အောင်မဲညိုပွင့် ရဲ့ ဆေးဖက်ဝင် အာနိသင်

Health Knowledge
အောင်မဲညိုပွင့် ရဲ့ ဆေးဖက်ဝင် အာနိသင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အောင်မဲညိုပွင့် ရဲ့ ဆေးဖက်ဝင် အာနိသင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အောင်မဲညိုပွင့် ရဲ့ ဆေးဖက်ဝင် အာနိသင်

မျက်စိအားကောင်းတယ်

Proanthocyanidin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်လို့ မျက်စိကို သွေးလည်ပတ်မှု ကောင်းစေပြီး အမြင်အာရုံ ပိုကောင်းစေပါတယ်။ မျက်စိ ကြည့်မကောင်းတာ၊ မှုန်တာ၊ မျက်စိ ညောင်းတာ၊ မြင်လွှာ ထိခိုက်တာတို့ အတွက်လည်း ကုသနိုင်စွမ်းရှိပါတယ်။

ဆံပင်သန်စေတယ်

အောင်မဲညိုပန်းမှာ bioflavonoids ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပြီး ဆံပင် သန်စေနိုင်ပါတယ်။ ဆံပင်ပါး၊ ဆံပင်ကျွတ်တဲ့သူတွေ အောင်မဲညို ရေနွေးကြမ်း သောက်ကြည့်နော်။

အသားလှစေတယ်

အောင်မဲညိုပန်းမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက collagen နဲ့ elastin ဟော်မုန်း ချက်လုပ်မှုကို နှိုးဆွပေးပါတယ်။ ဒါ့ကြောင့် အသားအရေ နုပျိုစေပြီး အရေးအကြောင်း ဖြစ်ခြင်းလို ရင့်ရော်မှု ပြဿနာတွေကို လျော့ပါးစေပါတယ်။

ရာသီသွေးမှန်စေတယ်

အောင်မဲညိုပန်းရဲ့ ဆေးဖက်ဝင် အာနိသင်တွေထဲမှာအမျိုးသမီးတွေ ရာသီသွေး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဓမ္မတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတဲ့ အမျိုးသမီးတွေအတွက် ကုသမှု ရလဒ် ကောင်းစေနိုင်ပါတယ်။

ဦးနှောက်ကို အကျိုးပြုတယ်

အောင်မဲညို ပန်းက ဦးနှောက် ဉာဏ်ရည် လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်တဲ့ အပြင် မှတ်ဉာဏ်ကိုလည်းကောင်းစေပါတယ်။

ဆီးရွှင်စေတယ်

ဆီးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာ ရှိသူတွေအတွက် ဆီးရွှင်ဆေး တစ်မျိုးပါပဲ။ သွေးတိုးကိုလည်း ကျစေတဲ့ အာနိသင် ရှိပါတယ်။

အကိုက်အခဲသက်သာစေတယ်

အောင်မဲညိုပန်းက နာကျင်ကိုက်ခဲမှုတွေ နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

ရင်ချောင်စေတယ်

တချို့ နိုင်ငံတွေမှာ အအေးမိ၊ ချောင်းဆိုး၊ ပန်းနာရင်ကျပ်တို့အတွက် ကုသရာမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။ သူ့ရဲ့ အာနိသင်က ချွဲပျော်စေပြီး လည်ချောင်း ယားတာတွေ သက်သာစေတယ်။

စိတ်သောကတွေ သက်သာစေတယ်

ပင်ပန်းကျပ်တည်းနေတဲ့စိတ်၊ ပူပန်မှုတွေ ဖိစီးနေတဲ့စိတ်၊ ကျဆင်းနေတဲ့စိတ် တို့ကို အောင်မဲညိုပန်းက ကုသပေးနိုင်ပါတယ်။ ပန်းမှာ ပါဝင်တဲ့ flavonoids ဓာတ်တွေကြောင့် စိတ်ကျရောဂါ ရှိနေသူတွေကို ကုသရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။

ပုံမှန်ဆို အောင်မဲညိုပန်းကို ရေနွေးထဲ ခတ်ထည့်၊ သံပရာသီး နည်းနည်း ညှစ်ထည့်ရတာ ဖြစ်ပေမယ့် အစာအိမ်ရောဂါ သို့မဟုတ် အစာအိမ်အနာရှိရင်တော့ သံပရာသီး မထည့်ဘဲ သောက်ပါ။

ဘာတွေ သတိထားရမလဲ

အောင်မဲညိုပန်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါ အခံ တစ်ခုခု ရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေး ပုံမှန် သောက်နေရတဲ့ သူတွေဆိုရင်တော့ ဆရာဝန် နဲ့ သေချာလေး တိုင်ပင်ပြီးမှ သောက်ပေးပါ။

ဆေးဖက်ဝင်ပေမယ့် အရာရာက တန်ဆေး လွန်ဘေး ဖြစ်တာကြောင့် အလွန်အကျွံ မသောက်သုံးဖို့လည်း လိုပါမယ်။

ရေးသားသူ –hellosayarwon

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။