တောင်ငူမြို့တည် (၅၁၀) နှစ်ပြည့်အခမ်းအနား Virtual Celebration ဖြင့်ကျင်းပမည်

Local News

တောင်ငူမြို့တည် (၅၁၀) နှစ်ပြည့်အခမ်းအနား Virtual Celebration ဖြင့်ကျင်းပမည်

နိုဝင်ဘာလ ၂၉ရက်​နေ့ (တန်​ဆောင်မုန်းလပြည့်​နေ့)မှာ ​နေ့​ရောညပါ ကြည့်ရှု့ခံစားကြရမည့် တစ်ခုတည်း​သော ပွဲအခမ်းအနားနှင့် တင်ဆက်​ဖျော်​ဖြေ
မှုပွဲ​တော်ကြီးက​တော့ (၈၉) ကြိမ်မြောက် ​တောင်ငူမြို့နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့် ကေတုမတီ (တောင်ငူ) မြို့တည် နန်းတည် (၅၁၀) နှစ်ပြည့် အထိမ်းအမှတ်ပွဲ​တော်
ကြီးပင်ဖြစ်သည်။

အဆိုပါပွဲ​တော်ကြီးမှာ ဖွင့်ပွဲအခမ်းအနား Virtual Celebration (LIVE) တင်ဆက်မှုများကို နံနက် ၈နာရီက​နေ ​နေ့လယ် ၁၂နာရီ​ကျော်အထိကျင်းပပြုလုပ်တင်ဆက်​မှာဖြစ်ပြီး ​ပွဲ​တော်အောင်ပွဲ​အဖြစ်
​ဖျော်​ဖြေတင်ဆက်မှု Virtual Show (LIVE)
တင်ဆက်မှုများ ကို ည၇နာရီမှ နိုဝင်ဘာလ ၃၀ရက်​နေ့၂နာရီ​ကျော်အထိ တင်ဆက်သွားမည်ဖြစ်၍
မလွတ်တမ်းခံစားသင့်​သောပွဲ​တော်ကြီးဖြစ်သည်။

မနက်ပိုင်း ပွဲ​တော်ကြီးမှာ ‘နှလုံးသားရဲ့သူရဲ​ကောင်း’ အမည်ရ ​ကေတုမတီ​တောင်ငူသမိုင်းရာဇဝင်ဇာတ်လမ်းကို ဖွင့်ပွဲအခမ်းအနား Virtual Celebration ၌ကြည့်ရှု့ကြရမှာဖြစ်သလို
ညပိုင်း ပွဲ​တော်အောင်ပွဲ​အဖြစ်​ဖျော်​ဖြေ တင်ဆက်မှု Virtual Show (LIVE) မှာ နာမည်​ကျော်ဂီတအနုပညာရှင်များအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ကလုန်း၊ လင်းနစ်၊ အောင်ထက်၊ အုပ်စိုးခန့်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ စိုးပြည့်သဇင်၊ ပိုပို၊ ပန်းရောင်ခြယ် စတဲ့ နာမည်ကြီး အနုပညာရှင်များစွာ ပါ၀င်ဖျော်ဖြေ တင်ဆက်သွားမည့် အပြင်မြို့ရွှေမန်းသား ဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင် အဖွဲ့ကြီးရဲ့ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို တန်ဆောင်မုန်းလပြည့်နေ့ည ၊နို၀င်ဘာလ (၂၉) ရက်နေ့၊ ည (၇) နာရီ အချိန်မှစတင်၍ Channel K ရုပ်သံလိုင်း ၊ Channel K Website၊ Channel K Application ၊Channel K Facebook Page နှင့် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲနှင့် ကေတုမတီ မြို့တည်နန်းတည် အထိမ်းအမှတ်ပွဲတော် Facebook Page တို့မှတိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်တဲ့အတွက် ပရိသတ်များ စောင့်‌မျှော်ကြည့်ရှု အားပေးနိုင်ပါရန် ကြိုတင်သတင်းကောင်း ပါးအပ်ပါသည်။
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐊 ရုပ်သံလိုင်းကို 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐊 Application နှင့် 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐊 Website တို့တွင် တိုက်ရိုက် Live Stream ကြည့်ရှုနိုင်ပါသည်။

Leave a Reply