ဒီလိုဆိုမဖြစ်ဘူးးးအထဲကိုလက်နဲ့နှိုက်ပြီးဆွဲ
ထုတ္မွရမယ္”

ကိုချစ်

”ရတယ်ဆရာမအဆင်ပြေသလို
လုပ္ပါ””’

ဟဲ့ဒါဆိုနင်အပြင်ထွက်လေဘာလို့အခန်းထဲ
လိုက်ဝင်လာတာလဲ”’

”ဟီးဟီးယောင်လို့”

ဆရာမလဲမိန်းမကိုယ်အတွင်းသို့လက်နှိုက်၍ကလေး
ခေါင်းအားစမ်းလိုက်ရာ

”’အားးးးးးးး”””

””ဘာဖြစ်တာလဲဆရာမ ဘာဖြစ်လို့လဲဟင်””

အပြင်မှကလေးမွေးတာလာစောင့်ပေးနေကြသည့်လူ
များ၏မေးမြန်းသံများနှင့်အတူဆရာမလဲသွေးများထွက်ကြ
နေသည့်လက်ချောင်းလေးကိုဆုပ်ကိုင်ရင်းအခန်းပြင်သို့
မြန်မြန်ထွက်လာလေသည်။

ထို့နောက်ကိုချစ်နှင့်နှစ်ဖက်အမေများကိုခေါ်၍သူ
အတွင်းသို့လက်နဲ့နှိုက်ပြီးကလေးစမ်းလိုက်ရာအတွင်းမှ
တစုံတခုကသူမလက်အားကိုက်လိုက်ကြောင်းပြောပြလေ
သည်။ဆရာမက

””ဒါသွေးရိုးသားရိုးမဟုတ်ဘူးးးတခုခုပဲ
ဒီတော့ကျန်တဲလူတွေအခန်းထဲလိုက်ဝင်ခဲ့းးဒါမှတစုံတခုဆို
အကူအညီရမွာ””

ကိုချစ်မျက်နှာမကောင်းပြီးတာ့လူတိုင်းရဲ့ရင်ထဲမှာတ
ထိတ်ထိတ်နဲ့ဘာမှန်းမသိတဲ့တစုံတခုကိုကြောက်ရွံ့နေမိကြ
သည်။ဆရာမက

””””ကဲလက်နဲ့ဆွဲထုတ်လို့တော့အဆင်မပြေဘူး းးးညှပ်နဲ့
ပဲဆွဲထုတ်ရမယ်”’

””ရတယ္ဆရာမလုပ္ပါ”

ထို့နောက်ငါးမိနစ်ခန့်မိခင်ရောဆရာမပါအပြင်းအထန်
ကြိုးစားမှုကြောင့်လူ့လောကကြီးသို့ကလေးတစ်ယောက်
ရောက်လာခဲ့သည်။မနီသည်ကား အပြင်းအထန်ကြိုးစားခဲ့ရဖြင်းကြောင့်လားမသိပေ မောပန်းလွန်းခြင်းကြောင့် လောကကြီးနှင့်ခဏမျှအဆက်အသွယ်ပြတ်ကာ မေ့မျောသွားလေသည်။ဝမ်းဆွဲဆရာမကား ကလေး၏ပုံပန်း
သဏ္ဌာန်အားကြည့်၍ဲ့ကြက်သေ သေသွားလေသည်။ကို
ချစ်လည်းဆရာမအမူအယာကြောင့်ဆရာမနောက်ဖက်မှ
ပုခုံးကိုကျော်၍ကြည့်လိုက်ရာစက္ကူကဲ့သို့ပြားချပ်နေသော
ဦးခေါင်းတိုပွ၍အဆမတန်လန်နေသောနှာခေါင်း နားရွက်
ချိတ်မတတ်ကျယ်ပြန့်သောပါးစပ်းးထို့ထက်ပိုထူခြားသည်
ကလက်တစ်ဆစ်သာသာခန့်ရှည်ထွက်နေသောသွားစွယ်
များနှင့်ချွန်ထက်သောသွားများပခုံးထိရှည်လျားစွာကျနေ
သောဆံပင်များမည်းနက်သောအသားအရေ နီရဲနေသော
မျက်စိများသွေးအလိမ်းလိမ်းလူးနေသောလက်ချောင်းတို့
ကိုလျှာဖြင့်တပျပ်ပျပ်မြည်အောင်လျက်နေသည်ကိုမြင်
လိုက်ရသောအခါ

””အမေလး”’

“ဘာဖြစ်တာလဲ””

“အမေကြည့်ကြည့်ပါဗျာ”

ကိုချစ်စကားကြောင့်လူအားလုံးထိုကလေးလေးအား ဝိုင်း၍ ကြည့်မိလိုက်ရာ

”အိုးးးအလိုလေး ဒါဒါလူမှမဟုတ်တာ’

”ရှုးတိုးတိုးကလေးအမေ သတိရလာရင်ကြားသွားအုံးမယ်”

”အမေဒါက ဘယ်လို ဖြစ်ရတာလဲဗျာ”

