နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြိုကြံ့ခိုင်ရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားရေးလှုတ်ရှားသူများမှ သတင်းသမားများအား ရန်ရှာ

Local News

သတင်းသမားများကို ဖိတ်ကြားထားသည့်သတင်းစာရှင်းလင်းပွဲဖြစ်နေ၍ အမျိုးသားရေးလှုပ်ရှားသူများကမီဒီယာကို ရန်ပြုခြင်းသည် ကြံ့ခိုင်ရေးပါတီတွင်တာ၀န်ရှိကြောင်း သတင်းမီဒီယာကောင်စီအဖွဲ့၀င်ဦးမြင့်ကျော်ကပြောကြားလိုက်သည်။

ကြံ့ခိုင်ရေးပါတီ သတင်းစာရှင်းလင်းပွဲတွင် သတင်းသမားများကို အငြင်းပွား ရန်လုပ်ဖြစ်ပွားခဲ့မှုအား နို၀င်ဘာ၁၂ရက်ဆက်သွယ်မေးမြန်းရာတွင် သတင်းမီဒီယာကောင်စီမှဆရာဦးမြင့်ကျော်ကပြောကြားခဲ့သည်။

“သူတို့ပါတီနဲ့မူဝါဒချင်းထောက်ခံတဲ့သူတွေလာပြီးမီဒီယာကိုအင်အားပြတယ်ထင်တယ်။ဆိုလိုချင်တာက သူတို့ဘယ်လိုစီစဉ်ထားလဲမသိ‌ဘူး။ဒါပေမဲ့ သူတို့မှာတာ၀န်ရှိတယ်။သတင်းစာရှင်းလင်းတာသူတို့ပိုင်နယ်‌လည်းဖြစ်တယ်။သူတို့ရုံးလည်းဖြစ်တယ်။သူတို့ဖိတ်ထားတာလေသတင်းထောက်က။အဲဒီတော့ စော်ကားတာပဲဖြစ်ဖြစ်၊ရန်ပြုတာပဲဖြစ်ဖြစ်၊ကိုယ်ထိလက်ရောက် ကျူးလွန်တာပဲဖြစ်ဖြစ်သူတို့မှာအပြည့်အ၀တာ၀န်ရှိတယ်။ကိုယ့်ဧရိယာထဲမှာတာ၀န်ခံဖိတ်တဲ့သူကတာ၀န်ခံဖို့လည်းတာ၀န်ရှိတယ်။စီမံခန့်ခွဲဖို့လည်းတာ၀န်ရှိတယ်”ဟု၎င်းကပြောသည်။

နို၀င်ဘာ၁၁ရက် ရန်ကုန်မြို့ ကြံ့ခိုင်ရေးပါတီရုံးတွင် သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် အမျိုးသားရေးလှုပ်ရီားသူများကပါတီရုံးအတွင်းရောက်ရှိနေခဲ့ပြီး သတင်းသမားများကို တန်ပြန်မေးခွန်းထုတ်ခြင်း၊အော်ဟစ်ပြောဆိုခြင်း၊ရန်ပြုရန်အားထုတ်ခြင်းတို့ပြုလုပ်ခဲ့သည်။

သတင်းသမားတစ်ဦးကိုလည်း လူငါးဦးကပိတ်ဆို့ခဲ့ပြီး သတင်းသမားများက လာရောက်ပြန်လည်ခေါ််ဆောင်ခဲ့ရဟု သတင်းသမားတစ်ဦးကလည်း၎င်းအဖြစ်အပျက်ကိုလူမှုကွန်ရက်တွင်ရေးသားပြောပြထားသည်။

Leave a Reply