ငါမပြောခဲ့ဘူးလား ဖျာသည်မပါဆိုနေ – (ဟာသ)

Funny

ငါမပြောခဲ့ဘူးလား ဖျာသည်မပါဆိုနေ – (ဟာသ)

တစ်ခါက အမျိုးသမီးတစ်ယောက်သည် ကြက်တူရွေးဝယ်ရန် စတိုးဆိုင်တစ်ဆိုင်သို့ သွားလေသည်။

အမျိုးသမီး ။ ။ ဒီကြက်တူရွေးက ဘာထူးခြားလဲ
အရောင်းစာရေး ။ ။ ဟုတ်ကဲ့ ဒီကြက်တူရွေးက စကားပြောတတ်တယ်

ထိုအခါ အမျိုးသမီးက ကြက်တူရွေးအား ‘ငါဘာနဲ့တူလဲ’ဟု မေးလေသည်

ကြက်တူရွေး ။ ။ နင်ကဖျာသည်မနဲ့တူတယ်

အမျိုးသမီးလည်း စိတ်ဆိုးသွားပြီး စာရေးအား ‘ရှင့်ကြက်တူရွေးက အရမ်းရိုင်းတယ် ကျွန်မ မဝယ်တော့ဘူး’ ဟုပြောလေသည်။

စာရေးက အမျိုးသမီးအား စိတ်မဆိုးရန်တောင်းပန်ပြီး နှစ်မိနစ်ခန့်စောင့်ရန် ပြောသည်။

စာရေးက ကြက်တူရွေးကို နောက်ဖက်ရှိအခန်းထဲသို့ယူသွားကာ ရေပုံးထဲသို့နှစ်ရင်း ရိုင်းစိုင်းစွာမပြောရန် ထပ်ပြောလျှင်ထပ်နှစ်မည်ဟု ခြိမ်းခြောက်သည်။ ထို့နောက် ကြက်တူရွေးကို အမျိုးသမီးထံပြန်ယူလာပြီး ထပ်မေးရန်ပြောသည်။

အမျိုးသမီး ။ ။ ငါနဲ့ ယောက်ကျားတစ်ယောက်အတူတွေ့ရင် ဘယ်လိုပြောမလဲ
ကြက်တူရွေး ။ ။ အစ်မနဲ့ အစ်မခင်ပွန်း

အမျိုးသမီး ။ ။ ယောက်ျားနှစ်ယောက်နဲ့ဆိုရင်
ကြက်တူရွေး ။ ။ အစ်မရယ် အစ်မခင်ပွန်းရယ် အစ်မရဲ့မတ် ယောက်ျားရဲ့ညီ) ရယ်

အမျိုးသမီး ။ ။ သုံးယောက်ဆိုရင်
ကြက်တူရွေး ။ ။ အစ်မရယ် အစ်မခင်ပွန်းရယ် အစ်မရဲ့မတ်နဲ့ အစ်မရဲ့မောင်

အမျိုးသမီး ။ ။ လေးယောက်ဆိုရင်ကော

ထိုအခါ ကြက်တူရွေးက စာရေးအား “ရေပုံးသာယူခဲ့လိုက်တော့ဟေ့ ငါမပြောခဲ့ဘူးလား ဒီမိန်းမက ဖျာသည်မပါဆိုနေ” ဟုပြောလိုက်လေသည်။

ချစ်ထွန်းဝေ
(အချစ်၊ ဟာသ စာရေးဆရာ)
(ကော်ပီကူးရင် ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ ခရက်ဒစ်ပေးပါ)
အိုင်ဒီယာ မှီငြမ်း – love factory blog

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply