ကောင်းကင်စံစားနတ်နဂါးများအကြောင်း

Knowledge

ကောင်းကင်စံစားနတ်နဂါးများအကြောင်း
နတ်ပြည် ၆ထပ် ဖြစ်သည့် ပရနိမ္မိတဝသဝတ္တိ၊နိမ္မာနရတိ၊
တုသိတာ၊ယာမာ၊တာဝတိံသာ၊ စတုမဟာရာဇ် ဟူ၍
ရှိကြပါတယ်။
တာ၀တိံသာနတ္နဂါး များသည် လူ့ဌာနတွင်
ရှိသော သိုက်များကိုလည်း အုပ်ချုပ်ကွပ်ကဲရပါတယ်။
တကိုယ်လုံးတွင် ရွှေရောင်အဆင်း ကဲ့သို့လှပတယ်။
တိမ်ညွှန့်ကိုသာ စား၍ ဘုန်းတန်ခိုးအာဏာကြီးမားသူ
များဖြစ်ကြပါတယ်။
တာဝတိံသာတွင်ရှိသော စူဠာမဏိစေတီတော်ကြီးဧ။်
ဌာပနာတော်အား စောင့်ရှောက်ကြရသူများလည်း
ဖြစ်ကြတယ်။


နတ်နဂါးအကြီးကဲဖြစ်သော ဝိရူပက္ခ နတ်နဂါးမင်း၏
အမိန့်ကို အထူးဆောင်ရွက်ကြရသည်။
၀ိဇ္ဇာဓိုရ်မယ်တော်များ၏ အမိန့်နာခံမှုဖြင့်လည်း
တာဝန်များ ထမ်းရွက်ကြရသည်။
ကိုယ်ပိုင်ရွှေနန်းဆောင်များတွင် နေထိုင်ကြပီး
မိသားစုလိုက်အခြွေအရံ အနိမ့်ဆုံး တကျိပ် ဖြင့် စံစားနေကြပါတယ်။
နတ်မင်းကြီး ၄ပါးနှင့် ဝိဇ္ဇာကြီးများနဲ့တိုက်ရိုက်
စကားပြောခွင့်၊ ဝင်ထွက်သွားလာခွင့်ရသောသူများ
ဖြစ်ကြပါတယ်။
ဒေါသမာန် အလွန်ကြီးပီး စိတ်ရှိသလို ပျက်စီးစေနိုင်
သော တန်ခိုးကမ္မစိတ္တိ များ ရှိပီး
နတ်ပြည် ၆ထပ်လုံး သွားလာခွင့် ရရှိထားကြသော
နတ်နဂါးများ ဖြစ်ကြပါတယ်။
နတ်နဂါး ၃မျိုး ရှိပါတယ်။
၁။ ကောင်းကင်တွင် စံစားသောနဂါး
၂။ဘောဂဝတီတွင် စံစားသောနတ်နဂါးများ
၃။တောင်များ၊ရေတံခွန်များကိုအပိုင်စား၍ နေရသောနတ်နဂါး ဟူ၍ ရှိကြသည်။

ကောင်းကင်စံစားနဂါးသိုက်ဆက်
များသည်
လူ့ဘဝ သို့ရောက်သည့်အခါ မိမိတို့ကျန်ရစ်သည့်
ရုပ်ကြွင်းများအား အာရုံဖြင့်သော်၎င်း၊
အိပ်မက်ဖြင့်သော်၎င်း ပြန်လည် သိရှိတွေ့မြင်
တတ်ရပါတယ်။
ရွှေရောင်အဆင်းနဂါး၊ငွေရောင်အဆင်းနဂါး၊
အနီရောင်အဆင်းနဂါး၊အဖြူရောင်အဆင်းနဂါး
စသော နဂါး ရောင်စုံများအား အိပ်မက်ဖြင့်
ပေးတတ်ကြပါတယ်။
လူ့ဘဝတွင်လည်းမပင်ပန်းဘဲ လူ့စည်းစိမ်အပြည့်ဖြင့်
ရွှေမရှား၊ငွေမရှား နေရသော သိုက်ဆက်များ ဖြစ်ကြ
ပါတယ်။ သာသနာ့တာဝန်ဖြင့် လာရောက်သော
သူများ ဖြစ်ပါက လူ့ဘဝ ဌာနေတွင် မေ့လျော့နေသည်
များ ရှိပါက နောက်မှနေ၍ သတိပေးတတ်ကြသော်လည်း
စည်းစိမ်ဥစ္စာ ကုန်ခမ်းအောင်မပြုဘဲ ထားတတ်ကြ
ပါသေးတယ်။
နတ်နဂါးဘဝမှ ကမ္မစိတ္တိ များသည် လူ့ဘဝတွင်လည်း
ထပ်၍ ပါလာတတ်သောသူများလည်း ဖြစ်တာကြောင့်
မလျော်ကန်သော နေရာများတွင် မနောတိုက်၍
ခိုင်းစေမိပါက သိမ်းဆည်းခံရတတ်ပါတယ်။
ဘောဂဝတီစံစားနတ်နဂါးဆက်
များနှင့်
တောင်နေစံစားနတ်နဂါးဆက်
များသည်
လူ့ဘဝ တွင် ရောက်ရှိသည့်အခါ လူ့အဆင့်တန်း
မြင့်မားစွာ နေထိုင်ရသော်လည်း ပင်ပန်းမှသာ
အကျိုးခံစားခွင့် ရသူများဖြစ်ကြပါတယ်။
သာသနာ့တာဝန်ဖြင့် လာရောက်သူများသည်
လူ့ဘဝတွင် မေ့လျော့နေပါက
အိပ်မက်ဖြင့် သမုဒ္ဒရာသော်၎င်း၊
တောတောင်ပြ၍သော်၎င်း ၊
နောက်မှ သတိပေးတတ်သလို
လိုက်နာကျင့်ဆောင်ခြင်း မပြုပါက
စည်းစိမ်ဖြုတ်၍ ဒဏ်ပေးခြင်းလည်း ခံရသူများ
ဖြစ်ကြပါတယ်။