”’ငါ့သားဒါမင်းတို့အပြစ်တွေပဲ အသုဘချတဲ့လမ်းနံဘေး
မှာနေပြီးခြံစည်းရိုးမရှိ အိမ်သန့်အောင်ပရိတ်တရားနာတာ
တွေမလုပ်လို့မကောင်းဆိုးရွားကမင်းမိန်းမကိုယ်ဝန်မှာ
ပူးကပ်ပြီးစားဖို့ကြံတားးဒါမင်းရင်သွေးမဟုတ်တော့ဘူး
မင်းရင်သွေးကိုသူစားပြီးအစားဝင်နေတာပဲ’´´

”အမေတကယ်ပြောတာလား”

”’အေးငါငယ်ငယ်တုန်းကဒါမျိုးအဖြစ်အပျက်တခ့ါြကြုံခဲ့ဖူး
တယ် မသတ်ရက်လို့ထားလိုက်တာရွာမှာလူတွေဆက်
တိုက်သေလို့နားလည်တဲ့ဆရာတွေနဲ့ပြကြည့်မှသရဲဝင်ပူ
းပြီးအယောင်ဆောင်တာသိလို့မနည်းကိုပြန်မောင်းထုတ်ယူ
ရတယ္”

”ဟင် ဒါဆိုခုလည်း”

”ဟုတ်တယ်ငါ့သား မင်းဘာလုပ်မလဲအမေတော့မပြော
ခ်င္ဘူးကြယ္”

ကိုချစ်လည်း ခေတ္တမျှ ခေါင်းငိုက်စိုက်ကျကာ တွေဝေငေးငိုင်သွားလေသည်။ထို့နောက် တစုံတခုကိုဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်

”သိပြီအမေးးမနီနိုးလာရင်သာသူကလေးအသေလေး
မွေးတယ်လို့သာပြောပေးပါ’

ကိုချစ်လည်းပုဆိန်ယူပြီးကာလသားသုံးလေးယောက်
ခေါ်ကာသုသာန်ဘက်သို့ထွက်သွားလေသည်။လက်ထဲ
တွင်အဝတ်နဲ့ထုပ်ပြီးကိုင်လာသောကလေးမှာလည်းလေ
ထိတိုင်းတဖြည်းဖြည်းကြီးလာလိုက်တာနာရီဝက်လောက်
အချိန်အတွင်းမှာပင်ငါးလခြောက်လသားအရွယ်သို့ပြောင်း
လာလေသည်။

”ဟေ့ကောင်တွေမလွယ်ဘူးလုပ်ဟကျင်းမြန်မြန်တူး”

”အေးပြီးပြီဟ’

‘ငါ့သားကိုသတ်စားပြီးငါ့သားအယောင်ဆောင်
တဲ့သရဲသေပေတော့”

ဟုဆိုကာခေါင်းကို ဘေးနားရှိ ကျောက်တုံးပေါ်တွင်တင်ကာ ပုဆိန်ဖြင့် တချက်တည်းနဲ့ ခုတ်ဖြတ်လိုက်လေသည်။ခေါင်းပြတ်သွားကာ လိမ့်သွားသည့် ခေါင်းကြီးမှနီရဲသောမျက်လုံးကြီးဖြင့်ကိုချစ်အားကြည့်နေသည်က်ိုကျောချမ်းဖွယ်ရာမြင်တွေ့လိုက်ရလေသည်။

”’မြန်မြန်မြေမြှုပ်ရအောင်းးကြည့်ရင်းနဲ့ကြောက်လာပြီ”

ကိစ္စပြီးစီး၍အိမ်ပြန်ရောက်သော်မနီသည်သတိပြန်ရလာ၍သူ့သားအ
သေလေးမွေးသည်ဟုသိရသောကြောင့် တရှုံ့၂ငိုနေလေ
သည်။လူအများကတော့ဖုံးဖိကာအားပေးစကားပြောနေ
ကြသည်။ညပိုင်းရောက်တော့လဲလူအများကအဖော်ရအောင်
လာအိပ်ပေးကြသည်။ကိုချစ်လဲလူပင်ပန်းစိတ်ပင်ပန်းဖြစ်
ပြီးမှေးကနဲအိပ်ပျော်သွားခိုက်အိမ်မက်ထဲတွင်

”’အေးမင်းတို့ဦးသွားလို့ပေါ့ကွာမဟုတ်ရင်မင်းတို့တရပ်ကွက်
လုံးငါစားရေတာ့မွာ မေက်နပ္ဘူး”

ဟုပြောကာလှည့်ထွက်သွားသောသဘက်ကြီးအားမြင်လိုက်ရသောအခါ

””’အားးးးးးးးးးးးးးးး”’

ကိုချစ်အလန့်တကြားအော်ဟစ်ရင်းချွေးသံတရွှဲရွှဲနှင့်
လန့်နိုးလာလေသည်။သည့်နောက်တွင်ကားကိုချစ်တွေး
လိုက်မိသည်က မနက်ဖြန်ဘုန်းကြီးပင့်ပြီးအိမ်တက်တရား
နာလုပ်မယ် ပြီးတော့ခြံစည်းရိုးကိုပြန်ပြီးလုံခြုံအောင်ကာမှ
ခြံစောင့်နတ်ကလည်းစောင့်ရှောက်မှားးခုတော့ငါသတိမမှု
မိတဲ့အမှားကြောင့်ငါ့ရင်သွေးနဲ့အတူငါတို့ပါဒုက္ခရောက်
ရတော့မလို့ဟုတွေးပြီးနောင်တကြီးစွာရရင်

Leave a Reply