အလှဆုံးကမ်းခြေဖြစ်တဲ့ ဘာလီမှာ သိန်းပေါင်းထောင်ချီ အကုန်အကျ ခံပြီ ဒုတိယအကြိမ် မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ အလှမယ် မိုးစက်ဝိုင်

Celebrity Local News
အလှဆုံးကမ်းခြေဖြစ်တဲ့ ဘာလီမှာ သိန်းပေါင်းထောင်ချီ အကုန်အကျ ခံပြီ ဒုတိယအကြိမ် မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ အလှမယ် မိုးစက်ဝိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အလှဆုံးကမ်းခြေဖြစ်တဲ့ ဘာလီမှာ သိန်းပေါင်းထောင်ချီ အကုန်အကျ ခံပြီ ဒုတိယအကြိမ် မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ အလှမယ် မိုးစက်ဝိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အလှဆုံးကမ်းခြေဖြစ်တဲ့ ဘာလီမှာ သိန်းပေါင်းထောင်ချီ အကုန်အကျ ခံပြီ ဒုတိယအကြိမ် မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ အလှမယ် မိုးစက်ဝိုင်

မိုးစက်ဝိုင်ကိုတော့ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ဦးအနေနဲ့သာမက မြန်မာ့ ကိုယ်စားပြုအလှမယ်တစ်ဦးအနေနဲ့သိကြံမှာပါ။ ဒါ့အပြင် မိုးစက်ဝိုင်ကတော့ Moezy အလှကုန်လုပ်ငန်းကို တည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ် ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဘက်စုံထူးချွန်သလို ပရဟိတစိတ်ဓာတ်ရှိ တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။မိုးစက်ဝိုင်ဟာ ပရိသတ်တွေအရှေ့က ပျောက်နေတာအတော်ကြာပြီဖြစ်ပြီး သူမရဲ့ အချစ်ရေးသတင်းတွေကိုလဲ မကြားရ တာကြာပြီဖြစ်ပါတယ်။

မိုးစက်ဝိုင်ဟာ ပရိသတ်တွေကိုအသိမပေးပဲနဲ့ သာမန်လူတွေအတွက် မင်္ဂလာဆောင်ဖို့ခက်ခဲတဲ့ အရမ်းလှပြီး ငွေကုန်ကြေးကျများတဲ့ ဘာလီကမ်းခြေမှာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပါတယ်။ မိုးစက်ဝိုင်ရဲ့ ခင်ပွန်းဟာ ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးတစ်ဦးဖြစ်တယ်လို့ သိထားရပြီး နာမည်အတိအကျတော့ အခုချိန်ထိ မီဒီယာတွေ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးတာဖြစ်ပါတယ်။

မိုးစက်ဝိုင်တစ် ယောက် သူမရဲ့ ဘဝလက်တွဲဖော်နဲ့အတူ ကမ္ဘာပေါ်ကအလှဆုံးကမ်းခြေတစ်ခုဖြစ် တဲ့ ဘာလီမှာ သိန်းပေါင်းများစွာအကုန်အကျခံပြီးမင်္ဂလာဆောင်ခဲ့တဲ့ ပုံလေးတွေ ပရိသတ်တွေအတွက်မျှဝေပေးလိုက်ရပါတယ်။ မိုး စက်ဝိုင်ကတော့ ခမ်းခမ်းနားနား မင်္ဂလာဆောင်သွားတော့ သူမရဲ့ အမာခံပရိသတ် တွေလဲ သူမအစားဝမ်းသာကြည်နူးကြမယ်လို့ထင်ပါတယ်နော်။ မိုးစက်ဝိုင်တစ် ယောက် ခင်ပွန်းနဲ့အတူ ဆံဖြူသွားကျိုးတဲ့အချိန်ထိ ရွှေလက်တွဲနိုင်ပြီးအိမ်ထောင်ရေး ခရီးလမ်းသာယာဖြောင့်ဖြူးပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။