ထိုသူတို့ ၃ မျိုးလုံးသည် လူ့ဘဝတွင်ရောက်ရှိတဲ့အခါ
အလွန်ခေါင်းမာ၍ ရတနာမြတ်၃ပါးမှလွဲ၍ ကိုးကွယ်စရာမရှိ
ဟုဆိုကာ မည်သူ့ကိုမျှအရိုအသေမရှိသော
သူများလည်းဖြစ်ကြပါတယ်။
စည်းစိမ်ပြုတ်ရင်တောင် အကြွေးရှိ၍ဆပ်ရပါတယ်
ဆိုသောစကားအတိုင်း တရားသဖြင့် နေတတ်ကြသူ
များလည်း ဖြစ်ကြပါတယ်။
ဤသူများသည်လည်း
နတ်နဂါးဘဝမှ ကမ္မစိတ္တိ များသည် လူ့ဘဝတွင်လည်း
ထပ်၍ ပါလာတတ်သောသူများလည်း ဖြစ်တာကြောင့်
မလျော်ကန်သော နေရာများတွင် မနောတိုက်၍
ခိုင်းစေမိပါက သိမ်းဆည်းခံရတတ်ပါတယ်။


ကောင်းကင်နဂါးဆက်
များသည် လူ့ဘဝသို့
ရောက်ရှိပါက
၁။ တရားထိုင်ခြင်းပြုလုပ်တဲ့အခါ အစွန်းရောက်တဲ့
နည်းနဲ့ ထိုင်လို့မရပါ။
၂။မဇ္ဈိမပဋိပဒါ နည်းနဲ့သာ ကျင့်ကြံအားထုတ်ရပါတယ်။
၃။ဒီဘဝတင် အပီးဖြတ်မယ် ဆိုပီး ကျင့်ကြံတာနဲ့
ကျန်းမာရေးချူခြာလာပါမယ်။ ရောဂါရှာမတွေ့ဘဲ
ဆေးကုသတတ်ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ မိမိတို့သည် မည်သည့်ဘဝမှ
လာသည်ဖြစ်စေ၊ လူ့ဘောင်လောကအတွင်း
တရားမျှတသော အတွေးအမြင် ဖြင့်သာ ပြုမူနေထိုင်
ကျင့်ကြံသင့်ပါတယ်။
လူ့ဘဝ ရောက်ရှိစဉ် အချိန်အတွင်း ဒါန၊သီလ၊ဘာဝနာ
တို့အား အကျိုးရှိရှိ အသုံးချ၍ မိမိတို့အတွက်
အထုတ်ပြင်သင့်ပါတယ် လို့အကြံပြုရင်း
နိဂုံးချုပ်ပါတယ်။
၃၁ဘုံကျင်ကုန်သော ဝေနေယျသတ္တဝါအပေါင်း
စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒများ ပြည့်စုံနိုင်ကြ
ပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

မူရင်းရေးသားသူ-အနောက်မဇ္ဈိမ သာသနာပြုဓါတ်နန်း
သာသနာ့ဝံသ ဓမ္မသိဒ္ဓိအဂ္ဂသီရိ မဟာဒေဝီပန်ထွာသုန္ဒရီ
မမူ@Zoyaner.Mu Lay
ဤပို့စ်မှ စာသားများအား copy ယူခြင်း၊
စာသားပြုပြင်ခြင်း များပြုလုပ်လိုပါက
စာရေးသူ၏ အမည်အား Crd ပေး၍သာ ယူခြင်း
ခွင့်ပြုပါတယ်။

Leave a Reply